My Fav. Songs

December 23, 2009

Dedicated to ... ...




I'm Yours (by Jason Mraz)

G D Em C


G
Well, you dawned on me and you bet I felt it

D
I tried to be chill but your so hot that i melted

EmC
I fell right through the cracks, and i'm tryin to get back

G
before the cool done run out i'll be givin it my best test

D

and nothin's gonna stop me but divine intervention

EmC
I reckon it's again my turn to win some or learn some


GD

I won't hesitate no more,

EmCGDEmC
no more, it cannot wait, I'm yours





GD

Well open up your mind and see like me

Em
open up your plans and damn you're free

C
look into your heart and you'll find love love love love

GD

listen to the music of the moment people, dance and sing

Em
we're just one big family

C
and it's our god forsaken right to be loved loved loved loved loved


GD
So I won't hesitate no more,

EmC
no more, it cannot wait, I'm sure

GDEm
there's no need to complicate our time is short

C
this is our fate, I'm yours

D-d-do do you, but do you, d-d-do
But do you want to come on
Scooch on over closer dear
And I will nibble your ear

I've been spending way too long checking my tongue in the mirror
and bendin over backwards just to try to see it clearer
but my breath fogged up the glass
so I drew a new face and I laughed
I guess what I be saying is there ain't no better reason
to rid yourself of vanities and just go with the season
It's what we aim to do
our name is our virtue


GD
But I won't hesitate no more,

EmC
no more, it cannot wait, I'm yours


GD

Well open up your mind and see like me

Em
open up your plans and damn you're free

C
Look into your heart and you'll find the, the sky is yours
so please don't, please don't, please don't, there's no need to complicate
cuz our time is short, this is our fate, I'm yours

Oh I'm yours, Oh I'm yours, oh, woah, baby do believe I'm yours
you best believe, you best believe I'm yours



A Blessed Birthday, TI MAY!


Ti May's Fish Tank

I just feel sorry that I couldn't publish this on FB in time. You know, i was quite upset but no choice to accept such a coincidence that the Fish World's under maintenance and being upgraded just a few hours before your birthday.

I hope you'll like it and I pray that one day, we all dear ones be thrilled to bits playing around, making fun, and sharing our time together in one amusement park like this!

^.0

December 1, 2009

*** Happy Sweet December! ***

November 30, 2009

A Blessed Birthday, KK!

I wish I can give you the real ones for your birthday present!
though these are just virtual, yet I put all my love, time, effort, ... ...




KK's Fish Tank


Naw's Fish Tank

- Level ကို KK မွေးနေ့နဲ့ တထပ်တည်းကျအောင် နော ကစားခဲ့တယ်။
- KK ငါးကန်လေးထဲမှာ christmas နားနီးလို့ christmas ငါးလေး ၂ ကောင် နဲ့ တခြားငါးလေးတွေ တမျိုးစီ ၇ ကောင် မွေးထားပေးတယ်။
- နော ငါးကန်လေးထဲမှာတော့ christmas ငါးလေး ၂ မျိုးပဲ ၇ ကောင်စီ စုစုပေါင်း ၁၄ ကောင်အတိ မွေးထားတယ်။

November 29, 2009

Dedicated to ... ...


ညည်းဖြစ်တဲ့ သီချင်းများ (Tagged by May Ei)

မေအိ tag ထားတာတော့ ကြာပြီဗျ။ နောက မရေးတတ်တော့ ဒီအတိုင်းပဲ ထားထားလိုက်တာ။

နော ကသီချင်းဆိုရင် country, pop, slow rock, english classical, instrumental နဲ့ kidsongs တွေပဲကြိုက်တာ။ ဘယ်လောက် စာသားတွေကောင်းနေ၊ တိုက်ဆိုင်နေပါစေ... အခုခေတ်လူငယ်တွေ crazy ဖြစ်တဲ့ punk, rap, hip-hop ဆို ခံစားလို့ကိုမရဘူး။ ဒါကြောင့် အရင်တုန်းက သီချင်းတွေကိုပဲ နားထောင်ဖြစ်တာများတယ်။ အကြောင်းကြောင်းကြောင့် သိလာတဲ့ သီချင်းတွေထဲက နောကြိုက်တဲ့ သီချင်းတွေကိုလည်း ရှာဖွေစုဆောင်းပြီး နော lappy ထဲမှာ group အလိုက် ထည့်ထားတယ်။ အရမ်းအရမ်း စိတ်တော် ထိတွေ့တဲ့ သီချင်းတွေကို နော blog, ipod ထဲမှာ တင်ထားလိုက်တယ်။ နောက သီချင်းအသစ်တွေကို သိပ်နားမထောင်ဖြစ်ဘူး။

နောက သီချင်းတစ်ပုဒ်ကို နားထောင်တိုင်း သံစဉ်ထဲမှာ အရင် မျောမျောသွားတတ်တယ်။ ပြီးမှ စာသားတိုင်းကို လိုက်ခံစားပြီး ကိုယ်ဖြစ်ချင်နေတာ၊ ကိုယ့်စိတ်ကူးနဲ့ကိုက်ညီတဲ့စာသားတွေဖြစ်လို့ ကြိုက်တာများတယ်။ အဟဲ... ...

အရမ်းအံ့သြဖို့ကောင်းတယ်ဗျာ... နော blog ပေါ်က ipod ထဲက သီချင်းတိုင်းက နားထောင်တိုင်း နောကို feel ဖြစ်စေတယ်။ ဒါပေမဲ့ ဒီသီချင်းကို စကြားကြားချင်း တခါမှ မဖြစ်ပေါ်ဖူးတဲ့ ခံစားမှုမျိုးကို ခံစားရတယ်ဗျ။ အိမ်က အစ်မတစ်ယောက်ရဲ့ fwd. mail ထဲကရတာ။ အကြောင်းအရာတိုက်ဆိုင်မှ အရာတိုင်းက ပို meaningful ဖြစ်တယ်ဆိုတာ လက်ခံသွားမိတယ်။ နောလေ... အဲ့ဒီသီချင်းကို အခုချိန်အထိ တနေ့ကို အနည်း ဆုံး ၃ ခေါက်လောက်တော့ နားထောင်မိတယ်။ နားထောင်တဲ့အခါတိုင်း ရိုးသွားတယ်ဆိုတာမဖြစ်ပဲ... အဲ့ဒီသီချင်းကြောင့် နောဘဝ မျှော်လင့်ချက်ပိုခိုင်မြဲလာတယ်လို့ ထင်ရတယ်။ နောလူတယောက်ကို တကယ်ချစ်မိသွားလို့လား??? သီချင်းထဲကလို စိတ်မျိုးနဲ့လား??? မဟုတ်ဘူးဗျာ။ နောကိုယ်နောလည်း နားမလည်ဘူး။

နောက တခုခုကိုစွဲပြီဆိုရင် အဲ့ဒါမှ အဲ့ဒါပဲ။ ဒါကြောင့် အခုတလောတော့ မဟုတ်ဘူး။ တော်တော်ကြာပြီ... သီချင်းဖွင့်တိုင်း ဒီသီချင်းကို ပဲ repeat လုပ်နားထောင်ပြီး လိုက်ဆိုညည်းနေမိတယ်။


xxx ကိုကိုရေ အမြဲတမ်း သတိရနော် ခွဲခွါနေရတဲ့နေ့များစွာ ရင်မှာ အလွမ်းများကိုယ်စီနဲ့ xxx
xxx ကိုကိုရေ ပေးထားတဲ့ ကတိတွေ ရင်ထဲမှာ ထာဝရ အမြဲတမ်း ရှိနေစေချင် xxx
xxx ကိုကိုရေ ပေးဖူးတဲ့ အနမ်းတွေ တသက်တာ ရင်ခုန်သံစည်းချက်တိုင်းမှာ နွေးထွေးလို့နေစေခဲ့ xxx
xxx ကိုကိုရဲ့ အပြုံးဟာ မေ့ရင်ကို အေးစေတယ် ကိုကိုနဲ့ကျမှ ချစ်တတ်လာပြီနော် xxx

xxx ခိုင်မာတဲ့ ဘဝသစ်တခု နှစ်ယောက်သား လမ်းလျှောက်မယ် xxx
xxx ဘယ်သူတွေဖျက်ဖျက် တို့နှစ်ယောက် မမှုဘူး xxx

xxx ကိုကိုရဲ့ နှလုံးသား မေ့အနားရှိနေရင် ကမ္ဘာကြီးတခုလုံး လှုပ်ရမ်းခါနိုင်တယ် xxx
xxx ကိုကိုရေ အချစ်ဟာ အဲ့ဒီလို မေ့ရင်ကို နေ့ရောညရော နွေးထွေးစေတယ်လေ xxx


(P.S. အနည်းဆုံးတော့ ဆားချက်လို့ရသွားတာပေါ့ဗျာ။ မေအိကပြောတယ်... tag ထားတာကို ပြန်မရေးရင် blogger မလုပ်နဲ့တဲ့။ :P)

October 31, 2009

A Happy TazaungTine Festival

Urgggg...
missin' my hometown fabulous festival comes along with my family, home sweet home, the quarter where I lived in, the streets on which I brought up, BEHS(6), GCC, every single place of taungggyi, teachers & friends, ... ...

“Even though we've changed and we're all finding our own place in the world, we all know that when the tears fall or the smile spreads across our face, we'll come to each other because no matter where this crazy world takes us, nothing will ever change so much to the point where we're not all still friends.”

To be continued...

September 9, 2009

To My HERO...

A Blessed Birthday! <:-)

DAD
By Ken Brown

Delightful and loving,
Loved and admired,
Dad, you're my hero,
My life you've inspired. And when all my blessings
Are counted each day,
I thank God in heaven
For Dad when I pray. Dad thanks for your presence
Throughout thick and thin;
You're more than a parent,
You're my wonderful friend.

