My Fav. Songs

February 10, 2009

Fellowship Soccer Competition! (CNY - 3)

၂၇.၂.၂၀၀၉

မနက် ၅ နာရီခွဲ ထရမယ်တဲ့။ နော နိုးတော့ ၆ နာရီ.. ဟီး.. နောအခန်းထဲက အဘွားတွေနဲ့ အစ်မတွေအားလုံး မနက်စာ အတွက်တောင် ပြင်ဆင်ပြီးနေကြပြီ။ နော အိပ်ချင်မူးတူးနဲ့မျက်နှာသစ်၊ သွားတိုက်ပြီး ထမင်းစားဆောင်ဖက်သွားတယ်။ နောက ညနက်၊ မိုးလင်းခါနီးထိ မအိပ်ရချင်နေပါစေ။ မနက် ၅ နာရီ ကနေ ၈ နာရီ အတွင်းအိပ်ခွင့်ရရင် အိပ်ရေးဝတယ်ဗျ။ နော တို့ ကချင် အဖွဲ့ရဲ့ breakfast က ကြက်ဥhalf-boiled, sandwich နဲ့ hot drink ပေါ့။ နောမှ မျက်စိဖွင့်လို့မရသေးတာ။ ထမင်းစားတဲ့နေရာရောက်တော့ as usual နောအစ်ကိုတွေဝိုင်းမှာ ထိုင်ပြီး ခုံပေါ်မှာ မှောက်အိပ်နေတာပေါ့။ နောမှ အိပ်ချင်မပြေသေးတာ။ နောအစ်ကိုတွေ စတာတောင်ပြန်ရန်မတွေ့အားပါဘူးဗျာ။ အဲဒီတုန်းက ရေလည်အိပ်ချင်နေတာဗျ။ ခဏကြာတော့ Ah shawng htu shang လေ.. Thomson အဖွဲ့ဆီသွားပြီး ကောက်ညှင်းပေါင်းသွားယူနေတယ်။ သူတို့breakfast ကကျတော့ ကောက်ညှင်းပေါင်းနဲ့ ငါးကလေးတွေကြော်ထားတာဗျ။ နော နည်းနည်းမျက်လုံးကျယ်လာပြီ.. :D နောက် မနေနိုင်တော့ဘူးဗျာ. Ah shawng တို့ ဝိုင်းဆီသွားပြီး ကောက်ညှင်းပေါင်း တောင်းစားလိုက်တာပေါ့။ အမှန် ah shawng က ဆရာတစ်ယောက်စားချင်တယ်ဆိုလို့ သွားယူပေးတာတဲ့။ (မသိရင်လည်း မေ့လိုက်၊ သိရင်လည်းပြန်သွားပြောမနေနဲ့အုံး။ နောက အဲဒီဆရာကို သိပ်ကြည်တာမဟုတ်ဘူးဗျ။ ဘာကြောင့်လဲ လာမမေးနဲ့။ နောလည်းမသိဘူး။ ok? ) ဒါပေမဲ့နောက ခပ်တည်တည် နဲ့ “နောစားချင်တယ်။ နောနည်းနည်းစားမယ်” လို့ ah shawng ကိုပြောပြီး စားတာပေါ့။ အမယ်.. သူက “စားလေ..ရပါတယ်” တဲ့ ah shawng ယူလာတဲ့ဟာကိုပဲ.. lol
နောက် Morning devotion လုပ်၊ lecture နည်းနည်းပေးပြီး camp အပိတ် ဆုတောင်းပွဲ စတယ်။ ဟဲ..ဟဲ.. ကြွားတာတော့ မဟုတ်ပါဘူးဗျာ။ နောက်ဆုံး group အလိုက်ဆုပေးတော့ နောတို့ group 1 ပထမရတယ်ဗျ။ နောက် group photo တွေရိုက်ပြီး ၁၁ နာရီခွဲလောက်မှာ နေ့လည်စာ စားကြတယ်။

