ညီမလေးရေ.. (၂ရက်ပဲကြီးပေမယ့် အနိုင်နဲ့ပိုင်းထားမှ)
အမေတွေဟာ လောကမှာ ဘုရားရှင်ကိုယ်စားစောင့်ရှောက်တယ်ကွဲ့။
အနောရေးထားတဲ့ စာတွေဖတ်ပြီး နောလဲ လက်ခံမယ်ထင်ပါတယ်။
ညီမလေးရေ..
လောကကြီးက ဖှောတတ်ရင်ဖှောတတ်သလို အမှတ်ရတယ်ကွဲ့။
ကျောင်းတုန်းက စာမရလို့ ဘာမှမဖြေတဲ့ နောရဲ့ empty tutorial paper တွေကို သတိရလို့ပါ။
ညီမလေးရေ..
အစားအသောက်ဆိုတာ တကယ်တော့ ပျော်ရွှင်စရာတွေကို ယူဆောင်လာတာပါ။
နောက အစားစားရင် ဆရာဦးထွန်းအောင်ကျော်ရဲ့ remember Ethiopia ဆိုတာကို လက်ကိုင်ထားပြီး အပြောင်ရှင်းတတ်လို့ပါ။
ညီမလေးရေ..
မန်ကျည်းသီးနှုတ်ခမ်းနီကို ဆိုးပါ။
အားအားရှိ နှုတ်ခမ်းသပ်နေတတ်တဲ့ နင့်အကျင့်ကြီးကို တခါလောက် မှတ်လောက်သားလောက် ဖြစ်သွားစေချင်တာပါ။
ညီမလေးရေ..
ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ပါစေ။
ဆန်ကုန်မြေလေးပြီး လောကအကျိုးသယ်ပိုးတဲ့ငါပါတကားလို့ ရဲရဲကြွေးကြော်လိုက်စမ်းပါ။
ညီမလေးရေ..
အချိန်ဖြုန်းတဲ့ထဲမှာ Game ဆော့တာလဲပါတယ်။
ဒါကြောင့် ဟိုနေ့နဲ့ညမှားနေတဲ့ baka နဲ့ အပြိုင် Game မရူးပါနဲ့။
ညီမလေးရေ..
တည်ငြိမ်ရင့်ကျက်တတ်ပါစေ။
သူများကိုအရူးလုပ်ပြီး ကိုယ်ကိုတိုင်အရူးပြန်ဖြစ်ဖြစ်သွားတဲ့ နင့်ကိုငါရီချင်လာလို့ပါ။
ညီမလေးရေ..
လုံခြုံအောင် သိမ်းထုတ်နေထိုင်တတ်ပါစေ။
ပုရွက်ဆိတ်လို နင်စုထားတဲ့ မုန့်တွေကို နှံကောင်လို လာလာတွယ်တတ်တဲ့ မထက်နဲ့ စိတ်ပေါင်းကိုယ်ခွါနေပါ..(ဟိဟိ)
ညီမလေးရေ..
လူတွေကို ပုံအပ်ပြီးမယုံလိုက်ပါနဲ့။
နောကို ချစ်ချစ်တုံးတုံးလေး ယောင်းမလေးရေ လို့ခေါ်ပြီး နင့်မောင်လေးကို ချိန်နေတဲ့ လူတွေလဲ ရှိတယ်ဆိုတာ မမေ့နဲ့ ဟဲဟဲ။
ညီမလေးရေ..
ဂီတကို နင့်မြတ်နိုးတတ်တာ ငါဂုဏ်ယူပါတယ်ဟ။
ကျွဲပါးစောင်းတီး ဆိုတဲ့ စကားပုံကို နင့်အတွက် ၀က်ကလေးတယောတီးလို့ ပြန်ပြင်ပေးချင်လို့ပါ။
နောက်ဆုံးမှာချင်တာကတော့ ညီမလေးရေ..