ဘာသာမတူဘူး ဆိုတာနဲ့ မညီတဲ့ ထမ်းပိုး ထမ်းတယ်လို့ ဆိုနိုင်လား ?? အဲလိုထမ်းခြင်းဟာ သာယာတဲ့ ခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့ မလွယ်ဘူး ဆိုတာကရော ?? Ah Wa နဲ့ Ah Nu ကို ကြည့်ပြီး နော စဉ်းစားမိတယ်။ “အပြန်အလှန် နားလည်မှု”… … ဟုတ်တယ်။ နောလည်း Ah Wa နဲ့တူတဲ့ ယောက်ျားမျိုးနဲ့ဆို ဘာသာ၊လူမျိုးမတူလည်း မမှုတော့ဘူး။ ဟဲဟဲ…


အဘ နဲ့ အဖွား၊ Ah Nu တို့ အလှူအတန်းတွေလုပ်ရင် Ah Wa လိုက်ဦးစီးလုပ်ပေးတယ်။ Ah Wa က ခရီးထွက်နေရတာများတော့ ဘုရားကျောင်း၊သာရေးနာရေး နဲ့ အိမ်ထောင်ဝတ်ပြုစည်းဝေးတွေဆိုရင် Ah Nu ကဒိုင်ခံလုပ်ပေးတယ်။ အဘ နဲ့ အဖွား ရှိတုန်းက သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဘုန်းကြီးကျောင်းတွေသွားရင် နောတို့ကို လိုက်သွားခိုင်းတယ်။ နောတို့ကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားတယ်။ နော နှစ်ခြင်းခံတုန်းက Ah Wa ခရီးသွားနေတယ်။ နောဘဝရဲ့အရေးကြီးတဲ့နေ့ရက်တွေမှာ Ah Wa နောနဲ့အတူရှိနေခဲ့တာ နည်းတယ်။ ဒါပေမဲ့ နော စိတ်အားငယ်ခြင်း မရှိခဲ့ဘူး။ Ah Wa ကလဲပြောတယ်… နောကို ယုံကြည်စိတ်ချတယ်တဲ့။ ကျောင်းမှာဆို ဆရာကန်တော့ပွဲ၊ ကထိန်တွေမှာ ဦးဆောင် ပါဝင်ပေးခဲ့တယ်။ စိတ်ထဲမှာရှင်းတယ်။ Ah Wa က ဘာသာရေးအယူမသီးပဲ လူမှုရေးအနေနဲ့ မှတ်ယူပြီး လွတ်လွတ်လပ်လပ်လုပ်စေခဲ့လို့ပေါ့။


Ah Wa ဆီကရတဲ့ ဥာဏ်ပညာကြောင့် နော ဒီနေ့ ဒီလိုအခြေအနေရောက်တာ။ စည်းစနစ်တကျ စီစဉ် တွက်ချက်တတ်မှု၊ ဘာပဲလုပ်လုပ် စာရင်းဇယားနဲ့ တိတိကျကျလုပ်ချင်တာတွေက Ah Wa ရဲ့အကျင့်တွေလေ။ နောလဲ အဲလို အသားကျနေပြီ။ ဒါပေမဲ့ Ah Wa လုပ်ပြသွားတာတွေရဲ့ခြေဖျားတောင် မမှီဘူး။ နောတို့ စားဖို့အတွက်ဆို (၁)နှစ်စာလိုက် ဝယ်ထားပေးတယ်။ Ah Wa က သူများပစ္စည်း ချေးငှါးသုံးတာမကြိုက်ဘူး။ ရယ်တော့ ရယ်ရတယ်ဗျ။ ရုံးဝန်းထဲမှာဆို လူကြီးမိန်းမတွေကပဲ Ah Nu ဆီလာပြီး ဟိုချေး၊ဒီချေး လုပ်တယ်။ Ah Wa နဲ့ အဆင့်တူတွေထက် များစွာသာလွန်တဲ့ living standard နဲ့ နေခွင့်ပေးတယ်။ Ah Wa ကပြောတယ်… သူတော်လို့ မဟုတ်ဘူး၊ ကျေးဇူးတော် သက်သက်ကြောင့်တဲ့၊ ဘုရားကိုချစ်တဲ့ သားသမီးသာဖြစ်အောင်နေတဲ့။ တခြား ချမ်းသာတဲ့ သူငယ်ချင်းတွေတောင် ကျူရှင်လခပေးတာနောက်ကျတဲ့ အခါတွေရှိတယ်။ ဒါပေမဲ့ နောတို့ မောင်နှမ(၃)ယောက်လုံး ကျောင်း၊ ကျူရှင် လခကို လဆန်း(၂)ရက်၊(၃)ရက် အတွင်းပေးနိုင်အောင် Ah Wa လုပ်ခဲ့တယ်။ အခု နော တစ်ယောက်တည်း နေတဲ့အချိန် အဓိက အသုံးအဆောင်၊ စားသောက်စရာကုန်ကြမ်းတွေကိုဆို Ah Wa အတိုင်း မကုန်ခင်ကတည်းက ကြိုဝယ်လှောင်မိတယ်။ “ပြတ်လတ်သွားတယ်” ဆိုတာမဖြစ်ရအောင် Ah Wa လုပ်ပြခဲ့လို့ပေါ့။ တခြားမလိုအပ်တာတွေကို ဝယ်ပြီး အလဟသ ဖြစ်သွားရင် နောအရမ်းခံစားရတယ်။ နော အခုထိ အဝတ်အစားမဝယ်တတ်သေးဘူး။ Ah Wa လိုက်ဝယ်ပေးနေကျ ဘောင်းဘီတွေပဲ ဝတ်ချင်တယ်။


နော ဘာလို့ country songs, English classic တွေပဲ ကြိုက်ပြီး အရင်ခေတ်သီချင်းတွေ တော်တော်များများရတာ ဘာကြောင့်လဲ သိလား။ ငယ်ငယ်ကတည်းက Ah Wa နားထောင်လေ့ရှိတဲ့ Bee Gees, Carpenters, Kenny Roger, LOBO, Beatles,… တို့ကို နားယဉ်နေလို့ပေါ့။ နွေရာသီကျောင်းပိတ်ရက်တိုင်း ကချင်စာ၊ music တွေသင်တိုင်း guitar တီးသင်ရတဲ့အချိန် နောဘာလို့ ပိုတတ်ခဲ့လဲသိလား။ Ah Wa လူပျိုတုန်းက ရေးထားတဲ့မှတ်စုစာအုပ်လေးထဲက guitar လက်ကွက်တွေကိုကြည့်ပြီး ပိုတတ်ခဲ့တာ။


Ah Wa က tennis ကစားတော့ နောလည်း ဝါသနာပါတာပေါ့။ ဒါပေမဲ့ Ah Wa နောကို ပေးမကစားခဲ့ဘူး။ ရတယ်.. တီဒေါင်နော.. Ah Wa သမီးပဲ။ Ah Wa တောင် ကိုယ့်လမ်းကို ထွင်ပြီး ထူးချွန်အောင် ကစားခဲ့တာဆို.. နောလည်း နောလမ်းကြောင်းနဲ့နော ရအောင်ကစားခဲ့တာပေါ့။ Ah Wa tennis သွားကစားတိုင်း နော အား/ကာ ကွင်း အမြဲလိုက်ချင်တာ.. Ah Wa မခေါ်တဲ့နေ့တွေဆို နောအရမ်း စိတ်တိုတတ်တာ။ table-tennis, basketball, taekwando ကစားဖြစ်ခဲ့တာတွေ၊ အားကစားအရမ်းလုပ်ချင်တဲ့စိတ်တွေက Ah Nu ကြောင့်တော့မဖြစ်နိုင်ဘူးနော်… Ah Wa ကားပြင်တိုင်း ဘေးမှာကူလုပ်ရလို့ နော mechanic ပိုင်း နဲ့ electonics တွေကို ကလိရတာပျော်တယ်။ Ah Nu ရဲ့ အိမ်အလုပ်ကူရတာထက် Ah Wa ကိုကူလုပ်နေရတာ ပိုကြိုက်တယ်။ ဒါပေမဲ့ Ah Wa က အရမ်းဆူတတ်တော့ နော Ah Wa နားသိပ်မကပ်ချင်တာ...


နောက နောကို အမိန့်လာပေးရင် ဆန့်ကျင်ဘက်လုပ်တတ်တယ်။ Ah Wa နဲ့ရောပေါ့ (ဒါတောင် ကြောက်ရလို့ တော်သေးတယ်၊ Ah Wa ကို မကြောက်ရရင် နော ဘယ်လောက်တောင် ဆိုးသွမ်းနေမလဲမသိဘူး)။ Ah Wa နဲ့ နော စကား ၃၊၄ ခွန်းထက်ပိုပြောလို့ မရဘူး။ ပြသာနာ အမြဲဖြစ်တယ်။ Ah Nu ကြားကနေ အမြဲဖြန်ဖြေပေးရတယ်။ အငယ်၂ယောက်နဲ့တောင်သိပ်ပြသာနာမဖြစ်ဘူး။ နောက နောမှန်တယ်ထင်ရင် ဘယ်တော့မှ အလျှော့မပေးဘူး။ နောအသား အနာခံရရင် အရမ်းစိတ်တိုတယ်။ Ah Wa က ဆုံးမရင် တုတ်ပါတယ်။ မှတ်မိသလောက်ကတော့ ပြသာနာဖြစ်ရင် နောနဲ့ ဒေါင်ခေါင် ချကြလို့ပဲ။ အဲလိုဖြစ်တိုင်း ဘာမှ ဖြေရှင်းခွင့်မပေးပဲ အားလုံးကိုရိုက်တယ်။ နောပိုတင်းတာပေါ့။ နောလိုချင်တာက နောကိုချော့မော့ပြောဆိုမေးမြန်းပြီး.. နူးညံ့တဲ့ အဖေ။ အရိုက်ခံရပြီးတိုင်း နော Ah Wa ကို လုံးဝ စကားမပြောဘူး။ ဒါပေမဲ့ … … Ah Wa ကိုချစ်တယ်။


စက်ပစ္စည်း၊ ဆေး ဘာပဲဝယ်ဝယ် နောကို အမြဲ အညွှန်းဖတ်ခိုင်းတယ်။ အဲလို အချိန်တိုင်း နော စိတ်ကသိကအောက်ဖြစ်ခဲ့တယ်။ နော မသိတဲ့ စာလုံးတွေပါတဲ့ အချိန်ဆို.. ဒါလေးတောင် မသိဘူးလား လို့ ပြောတယ်။ နော အရမ်းတင်းပြန်ပြီ။ ချက်ချင်း dictionary မှာရှာပြီး ရအောင် ပြောခဲ့တယ်။ Ah Nu ကပြောတယ်.. နော Ah Wa က စကားပြောမတတ်လို့ပါတဲ့၊ သူ့သမီးကြီးကို သူအားအကိုးဆုံးတဲ့။ နော သိတယ်။ Ah Wa အပြောအဆိုတွေကိုသာ မကျေနပ်တာ။ ဒါပေမဲ့… … Ah Wa ကိုအရမ်းချစ်တယ်။


