My Fav. Songs

February 16, 2009

Inauguration!


အဲဒီတုန်းက တိုင်းနဲ့ပြည်နယ် လူရွေးပွဲအတွက်လား…သိပ်မမှတ်မိတော့ဘူး။ အောက်ကွင်းမှာ ပြိုင်ပွဲတွေရှိတယ်။ Open Tournament တွေလည်း အောက်ကွင်းမှာပဲ လုပ်လေ့ရှိတယ်။ ညနေပိုင်းဆိုရင် ဘောလုံးကွင်းထဲမှာ တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေးဒို သင်တန်းတွေရှိတယ်။ တခြားအားကစားတွေက သူ့ရုံနဲ့သူ၊ ဘောလုံးကွင်းထဲက မိုးလုံလေလုံ ရုံထဲမှာက ဒီ ၃ မျိုးပဲကစားကြတယ်။ အဲဒီမှာစတာ.. Ah Wa ကနောတို့ ၂ ယောက်ကို ဘာကစားချင်လဲတဲ့။ ၂ ယောက်သား တိုက်ကွမ်ဒိုကို ဘာကြောင့်ရွေးဖြစ်သွားကြလဲမသိဘူး။ ခါးပတ် အပြာရောက်ဖို့ စာမေးပွဲဖြေခါနီးမှ နားလိုက်ရတယ်ဗျာ။ Ah Wa က ကျောင်းစာကိုပဲ ဦးစားပေးရမယ်တဲ့။ အခုထိမြင်ယောင်နေသေးတယ်။ စ ကစားတုန်းကဆို အကြောတွေတောင့်နေတာ.. နောတို့အကြောလျှော့လေ့ကျင့်ခန်းတွေက ပေါင်ကိုဖြောင့်နေအောင်ကားရတာ။ အဲဒီဆရာပေါ့ နောဘာကြောင့် မှတ်မိနေလဲဆိုတော့ သူကသန့်တယ်ဗျ။ :P အစ်မတွေဆို ဆရာ့နားမှာဝိုင်းနေတာ။ ဒါပေမဲ့ ကစားတဲ့ အချိန်ကျရင် သူက ယောက်ျား၊ မိန်းမခွဲတာမဟုတ်ဘူး။ ပေါင်ဖြောင့်အောင် မကားနိုင်ရင် ပေါင်ပေါ် သူ့ကိုယ်နဲ့ တက်ဖိတာဗျ။ ဖြောင့်ရုံနဲ့ မပြီးသေးဘူး။ ပေါင်အဖြောင့်လိုက် ရင်ဘတ်နဲ့ ကြမ်းပြင်ကိုထိနေရသေးတယ်။ မထိရင် ကျောကုန်းပေါ်တက်နင်းတာဗျ။ အစတုန်းကဆို မခံစားနိုင်လွန်းလို့ နော အလှည့်ရောက်ခါနီးပြီဆိုရင် စည်းပြင်ထွက်၊ ဂါရဝပြုပြီး ခါးပတ်ပြင်သလိုလို လုပ်နေတာပေါ့၊ နောအလှည့်ကျော်သွားမှ ဂါရဝပေးပြီး စည်းထဲပြန်ဝင်လာလိုက်တယ်။ ဘယ်ရမလဲ.. ဟဲ..ဟဲ။ တခြားဆရာတွေနဲ့ဆိုရင် အဲလောက်ကြောက်စရာမလိုဘူး။
အဲဒီနောက်ပိုင်း Ah Wa က နောကို ဘာအားကစားမှ မပေးလုပ်တော့ဘူး။ ဒေါင်ခေါင် (မောင်လေးလေ) ကိုကျတော့ တင်းနစ်လည်းပေးရိုက်တယ်။ နော တို့ ထ ၆ မှာ အားကစားနဲ့ပတ်သက်ပြီး P.T ဆရာမ ၁ ယောက်ပဲရှိတယ်။ ဆရာမနဲ့က အရမ်းရင်းနှီးတယ်။ ကျောင်းပွဲတွေမှာ ကစားဖို့ ဆရာမကိုယ်တိုင်ပြောပေးတာတောင် Ah Wa က ပေးမကစားဘူးဗျ။ ဒေါင်ခေါင်ပဲပေးကစားတယ်။ အဲကောင်က ဆရာကြီးလုပ်တော့တာပေါ့။ ၉ တန်း ဆရာဦးနေဝင်း၊ ဆရာဦးစိန်နိုင် ကျူရှင်တက်မှ table tennis ပြန်ကစားဖြစ်တာ။ ဒါတောင် Ah Wa မသိအောင် ကစားရတာ။ ချိုလွင်၊ ကြက်ရိုး နဲ့ ထ ၄ က ကောင်တွေက နောနဲ့ကစားဖက်တွေ။ တခါက အဲဒီကြက်ရိုးပေါ့..နောက ကျုရှင်မစခင် စောသွားပြီးကစားနေကြ။ ဆရာဦးစိန်နိုင် အတန်းချိန်နီးလို့ ဆရာစာစသင်နေပြီလားဆိုတာ လှမ်းချောင်းခိုင်းတာ.. ဒီကောင်က လူမစုံသေးလို့ မစသေးဘူး၊ ဆက်ရိုက်မယ်တဲ့။ စာမေးပွဲနီးလို့ revision ပြန်နေတဲ့ အချိန်ဆိုတော့ လူသိပ်မရှိဘူး။ အိမ်မှာ အသားကုန်ကျဲနေတာက များတယ်။ နော မပါ.. :P ။ အဲဒါနဲ့ ပွဲဆက်သွားတာ ကျူရှင်ဆင်းတဲ့ အထိဘဲ။ ကြက်ရိုးက ဆရာ့တူလေ။ ဆရာကတောင် ဆလံလားပေးသွားသေးတယ်။ ဆရာ ဦးနေဝင်းဆိုလည်း စောနေရင် နောနဲ့ ကစားတယ်။ နောက် GCC တက်တော့ သိပ်မကစားဖြစ်တော့ဘူး။ တခါတလေ တရုတ်ကျောင်းမှာ basketball ကစားတာလောက်ပဲရှိတယ်။
