A memorable New Year Count-down with baba s, kaka & dada s!
(1st time in my life) celebrating outside the church~


Oh, I wanna tell something about God's another blessing to me. Now, I am having a life which I have longed for. I am staying with my director in the same building of where my office is. (She and I have the same circumstance that we are away from our dear ones, we come from different countries to serve the Lord here.) I know this is just for temporary according to the current situation but I value these times while I can and every single moment with her means a lot to me because I can treat her like a mother (though I don't let her know obviously. I don't wanna mix the work and our relationship, & ultimately I don't want others think I might take advantage on our closeness. I am so particular on this matter). Serving her, caring for her,... brings the real joy to me. And vise versa, caring back to me, guiding me spiritually, letting me behave like her daughter at our personnel time count, too.










THE END!
အီးဟီးဟီး… နောမြန်မာပြည်မှာပဲနေချင်တော့တယ်ဗျ။
It’s been exactly 2 months from the day which I won't forget for the rest of my life.
Sighhhh~
ဘာသာမတူဘူး ဆိုတာနဲ့ မညီတဲ့ ထမ်းပိုး ထမ်းတယ်လို့ ဆိုနိုင်လား ?? အဲလိုထမ်းခြင်းဟာ သာယာတဲ့ ခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့ မလွယ်ဘူး ဆိုတာကရော ?? Ah Wa နဲ့ Ah Nu ကို ကြည့်ပြီး နော စဉ်းစားမိတယ်။ “အပြန်အလှန် နားလည်မှု”… … ဟုတ်တယ်။ နောလည်း Ah Wa နဲ့တူတဲ့ ယောက်ျားမျိုးနဲ့ဆို ဘာသာ၊လူမျိုးမတူလည်း မမှုတော့ဘူး။ ဟဲဟဲ…
အဘ နဲ့ အဖွား၊ Ah Nu တို့ အလှူအတန်းတွေလုပ်ရင် Ah Wa လိုက်ဦးစီးလုပ်ပေးတယ်။ Ah Wa က ခရီးထွက်နေရတာများတော့ ဘုရားကျောင်း၊သာရေးနာရေး နဲ့ အိမ်ထောင်ဝတ်ပြုစည်းဝေးတွေဆိုရင် Ah Nu ကဒိုင်ခံလုပ်ပေးတယ်။ အဘ နဲ့ အဖွား ရှိတုန်းက သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဘုန်းကြီးကျောင်းတွေသွားရင် နောတို့ကို လိုက်သွားခိုင်းတယ်။ နောတို့ကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားတယ်။ နော နှစ်ခြင်းခံတုန်းက Ah Wa ခရီးသွားနေတယ်။ နောဘဝရဲ့အရေးကြီးတဲ့နေ့ရက်တွေမှာ Ah Wa နောနဲ့အတူရှိနေခဲ့တာ နည်းတယ်။ ဒါပေမဲ့ နော စိတ်အားငယ်ခြင်း မရှိခဲ့ဘူး။ Ah Wa ကလဲပြောတယ်… နောကို ယုံကြည်စိတ်ချတယ်တဲ့။ ကျောင်းမှာဆို ဆရာကန်တော့ပွဲ၊ ကထိန်တွေမှာ ဦးဆောင် ပါဝင်ပေးခဲ့တယ်။ စိတ်ထဲမှာရှင်းတယ်။ Ah Wa က ဘာသာရေးအယူမသီးပဲ လူမှုရေးအနေနဲ့ မှတ်ယူပြီး လွတ်လွတ်လပ်လပ်လုပ်စေခဲ့လို့ပေါ့။