ငယ်ငယ်ကတည်းက အခုအရွယ်အထိ Ah Wa နဲ့ လက်ပွန်းတတီးမနေခဲ့ဖူးဘူး။ နော က feeling သမားထင်တယ်။ Ah Wa ဆီက ကြင်နာယုယထွေးပွေ့မှုတွေကို လိုချင်မိတယ် (စိတ်ကူးမိဖူးတာပြောပါတယ်။ တကယ်တမ်း အဲဒါတွေရခဲ့ရင်တောင် နော နေတတ်မှာမဟုတ်ဘူးထင်တာပဲ။ တခြားသူတွေမပြောနဲ့… Ah Nu ကိုတောင် စနောက်ပြီးဖက်တာလောက်ပဲရှိတယ်။ နောအသား လာထိရင် မနေတတ်ဘူးဗျ၊ တမျိုးကြီးပဲ)။ မူစယ်၊ မိတ္ထီလာက moi shawng, moi ji တို့ဆီ သွားလည်တုန်းက နောလိုချင်တဲ့မေတ္တာ၊ ဆက်ဆံမှုမျိုးကို ဘဘ နဲ့ ဦးဦး ဆီက အပြည့်အဝရခဲ့တယ်။ အရမ်းပျော်တယ်။ ဒါပေမဲ့… … Ah Wa ကို ပိုချစ်တယ်။


Ah Wa ရှိနေရင် သူငယ်ချင်းတွေကို အိမ်မခေါ်လည်ချင်ဘူး။ Ah Wa က အရမ်းအမေးအမြန်းထူလို့။ အမှန်ဖြစ်သင့်တာက Ah Nu ကသာမိခင်ဆိုတော့ မေးချင်းမေး Ah Nu ကပဲ မေးရမှာပေါ့။ Ah Wa နဲ့ သူငယ်ချင်းတွေ မေးဖြေ၊ အတိုင်အဖောက်ညီနေကြပေမဲ့ နော မျက်နှာ စူပုတ်နေတတ်တယ်။ နောကိုပါ ရောပြီး မေးတိုင်း ဘုဆတ်ဆတ်ဖြေခဲ့တယ်။ Ah Wa ကို ကိုယ့်သမီးရဲ့စိတ်သဘောထားကို ရိပ်မိတဲ့ အဖေ ဖြစ်စေချင်တာ။ umm… နောကလည်း ကိုယ့်အဖေရဲ့စိတ်ဓါတ်ကို နားလည်အောင်မှ မလုပ်ခဲ့တာ။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့… … Ah Wa ကို နောချစ်တယ်။


ကျောင်းတက်တဲ့ကာလတောက်လျှောက် Ah Wa နောတို့ကျောင်း report card တွေမှာ တခါမှ လက်မှတ်မထိုးပေးဖူးဘူး။ ဆုပေးပွဲတွေလည်း တခါမှ မလိုက်ပေးဖူးဘူး။ အံ့သြစရာကောင်းတာက အဲ့ဒီအတွက်နဲ့ သိမ်ငယ်စိတ်၊ ဝမ်းနည်းစိတ်လုံးဝ မဖြစ်ပဲ စိတ်ချတယ်ဆိုတဲ့ လုံခြုံမှုကို ပိုခံစားရတယ်ဗျ။ အဲဒီစိတ်ဓါတ်ရဲ့ နောက်ဆက်တွဲလားတော့မသိဘူး။ အဝေးရောက်နေလည်း၊ ဖုန်းမခေါ်လည်း ဘာမှ မခံစားရဘူး။ နောအတွက်က အဲလိုမလုပ်ခြင်းက ယုံကြည်စိတ်ချနေလို့ ဆိုတာကို ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ Ah Wa ကရှေ့မှာသာ မလုပ်ပြပေမဲ့ Ah Nu ကို တောက်လျှောက်မေး၊ နောတို့မောင်နှမတွေရဲ့အခြေအနေဘာပဲဖြစ်ဖြစ် နောက်ကွယ်ကနေပဲ ထိန်းချုပ်ပေးနေတယ်ဆိုတဲ့ assurance ရှိနေလို့ပေါ့။ နောက ငဂျစ်ဆိုတော့ ပိုဆိုးတာပေါ့။ နည်းနည်း ဂရုစိုက်ပြရင် နောကို မယုံကြည်၊စိတ်မချတော့လို့လား ဆိုပြီးတော့တောင် တွေးပြီး ဒေါခီးချင်သေးတာ။


နော ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ဘယ်တုန်းကမှ မပိန်ချင်ခဲ့ဘူး။ အဒေါ်တွေဘယ်လောက်ဆူဆူ (Ah Nu လည်း နောကြီးလာတဲ့အချိန် တခါတလေ ဝိတ်လျှော့ဖို့ပြောတယ်) နော လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဘာကြောင့်လဲ သိလား? Ah Wa က “နော… မင်း ပိန်အောင်လည်း လုပ်အုံး” လို့ တခွန်းပဲပြောကြည့်၊ ချက်ချင်း ပိန်စေရမယ်။ သာမန်အချိန်၊ အိမ်မှာနေနေတဲ့အချိန်တွေမှာ Ah Wa နဲ့ နော မတည့်တာများပေမဲ့ Ah Wa ဘယ်သွားသွား အမြဲလိုက်ချင်ခဲ့တာ။ တခါတလေ နော မလိုက်ရရင် ရေလည်တင်းတယ်ဗျာ။ Ah Wa သွားနေကျ နေရာတွေက car workshop, tennis court (Ah Wa တို့ ကစားတဲ့ကွင်းက ကြေးစား လူကြီးပိုင်းတွေ ရိုက်တာများတယ်။ lady players မရှိဘူး), လက်ဖက်ရည်ဆိုင်၊ ဦးလေးအစ်ကိုတွေပဲ ရှိတဲ့ နေရာဆိုတော့ နောသာမိန်းကလေးပုံပေါက်နေရင် Ah Wa ဘယ်ခေါ်တော့မလဲဗျ။ ငယ်တုန်းက ဝဝတုတ်တုတ်၊ ယောက်ျားလေးစတိုင် ဆိုတော့ Ah Wa စိတ်ချတယ်ထင်ပါရဲ့။အဲလိုဖြစ်နေရတာကို နောအရမ်းကျေနပ်တာ။ ပေါင်းတဲ့ယောက်ျားလေးသူငယ်ချင်းတွေဆိုလည်း မိဘချင်းသိတာတွေပဲဆိုတော့ အေးဆေးပဲ။ GCC တက်တဲ့အထိ ပုံစံမပြောင်းခဲ့ဘူး။ နောက မိန်းကလေးဆန်ရမှာထက် Ah Wa ယုံကြည်စိတ်ချမှုလျော့သွားမှာကို မကြိုက်တာ။ နယ်ပေါင်းစုံ သင်တန်းတွေ သွားခဲ့တုန်းကလည်း နောကို အေးဆေးလွှတ်တယ်။ ပြန်လာတိုင်း စွန့်စားခဲ့တာတွေကို အားရပါးရပြောပြလို့ Ah Wa ကျေနပ်နေရင် ရေလည်ပျော်တယ်ဗျာ။ အဓိကအချက်က… ညီမလေးကို ယောက်ျားလေးသူငယ်ချင်းတွေနဲ့ တွဲတာမြင်ရင် ဆူပြီ။ ပြီးတော့ Ah Nu ကို “မင်း သမီးအငယ်မ ပဲများတယ်နော်။ ကြည့်လို့ကို မရဘူး။ မင်းတို့သားအမိ သတိထား” လို့ပြောရင် နောရေလည်ပျော်တယ်။ Ah Wa က နောနဲ့ပတ်သက်ပြီး အဲ့လို ဘယ်တုန်းကမှ မပြောရလို့ပေါ့။ ဆွေမျိုး၊ မိတ်ဆွေတွေကြားမှာ… ဒေါင်နောကတော့ ခွန်နော် နဲ့ တပုံစံတည်းပဲလို့ပြောရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နောကျေနပ်တယ်။ ခေါင်းမာတာတို့၊ ဘုကလန့်တိုက်တာတို့၊ ရည်မှန်းချက်ကြီးတာတို့… (နောတို့ သားအဖနှစ်ယောက်က ဆိုးတဲ့ဖက်ပိုများပါတယ်။ ဟဲဟဲ… များသောအားဖြင့် Ah Nu ကိုပဲ ချီးမွမ်းခန်းဖွင့်ကြတာ)။ Ah Wa က Ah Nu ကိုအနိုင်ယူတယ်။ နောတင်းတဲ့အထဲမှာ အဲဒါလည်းပါတယ်။ Ah Nu က သီးခံနိုင်တယ်။ နောက မရဘူးပဲ။ ဘာအကြောင်းကြောင်းကြောင့် ပဲဖြစ်ဖြစ်… … Ah Wa ကိုအရမ်းချစ်တယ်။


အခုနောက်ပိုင်း Ah Wa နဲ့ နော ဆက်ဆံရေး တော်တော် အဆင်ပြေလာတယ် (အနေဝေးနေကြရလို့လားမသိဘူး :P)။ Ah Wa စကားပြော အရမ်းညင်သာလာတယ်။ နောလည်း Ah Wa ကိုစိတ်ပါလက်ပါ ပြန်ပြောမိတယ်။ နောမှတ်မိသလောက်ကတော့ Ah Wa မွေးနေ့မှာ နော Ah Wa ကို တခါမှ Hug နဲ့ Kiss မပေးဖူးဘူး။ နောကြိုးစားမယ်… Ah Wa ရဲ့ လာမဲ့မွေးနေ့တရက်ရက်မှာ Ah Wa ကိုဖက်ပြီး Ah Wa နောဆီက တခါမှ တိုက်ရိုက်မကြားဖူးတဲ့ စကားကိုပြောမယ်… …

“Ah Wa hpe grai tsaw ra ai.” ngu...





July 24, 2009

Why~~~ Why~~~

June 24, 2009

A Blessed Father's Day!