badminton ကျတော့ နောသိပ်မကြိုက်ဘူးဗျ။ မိသားစု အပျင်းပြေ၊ အပျော်ဆော့လောက်ဘဲ။ badminton ရိုက်လိုက် tennis ရိုက်လိုက်လုပ်ရင် လက်ပျက်တယ်ဗျ။ ရန်ကုန်မှာနေတုန်း တောင်ကြီး ခဏပြန်တဲ့အချိန် Ah Wa နဲ့ တင်းနစ်ကွင်းလိုက်သွားဖြစ်သေးတယ်။ အပေါ်ကွင်းထင်တယ်။ Ah Wa တို့ပွဲတွေရိုက်သွားပြီးတော့ နော Ah Wa ကိုတောင်းဆိုတယ်။ Ah Wa နဲ့ ရိုက်ချင်တယ် လို့လေ။ Ah Wa က.. မောနေပြီ၊ မရိုက်ဘူး တဲ့။ နော အတင်းပူဆာတော့ warmin’ up လုပ်နေတဲ့ ဦးလေး တယောက်ကို လှမ်းအော်ပြီး နောနဲ့ ကစားပေးဖို့ပြောတယ်။ အဲဒါနဲ့နောလည်း Ah Wa racket ယူပြီး ကွင်းထဲပြေးတော့တာပေါ့။ တော်တော်ကြာကြာကစားလိုက်ရတယ်။ ဦးဦးက မဆိုးဘူးပဲ လို့ပြောတော့ Ah Wa က ဘာပြောလဲသိလား?? “အေးဗျ..သူ့ကို တခါမှ ခေါ်မကစားဖူးဘူး။ ဒီလောက်ကစားတတ်မယ်လို့မထင်ဘူးဗျ” တဲ့.. ကောင်းရော။ အဲဒါနဲ့ပတ်သက်ပြီး နောသက်သေခံစရာရှိတယ်။ ဒီလိုဗျ.. နောဘဝမှာ စနစ်တကျသင်တန်းတက်သင်ခဲ့တာ တော်တော်ရှားတယ်။ ဒါကြောင့်နောကို ဘာပဲဖြစ်ဖြစ် တတ်လားလို့မေးရင် နော မတတ်ဘူးလို့ပဲ ဖြေတာများတယ်။ တကယ်လည်း သေချာမှမတတ်တာ။ သူ့အလိုလို လုပ်လို့ရသွားနေတာတော့ မတတ်နိုင်ဘူးဗျာ။ ကိုယ်စိတ်ဝင်စားတဲ့ အရာတိုင်းကို ဘေးကနေသွားကြည့်၊ အခွင့်ရရင် ဝင်စမ်းရင်း တတ်လာတာ။ နောလုပ်တဲ့ အားကစားအားလုံးနီးပါးပဲ။ တိုက်ကွမ်ဒိုက လွဲရင်။ အဲ.. ကျန်သေးတယ်.. နောက billards and snooker နဲ့ bowling ဆို computer game မှာ expert ပဲ.. အသေကစားခဲ့တာကိုး.. ဟဲ..ဟဲ။ sport မဟုတ်တဲ့ တခြားကစားနည်းတွေကတော့ .. Umm.. GCC တက်နေတဲ့ အချိန်အထိ စွန်လွှတ်တယ်။ ဂေါ်လီပစ်တယ်.. နောက်ပိုင်း ပြည်တော်သာ ရုံးဝန်းအိမ်မှာနေတော့ အကျယ်ကြီးပဲဗျ။ စိတ်ကြိုက်သောင်းကျန်းခဲ့တာပေါ့ဗျာ..နောကျောင်းတက်တဲ့ ကာလတလျှောက် ကစားမက်၊ ဂျစ်ကန်ကန်ကများတယ်။ ဒါပေမဲ့ နော ဆရာ၊ဆရာမတွေ အားလုံး နောကိုချစ်တဲ့ အတွက် ကျေးဇူးတင်တယ်ဗျာ။ အမြဲတမ်း ဂင်တိုတို၊ ဝကစ်ကစ်နဲ့ ယောက်ျားလေးပုံစံပေါက်နေတဲ့ နောကို မမေ့ကြတဲ့ အတွက်ရောပေါ့။ ကျောင်းပြီးလို့ ရန်ကုန်မှာနေတော့လဲ အားကစားလုပ်ဖြစ်တယ်။ ဒါပေမဲ့ nu htang (အဒေါ်လေ) ရဲ့စီမံချက်အရ အောင်ဆန်းကွင်းမှာ exercise သွားလုပ်ရတယ်။ လိုင်းပြောင်းသွားတာကတော့ နောရဲ့ အားကစားကအစပဲ။ ရယ်တော့ရယ်ရသား… ဟင်း… ဒီရောက်တော့ ညပိုင်းစိတ်ပါရင် playground သွားပြီး exercise လုပ်၊ တခါတလေ basketball ကစားလောက်ပါပဲ။ မှတ်မိနေသေးတယ်။ hpubawk di ၊ ကိုထွေး နဲ့ နောတို့ မောင်နှမ ၃ ယောက် ရှုံးရင် ဒိုက်ထိုးကြေး ကစားတုန်းက နော နိုင်တယ်ဗျ။ ဟဲ..ဟဲ.. မဆော့တတ်ဘူးဆိုတဲ့ အစ်ကိုစိုးထက် (အိမ်က အစ်မ ၁ ယောက်ရဲ့ ချစ်သူလေ)နဲ့ ကစားကြတော့ နော ဒိုက်ထိုးရတယ်ဗျ။ မခံနိုင်စရာပဲ.. သြော်..မေ့လို့.. အရင်ကျောင်းတက်တုန်း၊ အလုပ်မလုပ်ခင် stress တွေမရှိတုန်းကဆို NUS ကျောင်းအနောက်ဖက် clementi wood ထဲက တောင်ကုန်းလေးမှာ ညတိုင်း ယောင်းမ (အစ်မ မနို) နဲ့ ပြေးခဲ့တာဗျ။ တောင်ကုန်းအောက်ခြေကနေပတ်ပြီး အပြန် တောင်ကုန်းထိပ်လေးနားမှာ နား၊ west coast ဘက်ငေးကြည့်ရင်း အမောဖြေခဲ့ကြတာ သတိရတယ်ဗျာ…