စိတ်ပျက်စရာ ပုံရိပ်အချို့ကို အမှတ်တရသိမ်းထားပါ။
ငါထွင်တဲ့
computer major coat နီနီရဲရဲကို ၀တ်ထားတဲ့ နင်တို့လေးတွေရဲ့ပုံကို
ငါ့မျက်စိထဲက မထွက်သေးလို့ပါ
(တကယ်တော့ အဲ့ဒီထဲကနေ သရဲမကြောက်တတ်တော့တာ ခုထိပဲ) ဟားဟား
>>>>>>>
Re: အမှားပြင်ဆင်ချက် (by Naw) ^.0
မယ်အိဗျာ.. ရှက်စရာကြီး.. တချို့ဟာတွေကို ဆင်ဆာဖြတ်မယ်... information မှန်မှ သတင်း အမှန်လို့ဆိုနိုင်တယ်။ ok နော် ချစ်မမကြီး… ဟိ..
၁။ စာမရလို့မဖြေတာမဟုတ်ပါ၊ ကူးရေးရမဲ့အလုပ်ကို ပျင်းလွန်လွန်းလို့ပါ။ tutorial ဆိုတာကြီးကို နော ခံစာလို့ကိုမရဘူး (ဘုရားသခင်... ဒီစာကို နောဆရာ/မတွေ မဖတ်မိပါစေနဲ့ :D )။ ဖှောတတ်လွန်းလို့မှ တကယ့်စာမေးပွဲဖြေရင် အသားကုန်ဖှော သီချင်းစာသားတွေတောင်ထည့်ရေးလို့ Hons. ဝင်တာမသိဘူးလား။အသားကုန်ရစ်၊ ခေါင်းမဖော်တမ်းဖှောချင်သလိုဖှောရေးနေလို့ အခန်းစောင့် ဆရာ/မတွေတောင် ဖြေတာရပ်ခိုင်းရတာ မေအိမသိဘူးထင်တယ်... ဟဲဟဲ
(မှတ်ချက်။ စာရတယ်လို့မဆိုလိုဘူးနော်။ နောလည်း ဖှောတတ်ပါတယ်ဆိုတာ မေအိတို့ကို အားကျမခံပြောပြတာ)
၂။ သူများကိုအရူးမလုပ်ဖူးပါဘူးဗျ။ တော်ကြာ သူများတွေတမျိုးထင်တော့မှာပဲ။ နောလည်း မခံရဖူးပါဘူး။ ဟီး..
၃။ အခု တယောထိုးတာနားထားတယ်။ ဒီမှာ keyboard ၁ လုံးနဲ့ ချစ်ဦးလေးအလိုအတိုင်း keyboard, piano ပဲတီးတော့တယ်.. ^.0
၎။ တီမေနဲ့ပတ်သက်တာလေး ထပ်ထည့်ရေးပေးရင် ကျေးဇူးတင်လိုက်မဲ့ဖြစ်ခြင်း.. :P ကိုယ်တိုင်မရေးတတ်လို့ပါဗျ။ တီမေနဲ့ပတ်သက်ရင် nestle coffee ထုပ်အခွံတို့ ၊ jelly တို့တောင် အိမ်က ဗီရိုထဲမှာ သေချာသိမ်းထားတုန်း၊ တခြားအမှတ်တရပစ္စည်းတွေနဲ့အပြိုင်နော်... ဘယ်သူမှလာထိခွင့်မရှိဘူး။ ဟဲဟဲ..
ပြန်မပြောနဲ့နော်။ မထက်ကိုကျွေးတာတွေက နော ??? တွေအတွက်အရမ်းရည်ရွယ်ထားတာမဟုတ်သေးလို့ ကျွေးတာ။ ??? အတွက်အသေအချာသိမ်းထားတဲ့မုန့်တွေဖြစ်လို့ကတော့ လာမထိနဲ့၊ အသက်နဲ့လဲလိုက်မှာ... :D မထက်တော့သနားပါတယ်။ ဓါးစာခံဖြစ်သွားပြီ..သူတယောက်တည်းမဟုတ်ဘူးဗျ...သူလိုလူတွေ နောမှာများလို့ ကြောက်နေရတာ.. မေအိမသိလို့။ နောမုန့်တွေကို ချိန်နေတဲ့သူတွေလေ... ဟားဟား
ဒီလောက်ပါပဲခင်ဗျာ ... :P