Ah Wa ဆီကရတဲ့ ဥာဏ်ပညာကြောင့် နော ဒီနေ့ ဒီလိုအခြေအနေရောက်တာ။ စည်းစနစ်တကျ စီစဉ် တွက်ချက်တတ်မှု၊ ဘာပဲလုပ်လုပ် စာရင်းဇယားနဲ့ တိတိကျကျလုပ်ချင်တာတွေက Ah Wa ရဲ့အကျင့်တွေလေ။ နောလဲ အဲလို အသားကျနေပြီ။ ဒါပေမဲ့ Ah Wa လုပ်ပြသွားတာတွေရဲ့ခြေဖျားတောင် မမှီဘူး။ နောတို့ စားဖို့အတွက်ဆို (၁)နှစ်စာလိုက် ဝယ်ထားပေးတယ်။ Ah Wa က သူများပစ္စည်း ချေးငှါးသုံးတာမကြိုက်ဘူး။ ရယ်တော့ ရယ်ရတယ်ဗျ။ ရုံးဝန်းထဲမှာဆို လူကြီးမိန်းမတွေကပဲ Ah Nu ဆီလာပြီး ဟိုချေး၊ဒီချေး လုပ်တယ်။ Ah Wa နဲ့ အဆင့်တူတွေထက် များစွာသာလွန်တဲ့ living standard နဲ့ နေခွင့်ပေးတယ်။ Ah Wa ကပြောတယ်… သူတော်လို့ မဟုတ်ဘူး၊ ကျေးဇူးတော် သက်သက်ကြောင့်တဲ့၊ ဘုရားကိုချစ်တဲ့ သားသမီးသာဖြစ်အောင်နေတဲ့။ တခြား ချမ်းသာတဲ့ သူငယ်ချင်းတွေတောင် ကျူရှင်လခပေးတာနောက်ကျတဲ့ အခါတွေရှိတယ်။ ဒါပေမဲ့ နောတို့ မောင်နှမ(၃)ယောက်လုံး ကျောင်း၊ ကျူရှင် လခကို လဆန်း(၂)ရက်၊(၃)ရက် အတွင်းပေးနိုင်အောင် Ah Wa လုပ်ခဲ့တယ်။ အခု နော တစ်ယောက်တည်း နေတဲ့အချိန် အဓိက အသုံးအဆောင်၊ စားသောက်စရာကုန်ကြမ်းတွေကိုဆို Ah Wa အတိုင်း မကုန်ခင်ကတည်းက ကြိုဝယ်လှောင်မိတယ်။ “ပြတ်လတ်သွားတယ်” ဆိုတာမဖြစ်ရအောင် Ah Wa လုပ်ပြခဲ့လို့ပေါ့။ တခြားမလိုအပ်တာတွေကို ဝယ်ပြီး အလဟသ ဖြစ်သွားရင် နောအရမ်းခံစားရတယ်။ နော အခုထိ အဝတ်အစားမဝယ်တတ်သေးဘူး။ Ah Wa လိုက်ဝယ်ပေးနေကျ ဘောင်းဘီတွေပဲ ဝတ်ချင်တယ်။
နော ဘာလို့ country songs, English classic တွေပဲ ကြိုက်ပြီး အရင်ခေတ်သီချင်းတွေ တော်တော်များများရတာ ဘာကြောင့်လဲ သိလား။ ငယ်ငယ်ကတည်းက
Ah Wa က tennis ကစားတော့ နောလည်း ဝါသနာပါတာပေါ့။ ဒါပေမဲ့
နောက နောကို အမိန့်လာပေးရင် ဆန့်ကျင်ဘက်လုပ်တတ်တယ်။ Ah Wa နဲ့ရောပေါ့ (ဒါတောင် ကြောက်ရလို့ တော်သေးတယ်၊ Ah Wa ကို မကြောက်ရရင် နော ဘယ်လောက်တောင် ဆိုးသွမ်းနေမလဲမသိဘူး)။ Ah Wa နဲ့ နော စကား ၃၊၄ ခွန်းထက်ပိုပြောလို့ မရဘူး။ ပြသာနာ အမြဲဖြစ်တယ်။ Ah Nu ကြားကနေ အမြဲဖြန်ဖြေပေးရတယ်။ အငယ်၂ယောက်နဲ့တောင်သိပ်ပြသာနာမဖြစ်ဘူး။ နောက နောမှန်တယ်ထင်ရင် ဘယ်တော့မှ အလျှော့မပေးဘူး။ နောအသား အနာခံရရင် အရမ်းစိတ်တိုတယ်။ Ah Wa က ဆုံးမရင် တုတ်ပါတယ်။ မှတ်မိသလောက်ကတော့ ပြသာနာဖြစ်ရင် နောနဲ့ ဒေါင်ခေါင် ချကြလို့ပဲ။ အဲလိုဖြစ်တိုင်း ဘာမှ ဖြေရှင်းခွင့်မပေးပဲ အားလုံးကိုရိုက်တယ်။ နောပိုတင်းတာပေါ့။ နောလိုချင်တာက နောကိုချော့မော့ပြောဆိုမေးမြန်းပြီး.. နူးညံ့တဲ့ အဖေ။ အရိုက်ခံရပြီးတိုင်း နော Ah Wa ကို လုံးဝ စကားမပြောဘူး။ ဒါပေမဲ့ … … Ah Wa ကိုချစ်တယ်။