February 13, 2009

Happy Birthday to you!

Last night, my eldest bro called me. During these days, he was quite busy with his work and other thingys. So we had been out of contact for some time. By the time he called me, I was a bit fierce and just retorted with balky answers. But, he kept tolerate on me and didn’t scold me at all. I became a bit blur blur. And how come.. huhh?? I use to be afraid of him cos of his straight face mahh.. He questioned me what day tomorrow would be. I simply replied “Friday lorr”. He asked again.. I said, “Feb 13”. Then, he puzzled me whether I could tell what that day would be. I had no idea on the spot.
After that, he didn’t say anything else and just sent an email to me. When I read it.. ohh.. no! I should die! U know, tomorrow is our General Aung San’s birthday. No wonder.. that’s why purposely, he was asking me like that.
What can I do for our Nation’s Father?? Umm… let me see.. nothing special!! Anyway, I could think of one thing and so just tried to translate what my bro passed to me. Then, I gave a trial on making a short vid for the song that I received from one of my siss. Actually, we had learnt it when we were in primary 1 or 2.. I’m not sure, forgot already. :P It was one of the poems from our school text book. It’s also a kinda rhyme lahh..

Thank you, General Aung San!
I give you a bow and my lit’ gawky poem as my birthday present for this year…

It was thirteen Feb
General Aung San was inbred
In Nineteen fifteen, the year
Son of U Phar, the lawyer
“Natmauk” city,
Where he was a baby,
Of State “Magwe”,

Still well known today.
Gutsy, gutsy Martyr
Son of great, great mother
Named “Daw Su”… “Daw Su”.
Nineteen forty seven,
When he bought the farm.
Every July nineteen,
We cried out with languishing
He is the Father
Father of our Nation,
Gave of value injunction.
We never slight…
Of his socialism oversights!





Align Center

February 11, 2009

YMCA, Singapore.

One of my colleagues emailed me to take part in the count down party for the Youth Olympic 2010. Being a volunteer of YMCA, ok lor… :D So, after the class, I just went down to YMCA, Singapore. There, we had a short briefing and then, marched from YMCA, Orchard all the way down to Cityhall. The event was between Parliament and St. Andrew’s Cathedral, opposite to Pennisula plaza where F1 race 2008 was befalled. :P Within our group, there were students from YMCA training classes, beneficiaries and we, volunteers. By the time we passed by SMU, we met with Dr. Vivian and Mr. Teo. At first, I totally didn’t know that they were VIPs. Oops! only when my colleague passed our group photo to me, I was surprised. They didn’t show off and they were just the same as us, not like those big gangs from my country. :PWhen we reached there, there were also many other organizations and associations gathering for that so called “special event”. To be frankly, till at that time, I had not realized their purpose of holding that event and how crucial that event was for them. Then, it turned to 6pm.. other VIPs arrived and PM Lee gave speech. Live broadcast was being shown on the big screen as the final decision would be made whether S’pore or Russia be the host for Youth Olympics 2010.. Once the committee announced that S’pore was chosen to be the host for it, all jumped with joy and the artists, artistes, vocalists started entertaining. How would you feel at that time?? Me.. my body was shivering cos of the music and at the same time, I got some strange feelings.
I’m not a Singaporean. But whatever I do or wherever I’m, I use to be the only Myanmar among them. And I feel that they never regard me as a peculiar one or from another country. Whenever I met someone, he/she guessed I’m a Singaporean. When I replied “no”, they still kept on guessing that whether I’m a Malay or Philippino. Some even guessed I might be a Thai. They never thought that I’m from Myanmar.. sooooo furny (s’pore accent)! :P So, by the time they were happy for their country, u think I could be as happy as them?? Of course not. I felt sorry for myself that I don’t have such kinda chance to be gala for my country. U know?? My eyes were filled with tears.. I was alone on my way back to home with empty mind…