၁၂ နာရီမှာ camp ပြီးသွားပေမဲ့ Kachin church နဲ့Thomson church .. fellowship ဘောလုံးပွဲရှိတော့ မပြန်ဖြစ်ကြသေးဘူး။ ဘောလုံးပွဲက ၃ နာရီမှစမှာ။ အဲဒါနဲ့ camp ကနေတဆက်တည်း နော ဦးလေးအိမ်မှာပဲ ခဏနားကြပြီး ၂ နာရီကျော်တော့ Farrer park နားက ငှါးထားတဲ့ ဘောလုံးကွင်းဆီ ချီတက်ကြတာပေါ့။ ဟိုရောက်တော့ Thomson အဖွဲ့တွေတောင် ရောက်နေပြီ။ နော တစ်သက် ဘောလုံးပွဲ အားပေးဖူးတာ ဒီရောက်မှဗျ။ ငယ်ငယ်က တခြားအားကစားတွေလုပ်၊ Ah Wa ရဲ့tennis ပြိုင်ပွဲတွေ လိုက်အားပေး၊ ကြည့်ဖူးပေမဲ့ ဘောလုံးပွဲကျတော့ အပြင်မှာ တခေါက်မှ မကြည့်ဖူးဘူးဗျ။ ဒီအခေါက်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီ။ နောအခုထိမှတ်မိနေသေးတယ်။ နောကြည့်တဲ့ပထမဆုံးပွဲ Thomson နဲ့ ကန်တုန်းက နောအရမ်းရင်တုန်တာဗျ။ ရှုံးမှာ အရမ်းကြောက်တယ်။ ကန်နေတဲ့သူတွေထက်တောင်ပိုပင်ပန်းတယ်ဗျ။ အဲဒီအခေါက်တုန်းကဆို ဘောလုံးပွဲလည်းပြီးရော၊ နိုင်လည်းနိုင်ရော.. နော နှလုံးအရမ်းတုန်ပြီး အသက်ရှုရပ်သွားမလား လို့တောင် ထင်ရတယ်။ နောဆို ဘောလုံးပွဲလိုက်အားပေးတိုင်း နောအစ်ကိုတွေကိုပြောထားတယ်။ ရှုံးလို့ကတော့ ဘယ်တော့မှ လိုက်မအားပေးတော့ဘူးလို့။ အဲလို မတွေးသင့်၊ မပြောသင့်ဘူးဆိုတာ နောသိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးဗျာ။ နော အရှုံးကို မရင်ဆိုင်ရဲဘူးဗျ။ အဲ.. နောက်ဆုံးတော့ နောတို့ ကချင် အဖွဲ့ နိုင်သွားပါတယ်။ ပင်လည်း ပင်ပန်းနေပြီဆိုတော့ ဘောလုံးပွဲပြီးတာနဲ့ အိမ်ပဲပြန်လာခဲ့တယ်။ နော ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ။ အဲလိုပဲ camp တွေသွားပြီးပြန်လာရင် အနည်းဆုံး ၁ ပတ်လောက်ကတော့ ဝမ်းနည်းပေတော့ဘဲ။ တော်သေးတာပေါ့… အိမ်ပြန်ရောက်တော့ အိမ်မှာ အစ်မတွေရှိနေလို့..sighhh…


The Bible Church & Mt. Sinai Cell


(Around Mid June ’07…)

Eee… it’s quite far and takes time to attend the service at Thomson Church as it’s in Novena. Then, I stay in Clementi. So.. how?? I had been involving there since I was in s’pore. Actually, I was just a lazy bone and so I thought of something and looked around my neighbourhood. At that time, Ginza Plaza (now, West Coast Plaza) was still under renovation. Beside it, ohh… there’s a church!! It’s very near to my house, huhh?? Only 5 mins walk! It’s in West Coast road between Ginza plaza and the Clementi Woods where I used to go for jogging. :D

