၂၇.၂.၂၀၀၉
မနက် ၅ နာရီခွဲ ထရမယ်တဲ့။ နော နိုးတော့ ၆ နာရီ.. ဟီး.. နောအခန်းထဲက အဘွားတွေနဲ့ အစ်မတွေအားလုံး မနက်စာ အတွက်တောင် ပြင်ဆင်ပြီးနေကြပြီ။ နော အိပ်ချင်မူးတူးနဲ့မျက်နှာသစ်၊ သွားတိုက်ပြီး ထမင်းစားဆောင်ဖက်သွားတယ်။ နောက ညနက်၊ မိုးလင်းခါနီးထိ မအိပ်ရချင်နေပါစေ။ မနက် ၅ နာရီ ကနေ ၈ နာရီ အတွင်းအိပ်ခွင့်ရရင် အိပ်ရေးဝတယ်ဗျ။ နော တို့ ကချင် အဖွဲ့ရဲ့ breakfast က ကြက်ဥhalf-boiled, sandwich နဲ့ hot drink ပေါ့။ နောမှ မျက်စိဖွင့်လို့မရသေးတာ။ ထမင်းစားတဲ့နေရာရောက်တော့ as usual နောအစ်ကိုတွေဝိုင်းမှာ ထိုင်ပြီး ခုံပေါ်မှာ မှောက်အိပ်နေတာပေါ့။ နောမှ အိပ်ချင်မပြေသေးတာ။ နောအစ်ကိုတွေ စတာတောင်ပြန်ရန်မတွေ့အားပါဘူးဗျာ။ အဲဒီတုန်းက ရေလည်အိပ်ချင်နေတာဗျ။ ခဏကြာတော့ Ah shawng htu shang လေ.. Thomson အဖွဲ့ဆီသွားပြီး ကောက်ညှင်းပေါင်းသွားယူနေတယ်။ သူတို့breakfast ကကျတော့ ကောက်ညှင်းပေါင်းနဲ့ ငါးကလေးတွေကြော်ထားတာဗျ။ နော နည်းနည်းမျက်လုံးကျယ်လာပြီ.. :D နောက် မနေနိုင်တော့ဘူးဗျာ. Ah shawng တို့ ဝိုင်းဆီသွားပြီး ကောက်ညှင်းပေါင်း တောင်းစားလိုက်တာပေါ့။ အမှန် ah shawng က ဆရာတစ်ယောက်စားချင်တယ်ဆိုလို့ သွားယူပေးတာတဲ့။ (မသိရင်လည်း မေ့လိုက်၊ သိရင်လည်းပြန်သွားပြောမနေနဲ့အုံး။ နောက အဲဒီဆရာကို သိပ်ကြည်တာမဟုတ်ဘူးဗျ။ ဘာကြောင့်လဲ လာမမေးနဲ့။ နောလည်းမသိဘူး။ ok? ) ဒါပေမဲ့နောက ခပ်တည်တည် နဲ့ “နောစားချင်တယ်။ နောနည်းနည်းစားမယ်” လို့ ah shawng ကိုပြောပြီး စားတာပေါ့။ အမယ်.. သူက “စားလေ..ရပါတယ်” တဲ့ ah shawng ယူလာတဲ့ဟာကိုပဲ.. lol
နောက် Morning devotion လုပ်၊ lecture နည်းနည်းပေးပြီး camp အပိတ် ဆုတောင်းပွဲ စတယ်။ ဟဲ..ဟဲ.. ကြွားတာတော့ မဟုတ်ပါဘူးဗျာ။ နောက်ဆုံး group အလိုက်ဆုပေးတော့ နောတို့ group 1 ပထမရတယ်ဗျ။ နောက် group photo တွေရိုက်ပြီး ၁၁ နာရီခွဲလောက်မှာ နေ့လည်စာ စားကြတယ်။

No comments:
Post a Comment