အနုက အိမ်တွင်းမှုလည်းရတယ်။ အနု အရင်တုန်းက ၂ ချောင်းထိုးထိုးတယ်။ နောတို့အတွက် သိုးမွေးဆွယ်တာလေးတွေထိုးပေးဖူးတယ်။ နော ၁ ချောင်းထိုးသင်တုန်းကဆိုအရမ်းရယ်ရတယ်။ Ah Shawng Ah Bu ဆီမှာသင်ရတာ။ အစပိုင်းတော့ တော်တော်လေးထိုးဖြစ်တယ်။ နောက် နောပျင်းလာတော့ ဂျလယ်ကြပြီး အနုကိုပြန်သင်ပေးလိုက်တယ်။ အိမ်မှာရှိတဲ့လက်ရာတွေက နောစလုပ်တာနည်းနည်း၊ အနုပဲအပြီးသတ်လုပ်ပေးထားတာက များတယ်။ :P
နောတို့တွေ တဖြည်းဖြည်း အတန်းကြီးလာ၊ အရွယ်ရောက်လာတော့ အိမ်မှာသိပ်မကပ်ဖြစ်တော့ဘူး။ ကျောင်း၊ ကျူရှင်၊ camps၊ သူငယ်ချင်းတွေနဲ့ပဲ မိုးလင်းကနေမိုးချုပ်အထိပေါ့။ နောတို့ ဝေယျာဝိဇ္ဇတွေ သိပ်မလုပ်ပေးရတော့ အနုဘာလုပ်တယ်ထင်လဲ?? ပန်းစိုက်ပါလေရော။ မနက်ဆို “ကသစ်ရိပ်” ကလက်ဖက်ရည်လေးသောက်ပြီးရင် အားတိုင်း ပန်းခြံထဲမှာပဲ အချိန်ကုန်နေတော့တာ။ အနုလည်း နောအဒေါ်တွေနဲ့ပေါင်းတာများပြီး coffee ကိုဆေးစွဲသလို စွဲနေပြီ။ ဘွားတော်လေးက ဆုကော်ဖီ ဆိုအသေကြိုက်။ ရန်ကုန်လူကြုံရှိလို့ကတော့ သူ့ ဆုကော်ဖီ မှာဖို့တော့မမေ့ဘူး။ နောက် အနုက သူ့အချစ်တော်တွေ တပုံကြီးနဲ့ အလုပ်ရှုပ်နေတော့တာ၊ အဝကတောင် ကြည့်မရတော့ဘူးတဲ့… ပါပီကြီး၊ ပါပီလတ်၊ ပါပီလေးတွေလေ။ :P အစက နောတို့ ဂျက်လီ ဆိုတဲ့ ခွေးလေး ၁ ကောင်မွေးဖူးတယ်။ ခွေးတွေကိုမုန်းပါတယ်ဆိုတဲ့ အဝ တောင် ဂျက်လီ ကိုအရမ်းချစ်သွားတာ။ အဲကောင်က လူအတိုင်းပဲ။ အနုပြောတာတော့ သူက လူဘဝနဲ့ အရမ်းနီးနေပြီမို့လို့တဲ့။ အနုဆို သူ့အတွက် အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတင်မကဘူး၊ ဖက်လုံးတောင်လုပ်ထားပေးလိုက်သေးတယ်။ အဲကောင်ဘယ်လောက်ကြီးကျယ်လဲဆိုရင် ခွေးလိုတောင်မအိပ်ဘူး။ ဂျက်လီ အဆိပ်မိပြီးသေသွားတော့ နောတို့တော်တော်ခံစားလိုက်ရတယ်။ နောတို့ အဲလိုဖြစ်လို့ဆိုပြီး အဝ က နောက်ထပ်ခွေးထပ်ပေးမမွေးတော့ဘူး။ ဒါပေမဲ့ ဘေးအိမ်က browny ဆိုတဲ့ခွေးကြီးကဘယ်ဘဝကရေစက်လဲမသိဘူး၊ နောတို့ဆီမှာပဲလာနေတယ်။ သူက Alsation မျိုးဗျ။ သူ့အိမ်မှာဘယ်လောက်စားရစားရ၊ အနုနယ်ကျွေးတဲ့ ထမင်းဟင်းအကျန်လေးတွေကို ဂျက်လီနဲ့လာလုစားနေကြ။ browny လည်း ဂျက်လီလိုပဲ၊ အရမ်းလိမ္မာသိတတ်တယ်။ အနုဘယ်သွားသွားလိုက်ပဲ။ မနန္ဒာ (ဘေးအိမ်ကအစ်မ)လည်း ခွေးအရမ်းချစ်တတ်တော့ အနုနဲ့ ၂ ယောက်ပေါင်းပြီးရောက်လာသမျှခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတော့တာပဲ။ နောတို့ ရုံးဝင်းကတော့ လုံသလားမမေးနဲ့၊ ဘယ်သူခိုးမှ မကပ်ရဲဘူး။ အခုချိန်ထိ browny မျိုးဆက်တွေ တသီတသန်းနဲ့ အနုတို့ အလုပ်ဖြစ်နေတယ်တဲ့။ အနုဘယ်သွားသွားနောက်ကနေလိုက်နေကြတော့တာပဲတဲ့။ ချစ်စုပုပြန်ပြောပြတာပါ။ နော အနုနဲ့ အတူမနေရတာ ၅ နှစ်နီးပါးရှိပြီဗျ… sighhh!
No comments:
Post a Comment