On Sunday, I alone went down to that church. Oops.. in fact, the building name is “Clementi Bible Centre” inside got 2 churches: The Bible Church, Singapore and Mt. Carmel BP Church.. and moreover, there is a Clementi Wood Kindergarden. The kindergarden is in ground floor. The bible church’s sanctuary and it’s offices, classrooms are in 1st floor, Mt. Carmel BP church’s ones are in 2nd floor. Both churches have same worshipping times with two English services: 8.30 and 10.45am. Each also has other dialect worship services. On my very first Sunday at that building, I did attend both churches, u know? That’s why I had been to Mt. Carmel church, too. On that day, I even joined the young adult group’s retreat from Mt. Carmel church cos they welcomed me by name as I was very new to them. After that, I don’t know why I chose The Bible Church… may be cos of God’s will lorr..

As I was the only one Myanmar there, they recognized me and gradually, I came to know with all ministry staff, uncles and aunties from that church. Moreover, due to the Alpha Course, our relationtionship’s getting stronger and stronger. Most of my uncles and aunties are from Mt. Sinai Cell group. They are keen to do mission to our Myanmar people, so through me, we tried to outreach to Myanmars residing in s’pore. I brought my bros and siss to Alpha Course and from then on, we could build a small Myanmar group with Mt. Sinai Cell. We often gathered and had fellowship lunch and all that. It’s quite odd that all my bros and siss whom I brought to the church and Alpha Course were not of the same religion with me. :D But, I assure they might enjoy being with us.


Nevertheless, I was just schooling at that time. I still remember and do thank to one of my aunties for taking care of me during my exam. She even cooked a wonderful unforgettable dish for me. Other aunties also looked after me like their child. Uncles drove us to many places and let us try the s’pore atmosphere. Apart from Sentosa and Pula Ubin where most Myanmar go, I have been to all over s’pore already and could taste fantastic local and western foods which I even didn't dream about... cos of them. ^.^Ultimately, in the midst of the blues, heavy heart and hard knocks, my aunties and uncles were ready to pray for me, mentor me and soothe me. I just can’t imagine of God’s greatness on me and at the same time, I could go through what the Bible says: “We are one in Christ.” Then, I would like to add one thing that sometimes, water can be thicker than blood. So far, by God’s grace, I haven’t crossed the path with any prejudice.

January 28, 2009

မေအိ၊ အနော ပြီးတော့ flying without wings

ဒီခေါင်းစဉ်လေးကတော့ မေအိတစ်ယောက် အင်္ဂလိပ်သီချင်းတွေကို တရှိုက်မက်မက် နားထောင်တတ်သွား တဲ့ အကြာင်းပါ။
စကားကြီးစကားကျယ်ပြောကြည့်တာပါ. တကယ်တော့ မခံချင်လို့။
ဘာလို့မခံချင်ရသလဲ ဆိုတာ အောက်မှာ ရှုစားတော်မူကြပါဗျိုး......။

ငယ်ငယ်က တော့ အင်္ဂလိပ်သီချင်းဆို နဲနဲပါးပါးတော့ သိတယ်။
တရုတ်နှစ်သစ်ကူးတို့ဘာတို့ ဆို စင်ပေါ်တက်တက် ဟဲနေကျပေါ့ ။ ၆တန်းတုန်းကဖြစ်မယ်။
အဟဲ ည၀တ်အိပ်အက်ျီ ကြီးနဲ့။ အရှက်မရှိ ကဲတာပေါ့။
blowing in the wind တို့ casabalanca တို့ ဘာတို့လောက်တော့ သိပါတယ်။
အတန်းနဲနဲ ကြီးလာတော့ အိမ်က အဆောင်ပို့လိုက်တာနဲ့ သီချင်းတွေနဲ့ ဝေးသွားတယ်။