February 10, 2009

One of my OASES in S’pore! ^.0


ကျောင်းတက်ခဲ့တဲ့ကာလ တလျှောက် Yvonne (နောက သူ့ကို Yi Maw လို့ခေါ်တယ်။ ကိုးရီးယားလို အဒေါ်လေ။ ဘာကြောင့်လဲဆိုတော့ Ah nu နဲ့ရွယ်တူမို့လို့)၊ Jye Jye Dongmei ၊ မရွှေစင် နဲ့ပဲတွဲခဲ့တယ်။ Yi Maw က နောရဲ့ God mother လေ။ နောလိုအပ်တဲ့အချိန်တိုင်း Yi Maw နောဘေးမှာအမြဲရှိတယ်။ Jye Jye နဲ့က နောက်ပိုင်းသိပ် မတွဲဖြစ်ဘူး၊ သူက bf. ရသွားတာကိုး။ မရွှေစင်က ဘားအံက။ တိုင်းရင်းသူပဲ။ စိတ်သဘောထားဖြူပြီး အမြဲပြုံးနေတတ်တယ်။ အရမ်းချစ်ဖို့ကောင်းတယ်ဗျ။ အစ်မက အလုပ်လုပ်ရင်း ကျောင်းတက်တာ။ အစ်မရဲ့ ရုံးက Vega Air Ticket Centre ၊ Cityhall က Peninsula Plaza (၃) လွှာမှာ။ ကျောင်းတက်ကတည်းက တခြားသွားစရာ မရှိရင် နောက အစ်မရွှေစင်ရုံးမှာ သွားရှုပ်နေကျဗျ။ S’pore ရုံးခွဲမှာ ဒိုင်ခံထိုင်တာက ကို Gu Gu လေ။ သူက Boss ဗျ။ နောက်ပိုင်း မလင်းမွန်ရောက်လာတယ်။ မလင်းမွန်က ကို Gu Gu ရဲ့ lady ။ နော ကျေးဇူးတော် အရမ်းချီးမွမ်းတယ် သိလား။ အမြဲတမ်း စိတ်ကောင်းတဲ့သူတွေနဲ့ပဲ ဆုံတွေ့ခွင့်ပေးလို့လေ။ အမှန် နောက ဘာမှလုပ်တတ်တာမဟုတ်ဘူးဗျ။ ရုံးရောက်ရင် game ပဲဆော့နေတာ။ မြို့ထဲထွက်ပြီဆိုရင် ရုံးရောက်ဖြစ်တာများတယ်။ အံ့သြဖို့ကောင်းတာက Vega မှာရှိတဲ့သူတွေကော၊ Vega နဲ့ပတ်သက်သူတွေကအစ တစ် size ထဲတွေဗျ။ ရုပ်တွေကလည်းဆင်ကြတော့ နောနဲ့မရွှေစင်ဖြစ်ဖြစ်၊ မလင်းမွန်နဲ့ပဲဖြစ်ဖြစ် အပြင်သွားရင် Peninsula ကသူတွေဆို နောတို့ကို အမျိုးတွေလားလို့တောင်မေးကြတယ်.. ဟီး။ အဲ..လူကြီးတောင်မကဘူး။ Vega မျိုးဆက်သစ် Jack Jack, Flor Flor နဲ့ ဖူးဖူးလေးတို့ကောပဲ။ သူတို့လေးတွေက ဝဝကစ်ကစ်လေးတွေ။ အရမ်းချစ်ဖို့ကောင်းတယ်။ Jack Jack နဲ့ Flor Flor က Bangkok မှာနေတာ။ ဒီကိုအလည်လာတုန်းကဆို နောနဲ့ အဖွဲ့တွေ ပေါ့ဗျာ။ သူတို့အမေနဲ့ တောက်လျှောက်ရုံးလိုက်လာကြတော့ Cityhall မှာပဲ တနေကုန်နေဖြစ်တာပေါ့။ နောရုံးရောက်ရင် နောနဲ့လျှောက်သွားပြီး ကစားရတော့ Jack Jack ဆိုပျော်တာပေါ့။ Jack Jack လေးက တော်တော်ရယ်ရတယ်။ သူက Escalator ထက် Lift ကိုပိုကြိုက်တယ်ဗျ။ ရုံးက ၃ လွှာမှာဆိုတော့ Jack Jack ဘာလုပ်လဲသိလား။ နောကို အနောက်ဘက် Lift ရှိတဲ့နေရာခေါ်သွား၊ အောက်ဆင်းမယ်ဆိုပြီး button နှိပ်တယ်။ ပြီးရင် lift ထဲမှာပဲ အထပ် ၂၀ ကျော်အထိ တက်လိုက် ဆင်းလိုက် လုပ်နေတော့တာပဲ။ အတက်အဆင်း၊ အဖွင့်အပိတ် ခလုတ်တွေ နှိပ်တာကတော့ ကျွမ်းကျင်အဆင့်ပဲ။ ၃ နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး။ နောက် ဖူးဖူးလေး ကျောင်းပိတ်ရက် Pakistan ကနေ အလည်လာတော့လည်း နောနဲ့ဆော့ဖြစ်တယ်။ ရုံးမှာက ကစားဖော်မရှိတော့ သူတို့လေးတွေ ပျင်းတာပေါ့ဗျာ။