သွေဖယ်နေသော ၁၅၀၀


( Father's Day ပို့စ် အတွက် စဉ်းစားရင်း အဲဒီမနက်က မက်မိတဲ့ အိပ်မက်ကိုအခြေခံပြီး နော စိတ်ကူးပေါက်လာလို့ရေးကြည့်တာ။ အပြင်မှာ လုံးဝ လုံးဝ မရှိဘူးနော်။ သူများ နာမည် ယူသုံးရင် ပြသာနာဖြစ်မှာစိုးလို့ နော နာမည်ပဲ ထည့်သုံးလိုက်တာဗျ။ အဖေကိုအရမ်းချစ်တဲ့ သမီးတွေရဲ့ဘဝမှာ အဖေ့ လွှမ်းမိုးမှု အရမ်းကြီးတယ်လို့ အရင် Father's Day နှစ် တစ်နှစ်က တရားဟောချက်တစ်ခု မှာ နားထောင်ဖူးတာ အမှတ်ရမိပြီး နော ဇာတ်လမ်းဆင်ရေးထားတာ။ အခုနောက်ပိုင်း နော မလုပ်ဖူးတဲ့ အရာတွေကို လုပ်ကြည့်ချင်နေမိတယ်ဗျ။ နောရဲ့ ပထမဦးဆုံးသော short novel ပေါ့ဗျာ။ ဒါကြောင့်
မှားတာတွေရှိရင် so sorry, dear! နော်။ နော ကြိုတောင်းပန်ထားလိုက်ပြီ။ :D )



"hi 5!"
"hi 5! မ"
"hi 5! နော"
"hi 5! မမပို"
"ဟေ့ .. နောလေး .. hi 5!"
"အင်း .. hi 5! အစ်ကို"
"ဖြောင်း"

အစ်ကိုတွေဆိုတော့ အားပါပါနဲ့ ပြန်ရိုက်မိသည်။

"အားရိုး... နာတယ်ဗျ.. ဟဲ"

မချိပြုံးနှင့် ရယ်ရင်း နီမြန်းသွားသည့်လက်ဖဝါးကို ဂရုမစိုက်အားသေးပဲ ဆက်နှုတ်ဆက်နေမိသည်။
ပွဲရက်တွေဆက်တိုက်ဖြစ်နေပေမဲ့ တီးခတ်သူများသာမက dancer အဖွဲ့အပါအဝင် နောတို့ အားလုံး မောပန်းခြင်း အလျှင်းမရှိ ပျော်ရွှင်နေကြသည်။
ပျော်လိုက်တာ...
အချိန်ဆိုတဲ့ ယန္တရား ကြီးကို ရပ်တန့်ထားနိုင်ရင် သိပ်ကောင်းမှာပဲ။ ဘာလိုလိုနှင့် ဒီတနှစ်တာအတွက်က ပြီးသွားပြန်ပြီ။ စတိတ်စင်ပေါ်မှ ဆင်းကာ လေးတွဲ့သောခြေလှမ်းများဖြင့် ပစ္စည်းထားရာ နေရာသို့ လျှောက်လာနေမိသည်။ ဘေးမှာ အစ်မတွေ အတူရှိနေပေမဲ့ နော ဝမ်းနည်းနေမိသည်။ မကြာခင် ခွဲရတော့ မှာပါလား။

"ဟေ့... အဝတ်အစားတွေ မလဲနဲ့အုန်း။ ဆရာက group ပုံတွေအမှတ်တရ ရိုက်အုန်းမယ်တဲ့"

dancer အဖွဲ့မှ ကို Steve လာပြောသောကြောင့် နောတို့ သိမ်းဆည်းထုပ်ပိုးခြင်းအစီအစဉ် ခဏရပ်ကာ စတိတ်စင်ဘက်ပြန်ချီတက်လိုက်ြ
ကသည်။

"ဟေ့ ... dancer တွေအားလုံး အရင်ရိုက်မယ်"
"back up singer တွေလူစုထားနော်"
"အန်တီ Annie ကိုမတွေ့ဘူး။ အဝတ်လဲခန်းထဲမှာထင်တယ်"
"နေအုံး နေအုံး .. သေချာအောင် နောက်ထပ် ထပ်ရိုက်မယ်"
"ဟေး .. ခဏ.. ဆရာ မပါသေးဘူး"
"ဆရာ .. ဆရာ... ကျနော် တို့ dancer group နဲ့ တချက်လောက်"

dancer group ခေါင်းဆောင် ကို Philips အသံသာဆူညံနေတော့သည်။

"ဆည်းဆာကော"
"မမဆည်းဆာ အန်တီ Annie ကို သွားခေါ်တာ နှစ်ယောက်လုံးပျောက်နေတယ်"
"နော သွားကြည့်လိုက်မယ် .. မ"
"အေးအေး... နော ပါ ထပ်ပျောက်မသွားနဲ့အုံးနော်"
"အာ.. ဟုတ်ကဲ့ပါဗျ"

ကလေးမဟုတ်တော့ပေမဲ့ back up singers group မှာ နောက အသက် အငယ်ဆုံးဖြစ်နေတော့ ခြေသွက်၊ လက်သွက် ပြေးသွားလိုက်သည်။

"အန်တီ Annie"
"မမ ဆည်းဆာ"
"အန်တီ Annie"
"ဟာ.. အန်တီ Annie.. မမဆည်းဆာကော။ ဟိုမှာ group photo ရိုက်ဖို့ စောင့်နေကြတယ်"
"အင်းပါ... ဟိုမှာ ဆည်းဆာလေ။ သူ့ VIP's call ဝင်လာလို့ အန်တီ က ပြန်စောင့် ပေးနေတာ"
"အာ.. မမဆည်းဆာကတော့ လုပ်ပြီ"
"ဆောရီး.. နောရေ"
"နောက်မှ ဆောရီးတော့ မမရေ... ဟိုမှာ ကျန်တဲ့သူတွေ စောင့်နေကြပြီဗျ"

"back up singer တွေ လူစုံပြီလား"
"စုံပြီ.. စုံပြီ"
"one, two, three... say Cheese!"
"Cheese!"

"အဝတ်လဲလို့ ရပြီလား.. မ"
"အင်း .. ရပြီထင်တယ်.. နော"
"နော.. နေအုံး။ မ တို့မိန်းကလေးတစ်အုပ်စု သပ်သပ်ထပ်ရိုက်ရအောင်"
"အိခ်.. မပြီးသေးဘူးလားဗျ"
"ဘာလဲ .. မရိုက်ချင်ဘူးလား"
"ဟဲ.. စတာပါဗျ"
"မမ Grace နဲ့လည်းရိုက်မယ်"
"ရိုက်စေသား.. နောရေ"

အစ်ကို အစ်မ ရင်းချာ မရှိသော နောဘဝမှာ ရင်းနှီးရာအစ်ကိုအစ်မတွေသာ နောတွယ်တာရာပါ။ သူတို့တွေကို နော ချစ်တယ်။ သူတို့ အတွက်ဆိုရင် နောက ဟာသအိုးလေး ဖြစ်နေတတ်ပေမဲ့ သူစိမ်းတွေ အပေါ်မှာတော့ မာနခဲလေး ဖြစ်နေတတ်သည်။

"အစ်မ က night shift ဝင်ရမှာ။ dinner မလိုက်နိုင်တော့ ဘူးထင်တယ်"
"အာ.. မမ Snow ကလဲဗျာ။ ဒီတစ်ညလေး ထဲ ဟာကို"
"အေးလေ.. Snow ကလဲ။ အားလုံးသွားကြမှာ"
"နောက်ဆို ကိုယ့် ဘုရားကျောင်းနဲ့ကိုယ်၊ ကိုယ့် အလုပ်နဲ့ကိုယ် ပြန်ဆုံဖို့က မလွယ်တော့ တဲ့ဟာကို.."
"အင်းပါ.. နောရယ်။ ကဲကဲ.. အစ်မ အလုပ်ကို ဖုန်းဆက်ပြောလိုက်မယ်။ ကျေနပ်လား"
"Yeah... that's my sis! ဟဲ.. "

အဝတ်လဲခန်းထဲ၌ နောတို့ အသံတွေသာပြည့်နေတော့ သည်။

"အဲ့... ဆရာ့ ကို မနှုတ်ဆက်ရသေးဘူး"
"oops.. ဟုတ်သားပဲ။ group photo ရိုက်ပြီးလို့ ကိုယ့် အချင်းချင်း စုရိုက်နေတာနဲ့တင် မေ့သွားတယ်"
"အင်း.. အခုအပြင်ထွက်ရင် တခါထဲ သွားနှုတ်ဆက်လိုက်မယ်လေ"
"နော.. ပြီးပြီလား"
"နော ပြီးတာဖြင့် ကြာပေါ့။ မမ တို့သာပြင်ရ ဆင်ရဆိုတော့.. ဟဲ.."
"အင်းပါ.. ဒီကလေးမကတော့..."

တကယ်ပါပဲ။ နောဆိုတာက ဆံပင်ရှည်ထားနေရပေမဲ့ တရက်တခါ ခေါင်းဖြီးလျှင် လုံလောက်သည်ဟုခံယူထားသူ။ တခါတလေ ဆံပင်ကို ဝတ်နေကျ sport shirt ထဲ ထည့်ချင်လျှင် ထည့်ထားသည်။ ပုံမှန်ဆိုလျှင် jean pants (or) short pants ၊ walking shoes ၊ လွယ်နေကျ backpack တလုံးနှင့်သာ လွတ်လွတ်လပ်လပ် လျှောက်ဒိုးနေတတ်သူလေ။ အများအမြင်မှာတော့ tom boy လိုလို၊ ဘာလိုလိုပေါ့။ တွဲတာကျတော့လဲ အန်တီလေး၊ အစ်မကြီးကြီးတွေက ခပ်များများ။ ရင်းနှီးသော အစ်ကိုတွေမှ လွဲလျှင် တစိမ်းယောင်္ကျားလေးများနှင့် စကားပြောရန်နေနေသာသာ၊ ခပ်တည်တည် နေနေတတ်သည့်အတွက် ပေါင်းသင်းရခက်သည့် ကောင်မဆိုးလေးဟု ကွယ်ရာတွင် အပြောခံရသူရယ်ပါ။

"ကျေးဇူးတင်တယ်နော်။ နောက်နှစ်လည်း ပါဝင်နိုင်အောင် ကြိုးစားမယ်။ ဆရာ လာဦးဆောင်ပေးလို့သာပေါ့။ ဒီမှာက ကျမတို့ဖာသာဆို လုပ်ဖြစ်မှာ မဟုတ်ဘူး ဆရာရဲ့"
"ကျေးဇူးနော်.. ဆရာ"
"ဆရာ.. နောက်နှစ်လည်းလာနော်"
"ကျေးဇူးပဲ ဆရာရေ။ ကျနော်တို့က slides ပေါ်က စာသားပဲမှီခိုနေတာ။ slide ချိန်းတာတွေရောကုန်ပြီး စာသားလည်
းပျောက်သွားရော.. ကျနော်တို့ ပြာသွားတာပဲဗျာ။ ဆရာဦးဆောင် ဆို သွားလို့သာပေါ့"
"ရပါတယ်.. ဒီလိုပဲဖြစ်တတ်ပါတယ်"

ထုံးစံအတိုင်း နောက်ဆုံးမှ နှုတ်ဆက်မိသူက နော။

"thank you!"

ပြောရင်း ခေါင်းငုံ့လျက် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"အိုး..."
"ဟာ..."