စက်ပစ္စည်း၊ ဆေး ဘာပဲဝယ်ဝယ် နောကို အမြဲ အညွှန်းဖတ်ခိုင်းတယ်။ အဲလို အချိန်တိုင်း နော စိတ်ကသိကအောက်ဖြစ်ခဲ့တယ်။ နော မသိတဲ့ စာလုံးတွေပါတဲ့ အချိန်ဆို.. ဒါလေးတောင် မသိဘူးလား လို့ ပြောတယ်။ နော အရမ်းတင်းပြန်ပြီ။ ချက်ချင်း dictionary မှာရှာပြီး ရအောင် ပြောခဲ့တယ်။ Ah Nu ကပြောတယ်.. နော Ah Wa က စကားပြောမတတ်လို့ပါတဲ့၊ သူ့သမီးကြီးကို သူအားအကိုးဆုံးတဲ့။ နော သိတယ်။ Ah Wa အပြောအဆိုတွေကိုသာ မကျေနပ်တာ။ ဒါပေမဲ့… … Ah Wa ကိုအရမ်းချစ်တယ်။
ငယ်ငယ်ကတည်းက အခုအရွယ်အထိ
Ah Wa ရှိနေရင် သူငယ်ချင်းတွေကို အိမ်မခေါ်လည်ချင်ဘူး။ Ah Wa က အရမ်းအမေးအမြန်းထူလို့။ အမှန်ဖြစ်သင့်တာက Ah Nu ကသာမိခင်ဆိုတော့ မေးချင်းမေး Ah Nu ကပဲ မေးရမှာပေါ့။ Ah Wa နဲ့ သူငယ်ချင်းတွေ မေးဖြေ၊ အတိုင်အဖောက်ညီနေကြပေမဲ့ နော မျက်နှာ စူပုတ်နေတတ်တယ်။ နောကိုပါ ရောပြီး မေးတိုင်း ဘုဆတ်ဆတ်ဖြေခဲ့တယ်။ Ah Wa ကို ကိုယ့်သမီးရဲ့စိတ်သဘောထားကို ရိပ်မိတဲ့ အဖေ ဖြစ်စေချင်တာ။ umm… နောကလည်း ကိုယ့်အဖေရဲ့စိတ်ဓါတ်ကို နားလည်အောင်မှ မလုပ်ခဲ့တာ။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့… … Ah Wa ကို နောချစ်တယ်။
ကျောင်းတက်တဲ့ကာလတောက်လျှောက် Ah Wa နောတို့ကျောင်း report card တွေမှာ တခါမှ လက်မှတ်မထိုးပေးဖူးဘူး။ ဆုပေးပွဲတွေလည်း တခါမှ မလိုက်ပေးဖူးဘူး။ အံ့သြစရာကောင်းတာက အဲ့ဒီအတွက်နဲ့ သိမ်ငယ်စိတ်၊ ဝမ်းနည်းစိတ်လုံးဝ မဖြစ်ပဲ စိတ်ချတယ်ဆိုတဲ့ လုံခြုံမှုကို ပိုခံစားရတယ်ဗျ။ အဲဒီစိတ်ဓါတ်ရဲ့ နောက်ဆက်တွဲလားတော့မသိဘူး။ အဝေးရောက်နေလည်း၊ ဖုန်းမခေါ်လည်း ဘာမှ မခံစားရဘူး။ နောအတွက်က အဲလိုမလုပ်ခြင်းက ယုံကြည်စိတ်ချနေလို့ ဆိုတာကို ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ Ah Wa ကရှေ့မှာသာ မလုပ်ပြပေမဲ့ Ah Nu ကို တောက်လျှောက်မေး၊ နောတို့မောင်နှမတွေရဲ့အခြေအနေဘာပဲဖြစ်ဖြစ် နောက်ကွယ်ကနေပဲ ထိန်းချုပ်ပေးနေတယ်ဆိုတဲ့ assurance ရှိနေလို့ပေါ့။ နောက ငဂျစ်ဆိုတော့ ပိုဆိုးတာပေါ့။ နည်းနည်း ဂရုစိုက်ပြရင် နောကို မယုံကြည်၊စိတ်မချတော့လို့လား ဆိုပြီးတော့တောင် တွေးပြီး ဒေါခီးချင်သေးတာ။