များသောအားဖြင့် စနေညနေ နော ဘုရားကျောင်းမှာ လုပ်စရာ သိပ်မရှိရင် ရုံးရောက်ဖြစ်တယ်။ မရွှေစင်နဲ့အဖော်လုပ်၊ ဆိုင်သိမ်းပြီးသွားရင် မုန့်တွေသွားစားကြတယ်။ အစ်မ ဘဲဘဲ လည်းပါတယ်ဗျ။ Sunday တွေဆိုရင်တော့ နေ့လည် ဘုရားကျောင်းပြီးရင် ရုံးဝင်ဖြစ်တယ်။ တခြား ကြားဖြတ်အစီအစဉ်တွေ မရှိရင်ပေါ့ဗျာ။ အိမ်က Clementi မှာ၊ မနက်ဘုရားကျောင်းက Lavender မှာ၊ ကချင်ဘုရားကျောင်းက Kembangan မှာ.. s’pore အရှေ့နဲ့အနောက်ပဲ။ Cityhall က အလယ်မှာဆိုတော့ အိမ်တခေါက်ပြန်မနေတော့ဘဲ ဘုရားကျောင်းပြီးရင် ရုံးမှာ ခဏဝင်နေ၊ ညနေကျတော့ ကချင်ဘုရားကျောင်းဆက်သွားပေါ့ဗျာ။ ရုံးမှာ နေနေတဲ့အချိန်တွေ ဆိုရင် စိတ်ချမ်းသာတယ်ဗျ။ မိသားစုလို လိုအပ်တာရှိရင်ဝိုင်းကူလုပ်ပေးလိုက်ရတာ ပျော်တယ်ဗျ။ နောနဲ့ပတ်သက်တဲ့သူတွေ အကူအညီလိုရင်လည်း တစ်လှည့်ပေါ့ဗျာ။ နောက ကြားခံလူပါ။ ဘယ်လောက်ကောင်းလဲ ? လောကမှာငွေက အရေးမကြီးဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ သာ အပြန်အလှန် ထားတတ်ကြရင်….. နောခံယူထားတာက ကိုယ်အသက်ရှင်နေတုန်းလေး တတ်နိုင်သမျှ စေတနာသန့်သန့် နဲ့ လုပ်ပေးသွားချင်တယ်ဗျာ..

ကျေးဇူးပဲ Vega ရေ!

Good News Club

Aunty Mary asked me whether I was free on Saturday mornings. I simply replied that “Yes, I’m.” I was just schooling and worked part time only in the evenings. So.. ok lorr. As I’m the one who can’t stay without doing something mahh.. :D Aunty Mary is in charge of Children Ministry and currently running the GNC at the Bible Church. Actually, GNC is under CEF (Children Evangelical Fellowship). At first, I just helped out in preparing crafts and assisted Aunty Mary in whatever she needs. Later, she gave me some more responsibilities.

I gradually noticed about myself that I do really enjoy dealing with kids. All my boys and girls are so cute and innocent but they r smarter than u all, u know?? :P On the other hand, I feel sorry for my Myanmar kids. If I have a hit to built a community for my Myanmar kids and give the same atmosphere like here, how nice it’ll be. Here, kids can widen their knowledge since K1, K2.. cos they can utilize variety of supported materials. Then, in GNC, one thing which made me impressed was everything’s well-prepared and takes serious. Before we start each class, we always have devotion and a quick briefing. After the classes give over, we still have an overall revision on that day’s activities and thrash out in which ways we can make better and better.
A special event “Mission Sunday” is still sticking in my mind. Every year, the GNC use to celebrates mission Sunday and that year was for Myanmar and I was there. Amazing! Purposely, I could manage to serve some of our traditional foods and let all kids try. I found out that they were quite health-conscious and most of them dared not try new things.. not like Myanmar kids. :P That made me feel a bit awkward lahh.. cos for us, we can give a try on every kind of foods mahh.. can’t we??
After I had finished my studies and cos of my work, I temporary pause helping out there.. Sighhh.. I miss my kids!!!

