State ကျောင်းမှာတုန်းကတော့ computer ဆိုတာကိုတွေ့ဖူးပါတယ်။ multimedia room ထဲမှာထားထားတာ။ ၁၀ တန်းပြီးသွားပေမဲ့ မသုံးလိုက်ရပါဘူး။ ၁၀ တန်းဖြေပြီးကျောင်းတွေ မဖွင့်သေးခင် သင်တန်းတွေတက်ကြတယ်။ နောက SAG နဲ့ ဆရာဦးထွန်းအောင်ကျော် class ဘဲတက်နေတာ။ တစ်ရက် အစ်မက.. ခဏနော်၊ စမ်းကြည့်ကြည့်မယ် တဲ့။ အဲ.. အစ်မလုပ်တော့ ရတယ်ဗျ။ နောက “အစ်မလုပ်ကြတော့ ရတယ်၊ နောကျတော့ ဘာလို့မရတာလဲဟင်” လို့မေးတော့ ပြန်လုပ်ကြည့်ကြည့်လေ ဆိုပြီးပြောတယ်။ သူလုပ်သွားတာတွေ အကုန်ပြန်ဖျက်ပြီး အစကနေပြန်လုပ်ကြည့်လိုက်တယ်။ သူလုပ်ပြသွားတုန်းက အဲဒီအချိန်နောအနေနဲ့ဆိုရင်အရမ်းမြန်တယ်။ ဒါပေမဲ့ နော concept မိသွားတယ်လေ..ဟဲဟဲ.. သင်တန်းဆင်းပွဲလည်းမသွားဖြစ်ပါဘူး။ နောက အဲတိုင်းပဲ.. ကဂျိုးကဂျောင်သိပ်လုပ်တတ်တာ။ နောက် Ah Wa ကနေတဆင့် ဆရာက Cert. လာယူဖို့ပြောလို့ရုံးသွားလိုက်ရသေးတယ်။ နောက တကယ့်ငပြောင်.. စာမေးပွဲဖြေတာ ဆုရတယ်ဆိုပဲ။ အဲဒါ Cert. အပြင် USDA တံဆိပ်နဲ့ တိုင်ကပ်နာရီ ၁ လုံးလက်ဆောင်ရလာတယ်ဗျ။ ကျေးဇူးတော်ပဲ.. ^.0 ဒီ Cert. ကမြန်မာပြည်မှာ နောယူခဲ့တဲ့ ၁ ခုတည်းသော Cert. ပါဘဲခင်ဗျား။ နောက်ပိုင်း USDA နဲ့ အဆက်ပြတ်သွားတယ်။ အိမ်က စက်မှာ နောအတွက် အသုံးဝင်တာဆိုလို့ game ပဲရှိတော့ သင်ထားတာတွေလည်း မေ့တေ့တေ့ဘဲ။ game တွေကိုတော့ မူးပြီး အန်တဲ့ အထိကြိုးစားခဲ့ဘူးတယ်.. :P
GCC ရောက်တော့ computer သဘောတရားလေးတွေ နည်းနည်းပါးပါးသိလာပါတယ်။ နောအတွေးကိုပဲပြောတာနော်.. computer ဆိုတာ ဘာမှတော့မဟုတ်ဘူး။ application software တွေကိုသုံးတတ်ရင်ရပြီ။ အဲဒါကလည်း သူ့ instructions အတိုင်းလိုက်လုပ်ကြည့်ရင် ရတယ်။ အားလုံး English လိုပဲရေးထားတာ။ သင်တန်းတက်၊ သင်နေစရာတောင်မလိုဘူး။ အဲ အမြဲ ထိတွေ့နေဖို့တော့လိုတာပေါ့။ programming နဲ့ hardware အပိုင်းကိုတော့ မဆိုလိုပါဘူး။ ဒါတွေလည်း စာများများဖတ်ပြီး အမြဲလုပ်ဖြစ်နေရင် တတ်နိုင်တာဘဲ။ အဓိကတော့ စိတ်ဝင်စားပြီး ကလိတတ်ရင် ရပြီ။ နော စဉ်းစားမိတာနော်.. chatroom တွေသာ စောစော ခေတ်စားခဲ့မယ်ဆိုရင် typing tutor software company တွေ ဒေဝါလီခံရဖွယ်ရှိတယ်။ :P မြန်မာလက်ကွက် တွေဆိုရင်လည်း အချိန်ပေး၊ လေ့ကျင့်နေစရာမလိုဘူးပေါ့။ lol