အဲ့ဒီရက်ကပေါ့။ ဦးနေ၀င်းသင်္ချာ ကျူရှင်မှာ ..ညနေပိုင်းအချိန်ပေါ့။
နောတို့နဲ့က ၉တန်းလောက်ထဲကခင်တာလေ။ နောတို့ ထ၆ ။ အိ တို့က ထ၄ ။
ကျောင်းကွဲပေမယ့် ခင်ကြတယ်။အင်း အဲ့လို ။ပြောမယ့်ဟာတောင် ဘယ်ရောက်သွားပါလိမ့်။
သြော် အဲ့နေ့က ကျူရှင်မှာ ဆရာကမလာသေးဘူး။ အိက ဘယ်ဘက်တန်းမှာ ထိုင်နေတယ်။နောက ညာဘက်ခုံက ကပ်ရပ်မှာထိုင်နေကျ။
နောက ရပ်နေတုန်း ချိုလွင်ဆိုတဲ့ သူငယ်ချင်းက ၀င်လာတာပေါ့။
ချိုလွင်ဆိုတာ ယောက်ျားစတိုင်နဲ့ ပေတေနေအောင်ဆိုးတဲ့ ဆော်ပေါ့ဗျာ...။
နောက ချိုလွင်လာတာလဲ မြင်ရော လက်ကို ကမ်းပေးလိုက်တယ် ။
ဟိုကောင် ချိုလွင်ကလဲ slow motion လုပ်ပြီး လက်ကြီးကိုဆန့်ပြီးလာတယ်။ တလှမ်းချင်းနဲ့ ...။
ရုပ်ရှင်တွေထဲက မင်းသမီးနဲ့ မင်းသားပြေးဖက်တဲ့ အခန်းလိုပေါ့။
အနီးနားရောက်မှ westlife ရဲ့ flying without wings သီချင်းကို နှစ်ယောက်သား ဆိုလို့။
နှစ်ယောက်သား ၁၀နှစ်လောက် မတွေ့ရတဲ့ ပုံစံနဲ့ ဖက်လို့ အရူးထနေကြတာလေ..။

****I'm flying without wings
And that's the joy you bring
I'm flying without wings ******


အရမ်းအော်ရီချင်လာတာနဲ့ ရီပစ်လိုက်တယ် ။ အဲ့သီချင်းကိုလဲ အဲ့တော့မှကြားဖူးတာ။
ချိုလွင်က "ဘာရီတာလဲ ဒါသီချင်း။သွားပြီ ဒိုင်ခေတ်စတီတို့က တော့ date out ပြီ" တဲ့။
သူက မေအိကို ဒိုင်ခေတ်စတီလို့ ၉တန်းထဲက ခေါ်တာပါ။
၉တန်း ၁၀ တန်းတုန်းက ဆံပင်ပုံက တိုတိုလေးနဲ့ နောက်က ဆံပင် အမြီးတွေက ရှည်သေးဆိုတော့
သူပေးထားတဲ့ ဆံပင်ကေ နာမည် ပါ။ (ဒီခေတ်စတိုင် တဲ့ မိုက်သားပဲနော်)

အဲ့ထဲက မခံချင်လို့ အိမ်ပြန်တဲ့နေ့တိုင်း နားထောင်တာပဲ။ စာကို မကျက်ဘူး။
မေအိ ဆေးလိုင်းမ၀င်တာ အဲ့နှစ်ကောင်ကြောင့်။သူတို့ တရားခံ အဟင့်ဟင့် ;( ။

(ဟိဟိ ဘာမှလဲ မဆိုင်ဘူး)
ဆယ်တန်းဆရာကန်တော့ပွဲ တုန်းကလဲ သီချင်းဆိုပြိုင်တော့ westlife ရဲ့ MY Love ကို ဆိုပြီး ပြိုင်ကြသေးတယ်။
အမှတ်ပြည့် ၁၀မှတ်ရတယ်။ ဖုန်းဖုန်း ဆို အာဗြဲကြီးနဲ့ အော်ဆိုတာ။
အဲ့တုန်းက အသင်းလေးသင်းလုံး ၁၀မှတ်ရပါတယ်တဲ့ kenshin က ပြောတယ်။
ဘာမှမမှတ်မိတဲ့ RAM Boy က ဒါတော့မှတ်မိသားပဲ။။ဟီဟိ။
အဲ့နောက်မှာတော့ တက္ကသိုလ်ရောက်လို့ ပိုပြီးပေါင်းမိရော သီချင်းတွေကိုတူတူနားထောင်ဖြစ်ခဲ့ပါတယ်။
ခုထိပဲဆိုပါတော့ ။ နဲနဲပါ ။