Chinese New Year 2009! (CNY - 1)



တစ်နှစ်နဲ့ တစ်နှစ် မရိုးရအောင်ပါဘဲ…

အရင်နှစ် CNY တုန်းက ဦးလေး၊ အဒေါ်အိမ်တွေ ပတ်သွားပြီး singapore CNY အပြည့်အဝ ခံစားလိုက်တယ်။ ဒီနိုင်ငံက နှစ်သစ်ကူးမှာ လူကြီးတွေကို ဂါရဝပြုရင် လိမ္မော်သီးယူသွားပေးရတယ်ဗျ။ အဲဒီတော့မှ အမ်ပေါင်း ရတာ.. ဟီး… ကျောင်းတက်နေတုန်းဆိုတော့ သွားချင်တဲ့နေရာသွား၊ လုပ်ချင်တာတွေကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်လုပ်ခွင့်ရပြီး ကိုယ့် အချိန်တွေကို ကိုယ်တိုင်ပိုင်ဆိုင်စီမံခွင့် ရခဲ့တဲ့အချိန်လေးတွေပေါ့။ (ပြောနေရင်း လမ်းကြောင်းကလွဲတော့မယ်။ ဒီနှစ် CNY မှာ camp တက်ဖြစ်တဲ့ အကြောင်းရေးမလို့ဗျ)

CNY မတိုင်ခင်ကတည်းက ဘုရားကျောင်းမှာ camp ရှိတဲ့ အကြောင်းကြေငြာတယ်။ ဒီမှာက CNY အတွက် public holiday က ၂ ရက်ပဲပေးတာဗျ။ ဒါပေမဲ့ company အလိုက်ကွာတာပေါ့ဗျာ။ နောတို့ company ဆိုရင် အဲဒီ ၂ ရက်အပြင် နောက် ၂ ရက်ဆက်ပိတ်ပေးတယ်ဗျ။ company မှာကတရုတ်လူမျိုးတွေချည်းလေ။ company ကခွင့်ထပ်မပေးလဲ သူတို့ရဲ့ annual leave ထဲကနေဆက်ယူကြတော့ ရုံးမှာ လူမရှိတော့ဘူး။ အဲတော့ နောလည်း automatic ခွင့်ယူပြီးသားဖြစ်သွားတာပေါ့။ camp ကတော့ ၁ ညအိပ်ရက်တိုသင်တန်းလေးပါ။ Kachin Family Camp တဲ့။

နောရဲ့ God father မိသားစုနဲ့ တခြား ဦးလေး၊ အဒေါ်၊ pastor တွေကလည်း အဲဒီရက်ထဲ သူတို့ဆီ လာလည်ကြဖို့ ခေါ်နေကြတော့ နော camp ဝင်ဖို့က မသေချာသေးဘူးဗျ။ နော ကချင် အစ်ကိုအစ်မတွေကတော့ နော camp ဝင်ကိုဝင်ရမယ်တဲ့ (ကြောက်ရတယ်ဗျ)။ သိတဲ့အတိုင်းပဲဗျာ.. နောက တနေ့တာအတွက်တောင် နောက်နာရီ အနည်းငယ်အတွင်း ဘာဖြစ်မလဲဆိုတာ ရှိတာမဟုတ်ဘူး။ fire tower lookin’ dance သိပ်လုပ်တတ်တာဗျ။ ဟီး… ဆိုတော့ကာ.. just relax & see how first lorr ပေါ့

၂၆.၂.၂၀၀၉

(camp ခေါင်းစဉ်နဲ့ဆက်ရေးထားတယ်ဗျ..ဆောရီး။ နောက စာပိုဒ်ရှည်တွေဆိုရင် ရေလည်ပျင်းတာဗျ။ နောက်ပိုင်း ကြိုးစားပြီးတော့ ရေးပါ့မယ်.. အခုတော့ ကိုးရီးယားဇာတ်လမ်းတွဲတွေလို အပိုင်းခွဲလိုက်ပြီ.. ^.0)


Kachin Family Camp (CNY - 2)


၂၆.၂.၂၀၀၉


မနက်အိပ်ယာနိုး၊ ရေမိုးချိုးပြီးတဲ့ အထိ ဘယ်သွားဖြစ်မယ်ဆိုတာမသိသေးဘူး။ နောက်တော့ နောရဲ့ lappy လေးကိုပဲဖွင့်ပြီး သီချင်းနားထောင်မယ်ပေါ့။ အဲဒါနဲ့ computer ဖွင့်၊ gospel songs နားထောင်ရင်း ODB ဖတ်နေလိုက်တယ်။ အိမ်က အစ်မတွေတောင် “နောဘာအစီအစဉ်တွေရှိလဲ” လို့မေးနေကြလို့ no idea so far.. လို့တောင်ဖြေလိုက်သေးတယ်။ ၁၀နာရီလောက်ကျတော့စလာပါပြီ။ နောအစ်ကိုအစ်မတွေပေါ့ဗျာ။ “၁၂ ကနေ ၁ နာရီ အတွင်း registration လုပ်ရမယ်။” “မြန်မြန်လာတော့လေ။” “ အခုထိဘာမှမပြင်ဆင်သေးဘူးလား။” “နောက်ကျနေမယ်နော်။” ဆိုပြီးဖုန်းနဲ့ရော၊ gtalk ကနေပါလှမ်းခေါ်ကြတော့တာပဲ။ (နောက နော lappy ကိုဖွင့်တာနဲ့ gtalk, yahoo တို့ကို automatically sign in လုပ်ထားတာ။ ဒါကြောင့် နောကို online မှာအမြဲတွေ့နေရတာပေါ့ဗျ။ ဒါပေမဲ့ နောက ဘယ်သူတွေ online မှာရှိတယ်ဆိုတာတောင်သိတာမဟုတ်ဘူး။ game ဆော့ရင်ဆော့၊ မဟုတ်ရင် ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်တာကများတယ်လေ… ပြောနေရင်းလမ်းကြောင်း ကလွဲလာပြန်ပြီ.. ဆောရီး) “online မှာပြောလို့မပြီးသေးဘူးလား” ဆိုတာကပါသေးတယ်။ ရေလည်ရယ်ရတယ်ဗျ။ အဲဒါနဲ့ နောက “ဟုတ်ကဲ့.. နော အတတ်နိုင်ဆုံးကြိုးစားပြီး လာပါ့မယ် ခင်ဗျား” လို့ပြောလိုက်ရော။ နောတစ်ချက်တွေးလိုက်တာက camp ဝင်လိုက်တာပဲကောင်းပါတယ်။ camp အတွင်း အားရင်လစ်သလို camp အနီးတဝိုက်က ဦးလေး၊ အဒေါ်အိမ်တွေသွားဂါရဝပြုလိုက်မယ်။ တချက်ခုတ်၊ သုံးလေးချက်ပြတ် ဆိုပြီးတော့လေ။ အဝတ်အစားထည့်၊ လစ်ခါနီး မယ်အိ gtalk ကနေလှမ်းခေါ်ပါလေရော။ သူ့ကို ၁၅မိနစ်လောက် အချိန်ပေးလိုက်သေးတယ်။ အဲဒီအချိန် ၁၂ နာရီကျော်နေပြီ။ အိမ်ကနေတောင်မထွက်ရသေးဘူး။ အိမ်က clementi မှာ။ camp က Sembawang Beach နားက Boys’ Bridgade, Girls’ Bridgade Camp Site မှာ၊ တောင်နဲ့မြောက်ပဲ.. ၁ နာရီလောက်ကတော့ mrt ပေါ်မှာ အိပ်လို့ရတယ်။ တော်သေးတာပေါ့.. ကချင်နာရီလည်းကြီးလို့.. :P