ဘယ်သူမှ မထင်မှတ်ထားသောအရာ...
ရုတ်တရက် တင်းကျပ်စွာ ဆွဲပွေ့ဖက်ခြင်းခံလိုက်ရ၍ အံ့သြမယုံကြည်မှုများနှင့်အတူ တဒင်္ဂ မှင်တက်သွားမိသည်။ မြန်မာပြည်မှာမွေးပေမဲ့ လက်ဆွဲနှုတ်ဆက်ခြင်းကို ယဉ်ကျေးမှုတရပ်အနေနှင့် ခံယူထားသည့် အသိုင်းအဝိုင်းမှ လာသောကြောင့် မည်သူနှင့် မဆို shake hands လုပ်လို့ရပေမဲ့ မိန်းကလေးချင်းပင် မဆိုထားဘိ၊ တပါးသူ ကိုယ့်အသားလာထိခြင်းကို မနှစ်သက်သည့် နော၊ ဆွေမျိုးသားချင်း အစ်ကိုမောင်တွေ၏ ပုခုံးဖက် ချစ်ခင်ယုယခြင်းတွေအပေါ် ကြည်နူးသော်လည်း မသိမသာဖယ်ရှားတတ်သည့် နော၊ ဘဝတွင် တကြိမ်တခါမျှ မခံစားဖူးသော တုန်လှုပ်ခြင်းများဖြင့်...

ခန်းမထဲတွင် နောက်ဆုံးနှုတ်ဆက်စကားပြော ကျန်နေကြသော ဆရာ၊ back up singer အဖွဲ့မှ လူတချို့နှင့် နော အစ်မတွေသာကျန်တော့သည်။ အခြားအဖွဲ့တွေအားလုံး ကားပေါ်ရောက်နှင့် နေကြပြီ။ dinner အတွက် east coast ၌ buffet ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။

"ဆရာ နောကို အရမ်းချစ်တယ်။ အရင်နှစ်တွေလာကတည်းက နောကို သတိထားမိတယ်။ ဆရာ့ ဘဝမှာ မိန်းကလေးတွေအများကြီးတွေ့ဖူးခဲ
့ပေမဲ့ နောလို ကလေးသာသာမိန်းကလေးတယောက်ကို ချစ်မိသွားတယ်။ နောရဲ့ တော်ရုံသူတွေတင်မက ဆရာ့ကိုပါ အလေးမထားတဲ့ပုံစံလေးတွေကို အားမလို အားမရဖြစ်ခဲ့တယ်။ အဓိက က နောလေးရဲ့ ပွင့်လင်း ဖြူစင်တဲ့ စရိုက်ကို အရမ်း မြတ်နိုးသွားမိတယ်။ ဒီတနှစ်တော့ ဆရာ အချိန်ထပ်မဆွဲနိုင်တော့ဘူး။ နောကသာ မသိပေမဲ့ နောပတ်ဝန်းကျင်မှာ နောကို ချစ်နေတဲ့သူတွေအများကြီးရှိတယ်ဆိုတာ ဆရာသိတယ်။ ဆရာ.. နောလေးကို မခွဲနိုင်တော့ဘူး"

ဆရာ့ ရင်ခွင်ထဲ၌ မွန်းကြပ်ခြင်းများနှင့်အတူ ဆရာပြောသမျှစကားများကို ကြားတချက်၊ မကြားတချက်ဖြင့် ကျောက်ရုပ်တရုပ်အလားရပ်နေမိသည်။ နောဘာဖြစ်လို့ မရုန်းကန်မိတာလဲ။ ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ဤသို့သော scene များကို မြင်ဖူးပေမဲ့ နောကိုယ်တိုင်ကြုံလျှင်.. ဟု တခါမျှ ယောင်၍ပင် မတွေးခဲ့ဖူးပါ။ ခံစားလို့လည်း မရခဲ့ပေ။

ခန်းမတခုလုံး ခဏတာ တိတ်ဆိတ်နေသည်။

"ဆရာ..."

အန်တီ Annie ၏အသံက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။

"ဆောရီး.."
"ကျနော် ကားပေါ်တက်နှင့်မယ်"

တင်းကျပ်မှုများ ပြေလျော့သွားပြီးနောက် နောနဖူးထက် ဆရာ အနမ်းတချက်ချန်ထားခဲ့ကာ လှည့်ထွက်သွားခဲ့သည်။

"နော.."
"dinner ဆက်သွားလို့ ဖြစ်ရဲ့လား"
"နော ကြောက်သွားလား"
"ဗျာ.."

နော၌ အဖြေမရှိပါ။ နောအတွက်က တောမှကလေးတယောက် foreigner လူကြီးတယောက်ထံမှ မကြားဖူးသော ဘာသာစကားတခုကိုကြားလိုက်ရသည့်
အတွက် အံ့အားသင့် တွေဝေနေသည့် အလားပင်။

"အို.. ဘာမှမဖြစ်ဘူး။ အန်တီမေ နောလေးနားမှာနေပေးမယ်။ ကဲကဲ... နောက်ကျနေပြီ။ ကားထွက်တော့မယ်"

နောဆိုတာက ကိုယ်နှင့် အလွန်ရင်းနှီးမှသာ စကားကိုဖောင်ဖွဲ့ပြောတတ်ပြီး များသောအားဖြင့် တယောက်တည်း တစုံတခုကိုတွေးနေ၊ စဉ်းစားနေတတ်သူ မဟုတ်လား။ အခုချိန်မှာ အန်တီမေ၊ မမ တို့ ခေါ်ရာနောက် လိုက်သွားပေမဲ့ နော ခေါင်းထဲတွင် အတွေးများ ရောက်ယှက်ခတ်နေလေပြီ။ ကားပေါ်ရောက်သည်နှင့် အန်တီမေ ထိုင်ခိုင်းသော ခုံတွင် ဝင်ထိုင်ရင်း မျက်မှောင်ကြုံ့လျက် အတိတ်ကာလတချို့ကို ပြန်ပုံဖော်နေမိသည်။

"နောရေ.. ညနေပိုင်းအားတယ်မလား"
"ဟုတ်ကဲ့။ အားပါတယ်။ ဘာဖြစ်လို့လဲဟင်.. မ"
"ဒါဆို အိုကေပဲ။ ဒီနေ့ည သီချင်းလာတိုက်"
"ဘာအတွက်လဲ.. မ.. ရ"
"လာမှာသာ လာခဲ့။ ညကျရင် တွေ့မယ်နော်"
"အာ... ဟုတ်ကဲ့"
"အေးအေး.. ဒါဆို.. မ.. ဖုန်းချလိုက်ပြီနော်"
"ဟုတ်.. မ... တာ့တာ"

ကျောင်းတက်နေတုန်းဆိုတော့ ကျောင်းချိန်ရယ်၊ တခါတလေ part time အလုပ်ချိန်ကလွဲလျှင် အားနေတော့ မမ Susan ကို ဂတိပေးလိုက်မိသည်။

"ဟလို... နော.. ဘယ်ရောက်နေပြီလဲ"
"ဟဲ.. ရောက်ခါနီးပါပြီဗျ"
"မြန်မြန်လာ... စတော့မယ်"
"ဟုတ်"
"ရောက်ခါနီး ဖုန်းခေါ်လိုက်။ မမ အောက်ထပ်မှာ ဆင်းစောင့်ပေးမယ်"
"ဟုတ်ကဲ့"

အခန်းထဲသို့ မမလက်ဆွဲခေါ်ရာ နောက်လိုက်ပါသွားမိသည်။ နော အကျင့်က နေရာသစ်ရောက်လျှင် ဘေးဘီသို့ မကြည့်ရဲခြင်းပင်။ နောက်ပိုင်းရက်များတွင် စောရောက်နေပါက သီချင်းအတူတူကျင့်သည့် အန်တီ၊ အစ်မများ စကားလာပြော၍ ရင်းနှီးသွားကြသည်။ နောတယောက် သူတို့ပြောသမျှ၊ ဆွေးနွေးသမျှ မျက်လုံးအဝိုင်းသားဖြင့် နားထောင်နေတတ်သည်။

"ဆရာ က မြန်မာပြည်က လာတာ။ လူပျိုကြီးတဲ့"
"ဟုတ်လား"
"အင်း... ဆရာက late 30's လောက်ရှိပြီထင်တယ်နော်"
"ဟုတ်တယ်။ မမမေတို့နဲ့ ရန်ကုန်မှာကတည်းက ရင်းနှီးတယ်။ မမမေတို့ house ဆင်းနေတဲ့အချိန် ဆရာတို့က 1st year ကျောင်းသားလေးတွေပေါ့"
"အော်.."
"ညီမကော ရောက်တာကြာပြီလား"
"တနှစ်တော့ မပြည့်သေးဘူး၊ မမမေ... မမမေကော"
"၈ နှစ်ကျော်ပြီ ညီမရေ"
"wow... အန်တီမေက PR ပေါ့နော်"
"PR တင်ဘယ်ဟုတ်တော့မလဲ နောရဲ့။ မမမေတို့ family တခုလုံး citizen တောင် ခံပြီးပြီ"
"ဗျာ... ဟုတ်လား"

အန်တီမေ ပြုံးရင်း ခေါင်းညိမ့်ပြသည်။

ပြန်ခါနီးတိုင်း ဆရာ့ကို နှုတ်ဆက်သည့်အထဲတွင် နော မပါဝင်ခဲ့။ အန်တီ၊ အစ်မတွေကိုသာ ပတ်နှုတ်ဆက်ပြီး နောမသိမသာ လစ်ထွက်ခဲ့သည်။ တခါတရံ တဲ့တိုး တိုးသည့်အချိန်တွေမှာတော့ ပြန်ပြုံးပြရင်း ခေါင်းငုံထွက်သွားပုံမှာ ကျောင်းသားတယောက်က ကျောင်းအုပ်ဆရာကြီးကိုထိပ်တိုက်
တွေ့ပုံနှင့်တူလှသည်။ solo အပိုဒ်များအတွက် အလှည့်ကျဆိုခိုင်းတိုင်း နော အန်တီတွေနားသာကပ်နေပြီး ရှောင်နေခဲ့သည်။ နော အစ်မတွေ အားလုံးက ချောသည်။ မိန်းကလေးဆန်ကြသည်။ တခါတလေ အစ်မတို့နှင့် ဆရာ အပြန်အလှန်စကားပြောဆို၊ တိုင်ပင်တိုင်း နော ငေးကြည့် နေမိသည်။ ဆရာ့ကိုမြင်တိုင်း နော ရင်ထဲ၌ မဖော်ပြတတ်သော ခံစားချက်တခု အမြဲဝင်ရောက်လာသည်။ အိုး... ပါပါး... ဟုတ်သည်။ ဆရာက ပါပါးနှင့် တော်တောတူသည်။ ဒါကြောင့်ဆရာနှင့် ရှိနေတိုင်း နွေးထွေးလုံခြုံသလို ခံစားရပြီး ပျော်နေမိတာတော့ အမှန်ပင်။