အဓိက ပြောချင်တာကတော့ အင်္ဂလိပ်သီချင်းနဲ့ အနောတို့ကို အမှတ်တရဖြစ်ခဲ့တဲ့အကြောင်းပါ။
သူတို့ကျေးဇူးကြောင့် နားထောင်တတ်သွားတယ်ဆိုပါတော့ အဟီးး။
နောနောရေ ကျေးဇူးပါကွယ်..။

(ကဲ ဖွလို့ဝပြီ ဆိုတော့ ဒီလောက်ပါပဲ .ဟဲ့ ဟို Baka ကလဲ ဘာမှမရေးဘူးနော်
နောရေ.. နင်လဲ ဘာမှမလုပ်တဲ့ကောင်ကိုမှ Admin ပေးမိတယ်နော်..။
အဲ့ကောင် ကျောင်းတုန်းကလဲ ဘာမှမလုပ်ဘဲ အစိမ်းအသင်းခေါင်းဆောင်လုပ်သေးတယ်။
အဲ မှားလို့ ခေါင်းရှောင် ခေါင်းရှောင် ..။
အဟဲ တကယ်တော့ ငါလဲ ဘာမှမလုပ်ပါဘူး ။ဒါကြောင့် ငါလဲ လွတ်လွတ်နေတာဖြစ်မယ် နို့မို့ မလွယ်ဘူး။
Kenshin သိရင် သီချင်းအသစ်တွေ လှမ်းမပို့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။
သြော် ငါ့မှာလဲ နင့်အသိုက်ကိုပျံလိုက် ဟိုအရူးအသိုက်ဆီပျံလိုက် ကိုယ့်အသိုက်မှာကျယ်နေလိုက်နဲ့
ခုမှ flying without wings စစ်စစ် ဖြစ်နေပြီ...)

January 17, 2009

We myanmar's creativity (3) ^.^

We myanmar's creativity (2) ^.^

We myanmar's creativity (1) ^.^

January 9, 2009

ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်းကို တွယ်တက်ကြရအောင်... lol

I got dis article fr. one of my siss' fwd mail. I'm not sure d composer's pseudonym or not...

anyway, thz for sharin' it!

ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က ကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။

" ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။ ဒါနဲ့ ပြန်ပြောလိုက်တယ်.." ဟာ..အိမ်မှာ မဟုတ်ဘူးကွ.. မြို့ထဲရောက်နေတယ် "ဆိုတော့.. " ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။

ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း... ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တ၀မ်းပူ"လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)
ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်...
"အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။
ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။
ဆိုင်ရှင် အကိုကြီးက " ဘာ..ဘာဗျ..".ဆိုတော့
" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။
ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာ မင်းပြောပေါ့ကွ..ဆိုတော့..
သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...။ ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..
" နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.." ဆိုတော့မှ...အဖြစ်မှန်ကိုသိရတော့တယ်...။

" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..
မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်...။
အင်တာနက်ဆိုင်ကို ရှာပြီးသွား... ပြီးရင် ကျွန်တော်
ကြီးတော် နဲ့ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့"။

အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။
သူပြောချင်တဲ့...
ကြီးတော် ဆိုတာ...ဂျီတော့ခ် (Gtalk ) ကိုးဗျ...။

ဂျီတော့ခ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။
နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ ပက်လက်လန်တာပါပဲ..။
" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...
သူက အမြဲတမ်း
အုတ်လိုင်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"

သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ....။
ဘုန်းကြီးက
online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။
သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။

ဒါကြောင့်မို့ပေါ့..သူငယ်ချင်းတို့ရေ....
မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း
ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ...။ ။

Hope u all will enjoy it! ^.0