အိမ်ကနေ Clementi mrt သွားရင် 196 စောင့်ရတာကြာလို့ 197 နဲ့ပဲ Jurong East interchange ထိစီးသွားလိုက်တယ်။ အဲဒီကနေမှ mrt နဲ့ woodlands ဘက်ကနေ အနီလိုင်းစီးပြီး sembawang ဆီသို့ပေါ့ဗျာ။ sembawang mrt ရောက်တော့ ၁ နာရီထိုးခါနီးနေပြီဗျ။ နောက်ဆုံးအဆင့် bus နဲ့ beach ကိုဒီုးဖို့ပဲ ကျန်တော့တယ်။ mrt မှာဘုရားကျောင်းကလူငယ်တစ်ယောက်နဲ့တွေ့လို့ အတူတူသွားကြမလို့လုပ်နေတုန်း အစ်ကိုတော်ဆီက ဖုန်းလာတယ်။ သူနောက် ၆ မိနစ်ဆိုရင် sembawang mrt ရောက်မယ်၊စောင့်နေတဲ့။ စောင့်ပေါ့ဗျာ.. သူလည်းရောက်ရော “ငါဘာမှမစားရသေးဘူး၊ တခုခုစားမယ်” တဲ့။ အဲဒါနဲ့ နောတို့မောင်နှမ ၂ ယောက် KFC ဝင်ဆွဲလိုက်တယ်။ နောကြိုက်တဲ့ Iced Milo နဲ့ပေါ့။ (Cheese Fries က Long John Silver’s လောက် မကောင်းဘူးဗျ.. ဟီး)

Camp site ရောက်တော့ almost 2 o’clock! 1st Lecture နည်းနည်းမီလိုက်သေးတယ်။ ၄ နာရီလောက်ကျတော့ group activities စတယ်။ lecture ခန်းနောက်ဖက် မြက်ခင်းပြင်အတန်ငယ်ရှိသောနေရာမှာပေါ့ဗျာ။ ပထမ ၂ ပွဲဆက်တိုက် နောတို့ group 1 က တတိယရတယ်ဗျ သိလား၊ ၃ဖွဲ့ရှိတဲ့အထဲမှာလေ။ lol နောရေလည်ဓါတ်ကျသွားတာဗျ။ နောဘယ် camp သွားသွား၊ ဘယ် group မှာပဲဖြစ်ဖြစ် ပထမချည်းရခဲ့တာ။ အခုတော့ သွားပါပြီ ဆိုပြီးတော့လေ။ ဒါပေမဲ့ အခု games အပြင်၊ ညပိုင်း activities တွေမှာလည်း အမှတ်ပေးအုံးမှာဆိုတော့ မျှော်လင့်ချက်ရှိသေးတာပေါ့ဗျာ။ ၅ နာရီလောက်ကျတော့ ရေချိုး၊ ထမင်းစား၊ နားချိန် ခဏပေးတယ်။ထမင်းစားတဲ့နေရာမှာလူတော်တော်စုံတယ်ဗျ။ နောတို့အပြင် Thomson church ကလည်းသူတို့ camp ကိုဒီမှာပဲလာလုပ်တာကိုး။ FOP တုန်းက အသိအစ်ကိုအစ်မတွေနဲ့တောင် နှုတ်ဆက်ဖြစ်သေးတယ်။