တကယ့်ပွဲရက်ရောက်တော့ back up singer ဆိုတဲ့ အတိုင်း ခေါင်းဆောင်ရဲ့ အရိပ်အခြေကို ကြည့်နေရသည်။ လက်မ နှင့် လက်ညှိုးကွေးပြလျှင် chorus ပြန်သွားပေတော့။ လက်သီးဆုပ်ပြလျှင်တော့ သီချင်းတပုဒ် အဆုံးသတ်ပြီပေါ့။ fast song တွေ ဆိုတဲ့ အချိန် ဆရာက နောတို့ဖက်လှည့်လှည့်ပြီး ကခုန်သီဆိုဖို့ အချက်ပေးသည်။ အဲလိုအချိန်တိုင်း ဆရာနှင့်နော အကြည့်ချင်းဆုံမိသည်။ ပြန်ပြုံးပြရင်း ဆရာနှင့် clapping ကအစ timing တူအောင် နော လုပ်သည်။ ပွဲပြီးသွားသည့် အချိန် group photo ရိုက်စဉ် ဆရာ က လူကြီးတွေနှင့် စကားပြောနေသည်။ ပြီူးမှ စတိတ်စင်ဘက် လျှောက်လာက နောဘေးမှာ လာရပ်သည်။ နောက ကလန်ကလားဆိုတော့ အမြဲတမ်း အစွန်ဆုံးမှာပဲ နေရာယူမိသည်လေ။ နောက သံယောဇဉ်ဖြစ်မိလျှင်မလွယ်။ ပွဲပြီး၍ ရက်သတ္တပတ်ကျော်သည့်တိုင် နောအစ်မတွေ၊ အန်တီတွေကို နေ့စဉ် သတိရနေမိသည်။ ဆရာ့ကိုလည်း တွေ့ချင်မိခဲ့သည်။ နောက်ပိုင်းတော့လဲ အခြားသော activities များ၌ ပါဝင်ရင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်
ပဲ...

"နော... သီချင်းစကျင့်နေပြီနော်."
"ဟာ.. ဟုတ်လား။ ပုံမှန်အချိန်ပဲလား"
"အင်း... ဟုတ်တယ်"
"အဲဒီအချိန်အားတယ်မလား"
"ဟုတ်... အဲဒီအချိန်ဆို နောရုံးဆင်းပြီ.. မ"
"ကောင်းတာပေါ့။ ဒါဆို ညကျ တွေ့မယ်နော်"
"ဟုတ်ကဲ့... မမမူ"

ဖုန်းပြောပြီးသည်နှင့် ပျော်နေမိသည်။ တနှစ် တနှစ် ခဏလေးပါလား...

"လာ.. သမီးလာ.. ရုံးကနေလာတာလား"
"ဟုတ်ကဲ့"
"ကဲကဲ.. ဂျာဆန်၊ မူးမူတို့တောင် ခုနလေးတင်ရောက်တာ။ ထမင်းအရင်သွားစားလိုက်အုန်း... ဒါမှ များများအော်နိုင်မှာ"
"ဗျာ.. ဟုတ်... ဟုတ်ကဲ့"

သင်းအုပ်ဆရာအား နှုတ်ဆက်ပြီး canteen ဖက်ထွက်လာခဲ့သည်။

"ဟေး.. နော။ မ.. ဒီမှာ"
"လာ..ထိုင်လေ"
"ဗျာ.. ဟုတ်ကဲ့"
"over time မိနေလို့လား"
"မမိပါဘူး မမမူရ။ ရထားစီးရင် တယောက်ထဲ အစောကြီးရောက်နေမှာစိုးလို့ bus ပေါ်တက်လိုက်တာ နာရီချီသွားတယ်.. ဟဲ"
"အော်... အလုပ်တောင် ဝင်နေပြီလား"
"ဗျာ.. ဟုတ် ကဲ့"
"မနှစ်က မင်းကို မတွေ့သလိုပဲ"
"ဗျာ.. ဟုတ်.. နော nargis ဆီရောက်နေလို့"
"အော်.."
"စားလေ.."
"ဗျာ.. ဟုတ်"

အိခ်.. မှားပြီ။ နောရှောင်တဲ့အထဲမှာ ဆရာ/မ တွေလည်းပါသည်။ သူတို့တွေနှင့် ရှိနေလျှင် စိတ်ကျဉ်းကြပ်သည်ဟုခံယူထားသော နောတယောက် စိတ်ပျက်မိတာတော့ အမှန်ပင်။ စားသောက်ပြီး သီချင်းစတိုက်သည့် အချိန် အရင်လူဟောင်းတွေ ရှိသည့် အတွက် နောတယောက် အားလုံးနှင့် အဖွဲ့ကျ ရယ်မောစကားတွေပြောလို့...


“ဆရာ ငါတို့ဖက် ခဏခဏကြည့်နေတယ်။ ငါတို့ ဆိုတာ အသံ flat နေလို့လားမသိဘူးနော်”

“မသိဘူးလေ”

“အင်း.. ဖြစ်နိုင်တယ်”

“နောကော သတိထားမိလား”

“အင်.. နောက စာသားနဲ့မျက်လုံး ခွါတာမှ မဟုတ်တာ.. ဘယ်သိမှာတုန်းဗျ။ အန်တီ Annie ကိုမေးကြည့်လေ”

“ငါလည်း သတိမထားမိဘူး”

“အဲ.. အဲ… ကြည့်နေတယ်”

“စကားပြောနေတယ်ဆိုပြီး ဆူနေအုံးမယ်”


နော လည်း အစ်မတွေနှင့် အတူယောင်ပြီး ဆရာ့ကိုကြောက်မိသည်။ မဂျာဂျားတို့ပြောနေသော စကားလုံးများကြောင့် နော ဆရာ့ဆီ လှမ်းကြည့်လိုက်မိသည်။ အကြည့်ချင်း ဆုံမိခိုက် ဆရာ့ အကြည့် စူးများကို နော နားမလည်ခဲ့ပေ။ ဝိုင်းစက်သော မျက်လုံးများဖြင့် မရယ်မပြုံးအံ့အားသင့်လျက် ပြန်ကြည့် နေမိသည်။


“နော… east coast ရောက်ပြီ”

“ဗျာ…”

“ဟုတ်.. ဟုတ်ကဲ့”

“ဆင်းရအောင်”

“ဗိုက်ဆာနေပြီလား”

“ဗျာ… ဟင့်အင်း”

“နော… ရလား”

“ဗျာ… ရပါတယ်။ နော ဘာမှ မဖြစ်ပါဘူး”

“အင်း .. အင်း.. ပြီးရော”


“ရော့… စားလိုက်အုံး”


နောမော့ကြည့်လိုက်တော့ … ဆရာ…


“ဗျာ… ဟုတ်ကဲ့”


နော မျက်မှောင်ကြုံ့လျက်လှမ်းယူရင်း စားနေမိသည်။ အစီအစဉ်တွေ ကြာလို့ကြာမှန်းမသိ၊ ပြီးလို့ ပြီးမှန်းမသိ။ နော ခေါင်းထဲတွင် ဆော့နေကျ game တွေ၏ final stage ကစားနေရသည်ထက်ပင် ပိုရှုပ်ထွေးနေမိတာတော့ အမှန်ပင်။


“Clementi, Boonlay, West Coast … ဘက်ပြန်မဲ့သူတွေ ဒီကားပေါ်တက်ပါ”

“နော.. Snow တို့နှင့် လိုက်သွား”

“အန်တီမေကော…”

“အန်တီမေက Yishun မှာ ဆိုတော့ ဟိုဖက်ကားနဲ့လိုက်သွားရမှာ”

“အင်… ဟုတ်ကဲ့။ တာ့တာ.. အန်တီမေ”

“တာ့တာ ..မဂျားဂျာ”

“တာ့တာ.. နော”

“လာ… နော”


မမ Snow, မမမူ တို့နှင့် အတူ ကားပေါ်တက်လိုက်သည်။ ခါတိုင်းဆို နောက “မမမူ.. ဟာသပြောပြ”၊ “အေး.. ဒီလို…. ….” ဟုဆိုကာ ဟာသတွေ မနားတမ်းပြောပြ၊ ကျန်တဲ့အစ်မတွေကပါ လိုက်ရယ်ရင်း အရမ်းပျော်ခဲ့သည်။ ဒီညတော့ မမမူဘာလို့ ဟာသမပြောပြတာလဲ။ နောလည်း မတောင်းဆိုမိ။ hand ph. ထုတ်ကာ game ကစားနေမိသည်။ game ထဲ အာရုံရောက်သွား၍ လောကကြီးကို ခဏမေ့သွားသည်။

ရုတ်တရက် ပူးကပ်လာသောအထိအတွေ့ကြောင့် နော လန့်သွားသည်။ ဆရာ… … ။ MP4 player မှ နားကြပ်တဖက်ကို နောနားထဲ လာထည့်ပေးသည်။ နောဘေးက မမမူ ဘယ်ရောက်သွားပါလိမ့်။ ကားက express bus ဖြစ်နေသည့် အတွက် နှစ်ယောက်ခုံ တတန်းစီ။ အိုး… မမမူက ဘေးခုံဘာလို့ ပြောင်းသွားရတာလဲ။ နောမျက်မှောင်လေးကြုံ့ကာ ဆရာ့ကို ကြည့်မိသည်။ ဆရာက တည်ကြည်သော အကြည့် ဖြင့် ပြန်ကြည့်ရင်း


“ဆက် ကစားလေ”


ဟုဆိုကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထုံးစံအတိုင်း နော မသိမသာပြန်တွန်းဖယ်မိသည်။ ပိုတင်းကြပ်လာသော လက်များကြောင့် နောရေလည်တင်းသွားသည်။ ပို၍မျက်မှောင်ကြုံ့ကာ ပြန်မော့ကြည့်လိုက်သည်။


“နော လက်တွေ အေးစက်နေတယ်”


အဲ… ဟုတ်သားပဲ။ နော T-shirt လက်တိုပဲ ဝတ်ထားတာကိုး။ ဒါပေမဲ့ တွန်းဖယ်ရင်း အကွန့်တက်ပြီး…


“ရ.. ရပါတယ်ခင်ဗျ”

“နော…”


ဆရာ့အသံ အနည်းငယ်ကျယ်သွားသည်။


“ဒီသီချင်းတွေက အရမ်းကောင်းတယ်။ နားထောင်”

“game ဆက်ကစားချင်ရင် ကစား။ ကစားရင်းနဲ့ နားထောင်ပေါ့”

“နော အသက်ရှူကြပ်တယ်”

“ဒါဆို ငြိမ်ငြိမ်လေးနေ”

“နော နားကြပ်နဲ့ သီချင်းနားမထောင်တတ်ဘူး။ နား နာတယ်”