Programming ဘာသာရပ်အတွက် ကျောင်းစာရော အထောက်အကူရအောင်ဆိုပြီး နောတို့ သူငယ်ချင်း တဖွဲ့လုံး USDA ကဆရာမှာ ကျူရှင်တက်ကြတယ်။ GCC ကျောင်းသား၊သူ အားလုံးနီးပါး ကျောင်းက programming ဘာသာရပ်အတွက် ဆရာ့ဆီမှာ တက်ကြတာများတယ်။ ဒီတခါ ကိုယ့်အဖွဲ့ချည်းပဲဆိုတော့ နောတို့ သောင်းကျန်းရဲသွားတာပေါ့။ ဆရာတွေကတောင် “ဝတုတ်လေး.. ပြောင်းလဲသွားပါလား.. တော်တော်ဆိုးလာတယ်” တဲ့။ :P programming ကျတော့ နောစိတ်ဝင်စားတယ်ဗျ။ ဆရာအိမ်စာပေးလိုက်တဲ့ ပုစ္ဆာတွေကို အိမ်မှာပြန်လုပ်ကြည့်ပြီး run လို့ရရင် အရမ်းပျော်တယ်။ ကျောင်းသာ ပြီးသွားတယ်။ ကျောင်းက စက်ကနေ internet မ access လိုက်ရပါဘူး။ နောရန်ကုန်မှာ နေတဲ့အထိ internet သိပ်မသုံးဖြစ်ခဲ့ဘူး။ ရန်ကုန်အိမ်က computer မှာလည်း encyclopedia ဖတ်၊ toefl အတွက် self-study လုပ်..ဒီလောက်ပဲ။ nu htang နဲ့ ၈ မိုင်ရုံးလိုက်သွားတဲ့အခါတွေသာ internet surfing လုပ်ဖြစ်တာ။ game ဆော့တာကတော့ ထည့်ရေးစရာတောင်မလိုဘူးထင်တယ်.. understood! ဟဲ..ဟဲ။ ဒီရောက်တော့ online ဂျပိုးဖြစ်သွားပြီး အိပ်ချိန်ကလွဲရင် ၂၄ နာရီ monitor နဲ့မျက်နှာကို မခွါတော့ဘူး။ တခြား ဘာမှလုပ်တာမဟုတ်ဘူး။ baka နဲ့ billard ပြိုင်ထိုး၊ game ဆော့၊ anime ကြည့်၊ စကားပြောကြတာလေ။ သူက States မှာနေတော့ နောနဲ့က နေ့၊ည ပြောင်းပြန်။ ဒါပေမဲ့ သူလည်း ကျောင်းတက်နေတုန်း၊ နောလည်း ကျောင်းတက်နေတာဆိုတော့ နှစ်ကောင်သား သူကျောင်းသွားချိန်နောအိပ်၊ နောကျောင်းသွားတဲ့အချိန် သူအိပ်၊ timing ကိုက်ပြီးတော့ကို ဆော့တာဗျ။ သူက ၁၀ တန်းပြီးကတည်းက states ကိုရောက်သွားတာ။ အမှန်အတိုင်းဝန်ခံရရင် အခုချိန်ထိ နော computer သေချာမသုံးတတ်သေးပါဘူး။ အသားကုန်တော့ ကလိတာပဲ။ နော lappy လေးက တော်တော်အကြမ်းခံသား။ တခုခုဖြစ်ရင် baka ဆီ screen shot ရိုက်ပြီးမေး၊ သူပြောသလို လိုက်နာရတာပေါ့။ အရေးထဲ မေးတာကနည်းနည်း၊ ဆရာလုပ်တာကများများ၊ အမြင်ကိုကတ်တယ်။ သူနဲ့ နောက ပြောမနာ၊ဆိုမနာ သူငယ်ချင်းအရင်းခေါက်ခေါက် ( baka ရေ.. baka ခေါင်းကိုခေါက်နေတယ်လို့ သဘောထားလိုက်မယ်နော်.. :P ) ကြီးတွေလေ။ ကလိတာလွန်သွားလို့ baka လည်း မကယ်နိုင်တော့ဘူးဆိုရင် ကိုထွေးရှိတယ်။ :D သူက programmer ဆိုပေမဲ့ အကုန်ရတယ်။ ဆရာကြီးဗျ.. ကိုမော်ကွန်းတို့ အသုတ်တွေလေ။ အသုံးတည့်မယ့် program အသစ်အဆန်းလေးတွေ ပေါ်ရင်လည်း နော ဦးလေး၊ အစ်ကိုတွေက ပို့ပေးနေကျဗျ။ blog ရေးဖို့ တိုက်တွန်းပြီး အကြံဥာဏ်ပေး၊ နောမလုပ်တတ်တာတွေကိုပြောပြပေးတာ ကိုလေးလေ။ webpage တွေလုပ်ဖြစ်တာကျတော့ ကိုလတ်ကြောင့်ပေါ့။ သူကနောကိုဆို မခံချင်အောင် အရမ်းစနေကျ။ “နော ဒါလေးတောင်မလုပ်တတ်ဘူးလားကွ” လို့ပြောရင် ရေလည်စိတ်တိုတာ.. သူကကျတော့ designing ပိုင်း crazy သမားလေ။ နောက ဟုတ်နေတာပဲ.. thz God ပါ.. ဆရာကောင်းတွေပေးထားလို့လေ။ နောက် Uncle Kenneth, Uncle Kek နဲ့ Pastor Chin Tong ရှိသေးတယ်။
No comments:
Post a Comment