အနု က ဗမာ၊ အဝ က ကချင်… ဆိုတော့ကာ နောတို့က ကချင်မျိုးဟေ့ ဒို့ဗမာ ပေါ့ဗျာ။ :P ငယ်ငယ်တုန်းက အနုကို “မေမေ” လို့ခေါ်ဖူးတယ်ဗျ။ ချစ်စုပု (အငယ်ဆုံးညီမလေး) တောင်မမွေးသေးဘူးထင်တယ်။ တစ်ည…မိသားစု ညစာစားပြီး အနု နဲ့ အဝ ကမီးဖိုဘေးမှာ စကားပြော၊ နောတို့က ဆော့နေကြတာပေါ့။ အဲတုန်းက ပြည်တော်သာအိမ်မှာ… အဝက နောတို့ကိုလှမ်းခေါ်ပြီး၊ အနု နဲ့ အဝ ကို “မေမေ” “ဖေဖေ” လို့မခေါ်ရတော့ဘူးတဲ့။ ကချင်လို “Ah nu” “Ah wa” လို့ပြောင်းခေါ်ရမယ်တဲ့။ ကိုယ့်ကချင်စကားမပြောဖြစ်ရင်တောင် အခေါ်အဝေါ်ပြောင်းရမယ်တဲ့။ ( အဝ က အမြဲခရီးထွက်နေရတော့ အိမ်မှာက ဗမာလိုပဲပြောဖြစ်ခဲ့တာ ) အဲဒီညမှာပဲ စခေါ်ခိုင်းတယ်။ ဒေါင်ခေါင် (မောင်လေး) တော့မသိဘူး။ အဝကိုကြောက်လို့သာမဝံ့မရဲခေါ်ခဲ့တာ။ နောက် ၃၊၄ ရက်လောက် နော အနု နဲ့သိပ်စကားမပြောဖြစ်ခဲ့ဘူး၊ ခေါ်ရမှာ တမျိုးကြီးဖြစ်နေလို့… :P နောကြီးလာတော့ ကိစ္စတော်တော်များများမှာ အနု နဲ့က သူငယ်ချင်းလိုပေါင်း၊ ပြောဆို၊ တိုင်ပင်တယ်။ တရုတ်ကား၊ ကိုးရီးယားကားတွေ ခေတ်စားတုန်းကဆိုရင် အနုကို “မာမား၊ အွန်မား၊ အာမူးနိ” ဆိုပြီးတော့တောင် လျှောက်စခေါ်သေးတယ်။ အခုထိလည်း နော အနုကို စချင်ရင် အဲလိုတွေခေါ်တုန်းပဲ။ :D ဒါပေမဲ့ “မေမေ” လို့တော့ အတည်မပြောနဲ့၊ စသလို နောက်သလိုတောင်ခေါ်လို့မထွက်ဘူး။ နောက အူကြောင်ကြားဗျ။ အပြောင်းအလဲသိပ်လက်မခံနိုင်ဘူး။ ငယ်ငယ်တုန်းက ရှေးရိုးသမားလေးပေါ့။ အခုတော့ ရှေးရိုးသမားကြီးဖြစ်နေပြီပေါ့ဗျာ lol…
My Fav. Songs
March 13, 2009
Ah nu ဖတ်ဖို့... (၁) - အခေါ်အဝေါ်

Labels:
Memoir,
My dear ones
Subscribe to:
Post Comments (Atom)
3 comments:
နောလိုပဲ မယ်အိလဲ ဖြစ်ဖူးတယ်
မယ်အိတို့ ဖေဖေက ရခိုင်ဆိုတော့ “ပါပါ” လို့ခေါ်ခိုင်းတာပေါ့။
ငယ်ငယ်တုန်းက ခေါ်ရမှာ ရှက်လို့ စကားမပြောရဲလောက်အောင်ပဲ
အလဲ့ သူက မခေါ်ရင် အရက်အရမ်းသောက်မှာလို့ ခြိမ်းခြောက်လိုက်သေးတယ်
ခုတော့လဲ နောလိုပဲ သူ့ကို စချင်ရင် ပါပါးရေ အပါးရေ ဆိုပြီး ကိုရီးယားလေသံနဲ့။
အဟဲဟဲ
ဖြစ်ရမယ်... ^.^
ဘဝတူတွေပဲဟာ... lol
အေး နောလို ဘဲ အမသားတွေ လဲ အဲဒီလို ဖြစ်နေတယ် အမ က ဗမာစစ်စစ် အမအမျိုးသား က ကချင်
သားတို.ကို Ah Nu Ah Wa လို.ခေါ်ဖို.သင်ပေးတယ် သိတော.သိတယ် မခေါ်ကြဘူး မာမီ ဒယ်ဒီ ဘဲ ခေါ်တယ်လေ သားကြီးက သားငယ်ကတော. ၉ လ ဘဲ ၇ှိသေးတယ်
Post a Comment