“အိုကေ”

“နော game ကစားရတာ မလွတ်လပ်ဘူး”

“ဆက် မကစားနဲ့တော့”

“ဗျာ…”

“ကို အမိန့်ပေးနေတာ မဟုတ်ဘူး။ နော ဆော့နေတာ နာရီဝက်ကျော်ပြီ။ မျက်လုံးထိခိုက်မှာ စိုးလို့… စကားနားထောင်မယ်မလား”

“ဗျာ… ဟုတ် ကဲ့”


သိပ်တော့ မကြည်။ လူကြီးဖြစ်နေလို့သာပေါ့ဗျာ။ ဒါပေမဲ့ နောဘာကြောင့် လိုက်နာနေမိတာလဲ။ ပါပါး… ဟုတ်တယ်။ ဆရာက ပါပါးနဲ့ ဘာလို့ လာတူနေရတာလဲ။ နောကို ချုပ်ကိုင်ပုံက အစတူသည်။ ဖုန်းပိတ်ရင်း စဉ်းစားနေမိသည်။


“နောက မျက်မှောင်ကြုံ့ရင် တကယ့် ကလေးဆိုးလေးပဲ… အရမ်းချစ်ဖို့ကောင်းတယ်။ ကို.. အဲဒါလေးကို ချစ်မိသွားတာထင်တယ်”

“နောက နော Sunday school ကလေးတွေရှေ့မှာဆို ခပ်တည်တည်လုပ်နေပေမဲ့ ကို့ မျက်စိထဲမှာတော့ သူတို့နဲ့ အတူတူပဲ။ ကလေးတယောက်က လူကြီးဂိုက်ဖမ်းနေတဲ့ပုံပေါက်နေတယ်… ဟင်း… ဟင်း”


နောနဖူးကို ထပ်နမ်းရင်း ပွေ့ဖက်ထားသည်။


“ပါပါးကို သတိရတယ်”

“အင်း”


နောပါးပြင်ပေါ်က မျက်ရည်စတွေကို သုတ်ပေးရင်း ဖြေသည်။ အိုး.. နောခေါင်းငုံ့ထားတာပဲ။ နော ငိုနေတာ ဘယ်လိုသိတာလဲ…


“ကို က နောထက် ၁၄ နှစ်ကြီးတယ်။ နော အရင် ရည်းစားလည်း ထားခဲ့ဖူးတယ်။ ဒါပေမဲ့ ကို သူတို့ကို ချစ်လို့ မရဘူး။ အခုဆို သူတို့ ကလေးတောင်ရနေလောက်ပြီ။ နောက်ပိုင်း ကို့ နားမှာ မိန်းကလေးတွေရှိနေပေမဲ့ ဘယ်လိုမှ ခံစားလို့ မရခဲ့ဘူး။ နော ကိုမြင်မြင်ချင်း သတိထားမိတယ်။ နော က tom boy လေးပုံပေါက်နေပေမဲ့ နောရဲ့အတွင်းစိတ်ကို ကို မြင်နေရတယ်။ နော လူကြီးသူမ၊ အစ်ကိုအစ်မတွေနဲ့ စကားပြောဆိုပုံတွေကို သတိထားမိတယ်လေ။ ဒီနှစ်တွေအတွင်း နော အကြောင်း အမြဲနားစွင့်နေခဲ့တယ်။ နောလုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ပြီးတဲ့အထိစောင့်နေခဲ့တယ်။ နောက နောတောင့်တတဲ့ အစ်ကိုအစ်မ မေတ္တာကိုပဲ ရှာတယ်။ နော အချစ်ရေးကို စိတ်မဝင်စားမှန်း ကို သိတယ်။ ဒါပေမဲ့ နောဘေးမှာ နောကိုချစ်တဲ့သူတွေများလာတော့ ကို စိတ်ပူမိတယ်။ နောကတော့ ဘယ်သိမလဲ။ နော အတွက်ရော အရာရာစဉ်းစားပြီးမှ အခုလို ဖွင့်ပြောလိုက်တာ။ ကို့ ကိုပြန်ချစ်မယ်မလား”


“နော…”

“ကောင်းကွာ… သူငယ်မက စက်တော်တောင် ခေါ်နေပြီ”

“နော…”

“နော.. အိမ်ရောက်တော့မယ်”

“အင်…. ဗျာ”

“အိမ်ရောက်တော့မယ်”

“ဗျာ… ဟုတ်ကဲ့”

“ကို ပြောနေတာတွေ ဘာမှ မကြားဘူးပေါ့ ဟုတ်လား”

“ဗျာ.. အစပိုင်းပြောတာတွေတော့ ကြားလိုက်တယ်။ နောက်ပိုင်း.. နောအိပ်ငိုက်လာပြီး…”

“နော… ကို့ ကိုသေချာကြည့်”

“s.. sorry!”

“အိုကေ… ထားလိုက်တော့”

“ဗျာ… ဟုတ်ကဲ့”

“နောကို ကို အရမ်းချစ်တယ်။ လက်ထပ်မယ်”

“ကို့ ကိုပြန်ချစ်မယ်မလား”

“ခင်ဗျာ…”


နော မျက်မှောင်ကြုံ့၊ နှုတ်ခမ်းသပ်နေမိသည်။


“ကို ဂျပန်က အပြန် transit ဝင်တဲ့ အချိန် အဖြေသိချင်တယ်”

“မနက်ဖြန် Sunday။ ကို နောကို မနက် ၉ နာရီလောက်လာခေါ်မယ်”


လာပြန်ပြီ။ ပါပါးစတိုင်… နော မျက်မှောင် ပိုကြုံ့လိုက်သည်။


“ကို နောကို ပိုချစ်အောင် လုပ်ပြနေတာလား”

“ဟာ.. ဗျာ”


“နော.. ရှေ့က bus stop မှာရပ်ပေးရင် ရလား”


မမမူ မေးမှပဲ.. အိမ်ရှေ့တောင် ရောက်တော့မှာပဲ။


“ဗျာ.. ဟုတ်”


“ကို လိုက်ပို့ပေးမယ်”

“အာ.. ရတယ်။ နော ဖာသာ နော သွားတတ်တယ်”

“အိုကေ… good night!”

“မမမူ .. good night!”

“မမ Snow … good night!”

“good night! နော”


အိမ်ရောက်ရောက်ချင်း အဝတ်လဲ၊ ရေချိုးခန်းထဲဝင်ကာ ရေပန်းအောက်၌ ခဏတာ ရပ်နေမိသည်။ ခန္ဓာကိုယ်ပေါ်ကျလာသော ရေနွေးနွေးက တကိုယ်လုံးတောင့်တင်းနေသော အကြောများကို ပြေလျော့သွားစေပေမဲ့ ခေါင်းထဲ၌ ရှုပ်ထွေးနေသော အတွေးများကိုတော့ ကြည်လင်အောင် မလုပ်ပေးနိုင်ပါလား။ puzzle များကိုအဖြေမထွက်မချင်း ကြိုးစားခဲ့ဖူးပေမဲ့ ဤကိစ္စကိုတော့ နော အုန်းစားမခံနိုင်ပါ။ တနေကုန်ပင်ပန်းထားသည့်အတွက် တခဏချင်းတွင်ပင် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။


၈ နာရီတောင်ကျော်ပြီပဲ။ အိပ်ရာထ။ သွားတိုက်၊ မျက်နှာသစ်၊ ဆုတောင်းပြီး မနက်စာစားကာ ဘုရားကျောင်းသွားရန် ပြင်ဆင်နေမိသည်။


… … you raise me up, so I can stand on mountains … …

… … you raise me up, to walk on stormy seas … …

… … I’m strong, when I’m on your shoulders … …

… … you raise … …


ထွက်ပေါ်လာသော ring tone ကြောင့် အိပ်ယာပေါ်မှ ဖုန်းကို လှမ်းယူလိုက်သည်။ Sunday ဆိုလျှင် ဦးလေး၊ အဒေါ် လူကြီးဖုန်းတွေ ဝင်တတ်၍ silent mode လုပ်ထား၍ မဖြစ်။ လက်တဖက်၌ ပေါင်မုန့် ကိုင်ရင်း မည်သူ့ဖုန်းဟုပင် မကြည့်ဖြစ်မိ။


“ဟလို…”

“morning!…”

“ဗျာ.. ဟုတ်.. morning!”

“ကို အောက်မှာ စောင့်နေတယ်။ မြန်မြန်ဆင်းလာခဲ့။ ဘုရားကျောင်း မမှီပဲ နေမယ်”

“ဗျာ…”

“ရေဗူး ထည့်ဖို့ မမေ့နဲ့အုံး။ ခဏနေ တွေ့မယ်”


ပြောပြီး ဖုန်းချသွားသည်။ အခု အရွယ်ထိ ဘယ်သွားသွား နော ကိုယ့် ရေဗူးနှင့်သာ သောက်လေ့ရှိသည်။ ပါပါး ငယ်ငယ်ကတည်းက အကျင့်လုပ်ထားပေးသောကြောင့် ဖြစ်သည်။ ခေါင်းဖြီးနေစဉ် နဖူးကိုကြည့်မိရင်း မနေ့ညမှ အဖြစ်အပျက်ကို ပြန်မြင်ယောင်လာကာ မျက်မှောင် ကြုံ့မိသည်။ ပါပါး သာအမြဲ နမ်းလေ့ရှိသော နော နဖူးကို သူ တကြိမ်မက ခွင့် မတောင်းပဲ နမ်းသွားခဲ့သည်။


“မမနို… နော ဘုရားကျောင်းသွားပြီ။ တာ့တာ..”

“နောက်ကျမှာလား.. နော”

“မနောက်ကျပါဘူး။ ဒီနေ့ ပွဲတော်မရှိဘူး”

“အေးအေး.. တာ့တာ”

“ကျန်တဲ့ အစ်မတွေ သားနော လစ်ပြီဗျို့.. တာ့တာ”

“ဘိုင့် ဘိုင်”

“ချဲရီးယို”

“ဟား.. ဟား..”

တိုက်အောက်အရောက် ဓါတ်လှေကားမှ အထွက် ... ... နောပုခုံးကို လာဖက်ကာ

“နော တက်နေကျ ဘုရားကျောင်းပဲ သွားမယ်လေ။ ကို လည်း ရောက်ဖူးသွားတာပေါ့”

“ဗျာ.. ဟုတ်ကဲ့”


“hi, naw!”

“hi, pastor leng”

“you attended the 1st service, huhh?”

“nope, I’m gonna attend the 2nd one.”

“oh, ok. Take your time.”

“hi, naw!”

“hi, aunty mary!”

“How are you doing?”