နော ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ဘယ်တုန်းကမှ မပိန်ချင်ခဲ့ဘူး။ အဒေါ်တွေဘယ်လောက်ဆူဆူ (Ah Nu လည်း နောကြီးလာတဲ့အချိန် တခါတလေ ဝိတ်လျှော့ဖို့ပြောတယ်) နော လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဘာကြောင့်လဲ သိလား? Ah Wa က “နော… မင်း ပိန်အောင်လည်း လုပ်အုံး” လို့ တခွန်းပဲပြောကြည့်၊ ချက်ချင်း ပိန်စေရမယ်။ သာမန်အချိန်၊ အိမ်မှာနေနေတဲ့အချိန်တွေမှာ Ah Wa နဲ့ နော မတည့်တာများပေမဲ့ Ah Wa ဘယ်သွားသွား အမြဲလိုက်ချင်ခဲ့တာ။ တခါတလေ နော မလိုက်ရရင် ရေလည်တင်းတယ်ဗျာ။ Ah Wa သွားနေကျ နေရာတွေက car workshop, tennis court (Ah Wa တို့ ကစားတဲ့ကွင်းက ကြေးစား လူကြီးပိုင်းတွေ ရိုက်တာများတယ်။ lady players မရှိဘူး), လက်ဖက်ရည်ဆိုင်၊ ဦးလေးအစ်ကိုတွေပဲ ရှိတဲ့ နေရာဆိုတော့ နောသာမိန်းကလေးပုံပေါက်နေရင် Ah Wa ဘယ်ခေါ်တော့မလဲဗျ။ ငယ်တုန်းက ဝဝတုတ်တုတ်၊ ယောက်ျားလေးစတိုင် ဆိုတော့ Ah Wa စိတ်ချတယ်ထင်ပါရဲ့။အဲလိုဖြစ်နေရတာကို နောအရမ်းကျေနပ်တာ။ ပေါင်းတဲ့ယောက်ျားလေးသူငယ်ချင်းတွေဆိုလည်း မိဘချင်းသိတာတွေပဲဆိုတော့ အေးဆေးပဲ။ GCC တက်တဲ့အထိ ပုံစံမပြောင်းခဲ့ဘူး။ နောက မိန်းကလေးဆန်ရမှာထက် Ah Wa ယုံကြည်စိတ်ချမှုလျော့သွားမှာကို မကြိုက်တာ။ နယ်ပေါင်းစုံ သင်တန်းတွေ သွားခဲ့တုန်းကလည်း နောကို အေးဆေးလွှတ်တယ်။ ပြန်လာတိုင်း စွန့်စားခဲ့တာတွေကို အားရပါးရပြောပြလို့ Ah Wa ကျေနပ်နေရင် ရေလည်ပျော်တယ်ဗျာ။ အဓိကအချက်က… ညီမလေးကို ယောက်ျားလေးသူငယ်ချင်းတွေနဲ့ တွဲတာမြင်ရင် ဆူပြီ။ ပြီးတော့ Ah Nu ကို “မင်း သမီးအငယ်မ ပဲများတယ်နော်။ ကြည့်လို့ကို မရဘူး။ မင်းတို့သားအမိ သတိထား” လို့ပြောရင် နောရေလည်ပျော်တယ်။ Ah Wa က နောနဲ့ပတ်သက်ပြီး အဲ့လို ဘယ်တုန်းကမှ မပြောရလို့ပေါ့။ ဆွေမျိုး၊ မိတ်ဆွေတွေကြားမှာ… ဒေါင်နောကတော့ ခွန်နော် နဲ့ တပုံစံတည်းပဲလို့ပြောရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နောကျေနပ်တယ်။ ခေါင်းမာတာတို့၊ ဘုကလန့်တိုက်တာတို့၊ ရည်မှန်းချက်ကြီးတာတို့… (နောတို့ သားအဖနှစ်ယောက်က ဆိုးတဲ့ဖက်ပိုများပါတယ်။ ဟဲဟဲ… များသောအားဖြင့် Ah Nu ကိုပဲ ချီးမွမ်းခန်းဖွင့်ကြတာ)။ Ah Wa က Ah Nu ကိုအနိုင်ယူတယ်။ နောတင်းတဲ့အထဲမှာ အဲဒါလည်းပါတယ်။ Ah Nu က သီးခံနိုင်တယ်။ နောက မရဘူးပဲ။ ဘာအကြောင်းကြောင်းကြောင့် ပဲဖြစ်ဖြစ်… … Ah Wa ကိုအရမ်းချစ်တယ်။
အခုနောက်ပိုင်း Ah Wa နဲ့ နော ဆက်ဆံရေး တော်တော် အဆင်ပြေလာတယ် (အနေဝေးနေကြရလို့လားမသိဘူး :P)။ Ah Wa စကားပြော အရမ်းညင်သာလာတယ်။ နောလည်း Ah Wa ကိုစိတ်ပါလက်ပါ ပြန်ပြောမိတယ်။ နောမှတ်မိသလောက်ကတော့ Ah Wa မွေးနေ့မှာ နော Ah Wa ကို တခါမှ Hug နဲ့ Kiss မပေးဖူးဘူး။ နောကြိုးစားမယ်… Ah Wa ရဲ့ လာမဲ့မွေးနေ့တရက်ရက်မှာ Ah Wa ကိုဖက်ပြီး Ah Wa နောဆီက တခါမှ တိုက်ရိုက်မကြားဖူးတဲ့ စကားကိုပြောမယ်… …
“Ah Wa hpe grai tsaw ra ai.” ngu...
There is more happiness in givin' than in receivin'!