မေ့နေတာဗျ… Lecture 2 အချိန်ကတည်းက နောရဲ့ကစားဖော် ah zau နဲ့ grace တို့ရောက်လာတယ်။ နော သူတို့လေးတွေနဲ့ရှိနေရတာပျော်တယ်ဗျ။ သူတို့ကလည်း မကြောက်ရပဲ၊ ရွယ်တူလိုခေါ်ဆော့ရဲတာ နောပဲရှိတာကိုး။ နောက အဲလိုpower ရှိတာ.. :D နောရွယ်တူတွေနဲ့သိပ်မပေါင်းတတ်ဘူးဗျ။ အထူးသဖြင့် အခုခေတ်လူငယ်တွေနဲ့။ နောနဲ့ ကီးကိုက်တာ လူကြီးနဲ့ ကလေးပဲ ရှိတယ်။ ရယ်တော့ ရယ်ရသားဗျ။ အဲဒါနဲ့ ထမင်းစားပြီးတော့ ah zau တို့မိသားစုနဲ့လိုက်ပြိး beach ဘက်ခဏသွားကြည့်တယ်။ playground မှာ ah zau, grace နဲ့ marcus တို့ကစားနေကြတုန်း ah zau အမေကတောင်နောကိုပြောနေသေးတယ်။ သူတောင် အိမ်ထောင်ကျသွားလို့ တဲ့။ နို့မို့ဆို ကလေးတွေနဲ့မနေပဲ လူငယ်အချင်းချင်းဝိုင်းဖွဲ့နေချင်တာဆိုပဲ။ နောလည်း နောအစ်ကိုအစ်မတွေနဲ့ နေရတာပျော်တာပေါ့။ ဒါပေမဲ့ ကလေးတွေနဲ့ ယှဉ်ရင်တော့ so sorry, dears ဗျာ.. :D

ညပိုင်း Lecture ပြီးတော့ စွမ်းရည်ပြပြိုင်ပွဲ စတယ်။ နောတို့ကမြန်မာပြည်မှာကတည်းက အမေကမွေး၊ သင်တန်းကကျွေး လုပ်လာတဲ့ camp ဂျိုးဆိုတော့ camp idea တွေနည်းနည်းပေးလိုက်တယ်။ ၉ နာရီလောက်ကျတော့ လူကြီး၊လူငယ် ၂ ဖွဲ့ခွဲ၊ လူငယ်တွေက park ဘက်သွားပြီး discussion လုပ်တယ်။ လူမျိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကချင်လူငယ်နဲ့ အချစ်ရေး၊အိမ်ထောင်ရေးတွေပေါ့ဗျာ။ နောခံစားလို့ကိုမရဘူးဗျ။ (သွားမပြောနဲ့နော်။ တော်ကြာ ဆရာတွေ နောကို lecture ထပ်ပေးနေအုန်းမယ်) နောအတွက်က ရှင်းရှင်းလေး။ အချိန်တန် မိဘသဘောတူတဲ့သူနဲ့ ယူမယ့်ကိစ္စ၊ အုန်း မစားနေချင်ဘူး။ နော တောင့်တလိုချင်တာက အစ်ကိုအစ်မဆီကမေတ္တာ၊ အဲဒီအပေါ်မှာပဲ thrilled ဖြစ်တာ (ကြေငြာဝင်တာမဟုတ်ပါဘူးဗျာ).. နောအစ်ကိုတွေ တော်တော်လည်တယ်ဗျ။ discussion ပြီးလို့ အဆောင်ပြန်တဲ့အချိန် နောကိုဆူဖြစ်အောင်ဆူသွားကြသေးတယ်။ “မင်း..ဆရာပြောတာသေချာနားမထောင်ဘူးမလား” “ စိတ်မဝင်စားဘူးမလား” “ ဖုန်းကိုဟိုကလိ ဒီကလိ လုပ်နေတာ တွေ့တယ်” တဲ့။ ဘလိုင်းကြီး power ပြသွားတာလေ။ ဘယ်ရမလဲ… နောကလည်း “အာ..မဟုတ်ပါဘူး။ အမှန်အကန်အလေးအနက်ထားလို့ လက်တွေ့စမ်းသပ် အကောင်အထည်ဖော်ကြည့်မလားဆိုပြီး လူရှာနေတာဗျ” လို့ပြန်ကစ်ပြီး လစ်တာပေါ့။ နောချစ်တဲ့ မမတွေနဲ့ တစ်ခန်းတည်းယူထားတော့ ပျော်စရာကြီး။ Ah Ji, Ah Shawng Htu Shan တို့နဲ့ပေါ့။ တခြား အဘွား ၃ ယောက်တော့ပါတယ်။ သူတို့ကတော့ စောစော အိပ်ယာဝင်သွားကြတယ်။ Ah Shawng Ja Awn, Ah Shawng Seng Bu မလာဘူးဗျ။ Ah Ba Kai နဲ့ Ah Bawk Bawm Win ကိုလည်း သတိရတယ်။ သူတို့သာရှိရင် နောပိုပျော်မှာဗျ။ ည ၁၂ လောက် အိပ်ယာဝင်ကြတယ်။


(အဲ.. ဒါလဲ ရေးတာ တော်တော်ရှည်သွားတယ်။ ကျန်တာကို နောက်ရက်ခေါင်းစဉ်နဲ့ သပ်သပ်ခွဲရေးလိုက်မယ်နော်)