“Just so so…”

“is he your brother?”

“um.. yep, my brother… … in Christ! :D”

“hello, jye jye naw!”

“hey, chavvone, ezekieh!”


နော သူတို့လေးတွေကို ပွေ့ရင်း အန်တီတွေနှင့် နှုတ်ဆက်နေသည်။


“hi, naw!”

“oh.. uncle joe, aunty hannah!”

“aunty mary… I’m going up for the service.”

“ok, dear. See you, then!”


ဓါတ်လှေကား ၌ uncle kek နှင့် တိုးတော့…


“you.. horr.. cannot wake up again, is it?”

“he`… no lahh”

“become naughty girl, huhh?”

“next week, I need you to do the projection horr..”

“yes, sir!”

“good girl!”

“hi, you are…”

“oh.. yeah, uncle kek, he’s from Myanmar.”

“he said, he wanna observe us, that’s why I brought him here.”

“ok. That’s good!”

“see you around, dear!”

“yep. See you!”


အမြဲတမ်း နောကို တယောက်တည်း တွေ့နေရသောကြောင့် ဒီနေ့အဖို့ နောအနေရခက်နေသလို ဖြစ်မိသည်။ စဉ်းစားရင်း မျက်မှောင် ကြုံ့မိပြန်သည်။


“ဟေ့… ဘုရားကျောင်းထဲမှာနော်”

“ဗျာ”


မျက်မှောင် အကြုံ့လိုက်နှင့်ပင် ပြန်ကြည့် လိုက်ရာ ပြုံးပြလျက် သူ့လက်ဖြင့် နော ခေါင်းကို လာပွတ်သည်။

Service အပြီး ခန်းမဆောင် မှ အထွက်…


“hey, naw!”

“hey, mendy! Sorry horr..”

“how’s today?”

“pretty good. Thanks God that today’s got less kids.”

“ahh.. I see.”

“who’s he? Your boyfriend?”

“eek… not really… :P”

“you.. huhh… always like that… blur blur already!”

“kk.. I’m about to leave. See you next week.”

“ok. See you. Bye bye!”

“bye bye!”


ဆရာ ဘယ်ရောက်သွားပါလိမ့်။ အိခ်… pastor နှင့် စကားပြောနေပါလား။ နော မသိမသာ လစ်ထွက်ရန်ပြင်စဉ်


“နော…”

“oops … ဗျာ..”

“pastor ကို နှုတ်ဆက်လိုက်အုံးလေ”

“ဗျာ.. ဟုတ်ကဲ့”


“နော ဗိုက်ဆာတယ်”

“KFC သွားမလား”

“umm.. နောဒီနားက food court မှာ ပဲစားချင်တယ်”

“အိုကေ”


“ကိုယ့် ဘုရားနဲ့ကိုယ်ဆိုပြီး သပ်သပ်ဆုတောင်းတာ ကို မကြိုက်ဘူး။ အခုတော့ ကို ဆုတောင်းပေးမယ်။ နောက်ပိုင်း နော ကြိုးစားပြီး တောင်းရမယ်။ ကလေးမဆန်ရဘူး။ ကို ပြောတာ နားလည်တယ်နော်”


မျက်မှောင်ကြုံ့လျက် ခေါင်းသာ ညိမ့်ပြလိုက်သည်။


“နော က veggie မကြိုက်ဘူးဆိုတော့ ကို အသားတွေပဲ ထည့်ပေးထားတယ်”

“ဟုတ်”

“ဒါပေမဲ့ ကျန်းမာရေးအတွက် နဲနဲလေးပဲဖြစ်ဖြစ် စားပေးရတယ်ကွ”

“ရော့… ဒါမြည်းကြည့်”


ဆရာ သူ့ပန်းကန်ထဲမှ veggie တမျိုးကို နောပန်းကန်ထဲ လှမ်းထည့်ပေးသည်။ နော မစားသေးပဲ ပန်းကန်ကို ကြောင်၍ စိုက်ကြည့် နေမိသည်။


“နော က လိမ္မာပါတယ်ကွာ… အရင်မြည်းကြည့်လိုက်။ မကြိုက်ရင် ဆက်မစားနဲ့။ ဟုတ်ပြီလား”

“အင်း”


ခေါင်းညိမ့်ပြပြီး ထို veggie ကို စားကြည့်သည်။ အင်း… မဆိုးဘူးပဲ။ နော ဆက်စားနေတော့ ပြုံးပြီး ထပ်ထည့်ပေးသည်။ ပါပါးလိုပင်…

“အရင် try ကြည့်။ နောမကြိုက်ရင် ဆက်မလုပ်/ဆက်မစားနဲ့ပေါ့” ဟူသော စကားလုံးများ။


… … you raise me up, so I can stand … …


“ဟလို”

“ဟုတ်.. မမမူ”

“ဟဲ.. ခဏကပဲ နော ဘုရားကျောင်း service ပြီးတာ။ missed call တွေ မကြည့်မိသေးဘူး။ sorry ပါ ခင်ဗျား..”

“ဟုတ်.. နောက်အပတ်လာတက်မယ်”

“ဗျာ… ဟုတ်… ရှိတယ်။ ပြောမလား”

“အင်း… ဟုတ်ကဲ့”

“ဟုတ်ကဲ့ .. မမမူ… တာ့တာ”


နော ဖုန်းကို ဘောင်းဘီ အိတ်ကပ်ထဲ ပြန်ထည့်ရင်း ထမင်း ဆက်စားနေလိုက်သည်။


… … you raise me up, so … …


“ဟလို”

“ဟား… ကိုလေး။ ဘယ်ရောက်နေတာလဲဟင်”

“အိခ်”


ဆရာ့ဆီ ကြည့်မိတော့ ဆရာ ထမင်းစားရပ်ရင်း နောကို လက်ပိုက်ကြည့်နေသည်။


“ဟဲ.. ကိုလေး.. sorry ဗျာ။ နောက်တခေါက်ကျရင် လိုက်မယ်”

“တကယ်ပြောတာပါဗျ”

“ကိုလေးသာ သိပ်တည်ပြမနေနဲ့အုံးနော်။ တော်ကြာ မသိတဲ့ မမတွေက လန့်ပြီး နောအစ်ကို ကျန်ရစ်ဖြစ်နေအုံးမယ်ဗျ”

“ဟုတ်… နော နောက်မှ ဖုန်းပြန်ခေါ်လိုက်မယ်နော်”

“ဟုတ်ကဲ့”

“တာ့တာ”


“နော”

“ဗျာ..”

“အစာ စားနေရင် အရေးကြီးကိစ္စကလွဲလို့ အတတ်နိုင်ဆုံး ဖုန်းမပြောပါနဲ့လား”

“ဗျာ… ဟုတ် ကဲ့”

“အိုကေ.. လိမ္မာတယ်။ စားလိုက်အုံး… အေးကုန်မယ်”


သိပ်မကြည်သော်လည်း နော နာခံလိုက်ရသည်။ ချုပ်ချယ်သည်ဟုတော့ မထင်မှတ်မိ။ ဘာကြောင့်လဲဆိုတော့ ပါပါး နောအပေါ် ဆက်ဆံနေကျအတိုင်းဖြစ်နေသည့် အတွက်ထင်။


“နော.. ဘယ်သွားစရာရှိလဲ။ ဘယ်သွားချင်လဲ”

“အိမ်ပြန်ချင်တယ်”

“ကို sim lim square သွားကြည့်မလို့။ လိုက်ပေးမလား”

“sim lim square”

“အင်း”


Sim lim square ဆိုတာက နောအကြိုက်နေရာ တခုပေါ့။ electronics တွေချည်း အများကြီး ရှိတဲ့နေရာလေ။ နောရဲ့ shopping က အဲလိုနေရာမျိုးတွေပေါ့။ sim lim square ဟူသောကြောင့် နောမျက်နှာ လင်းလက်သွားသည်။


“လိုက်ပေးမယ်မလား”

“ဗျာ.. ဟုတ်ကဲ့”


ဒီတခါ “ဟုတ်ကဲ့” ကိုပြုံးရင်းဖြေမိသည်။ နော crazy ဖြစ်တဲ့ camera, phone handset, notebook, PSP တန်းတွေဆီလျှောက်သွားရင်း နောသိချင်တာမှန်သမျှ ဆရာ့ကို မေးနေမိသည်။ နောစိတ်တွေ ပေါ့ပါးနေသည်။ ကိုယ့်ကို propose လုပ်ထားသော သူတယောက်နှင့် သွားလာနေရ၍ စိတ်ကျဉ်းကြပ်သည်ဟု မထင်မိတော့။ ပါပါးနှင့် အရင်တုန်းကလို လျှောက်သွားနေသည် ဟုသာ ခံစားမိသည်။


“နော.. ခြေထောက်မညောင်းသေးဘူးလား”

“ဟင့်အင်း”

“ပျော်လား”

“ဟုတ်ကဲ့”


အပြုံးနှင့် ဆိုမိသော ဒုတိယမြောက် “ဟုတ်ကဲ့”။ အဲ… နော အခုမှ ရိပ်မိသည်။ ဆရာ နောကို တပတ်ရိုက်သွားသည်။ သူဝယ်စရာ မရှိပဲနှင့် နောသွားတတ်မှန်းသိသည့် နေရာကို တမင်ရွေးကာ ခေါ်လာခြင်းဖြစ်သည်။

အပြန် ရထားပေါ်၌ ထိုင်စရာ နေရာ ရ၍ တော်သေးသည်။ နော က ရထား၊ ကား၊ ဘီးပါသမျှ ဘာမဆိုပေါ်တက်လိုက်သည်နှင့် အိပ်နိုင်သော သတ္တဝါ လေ။ အစပိုင်း ဟန်လုပ်ကာ ခပ်တည်တည်လေး ထိုင်နေသော်လည်း ဘယ်အချိန် အိပ်ပျော်သွားသည် မသိ။ အဲ.. ဆင်းရမည့် ဘူတာ မရောက်ခင်ဆိုလျှင် အမြဲတမ်း ပြန်နိုးလာတတ်၍ တော်သေးသည်။


“အာ…”


နော အသာ ရုန်းထွက်လိုက်သည်။ လုပ်ပြန်ပြီဗျာ။ နောအိပ်ပျော်နေတုန်း သူ့ရင်ခွင်ထဲ ရောက်သွားရပြန်ပြီ။ မျက်မှောင် ကြုံ့မိတော့ နောနဖူးပေါ် အနမ်းတပွင့် ရောက်လာသည်။


“ဟာဗျာ…”

“အခုချိန်က စပြီး တခါမျက်မှောင်ကြုံ့ရင် တခါမွှေးမှာနော်… မပြောမရှိနဲ့”

“ဗျာ…”


မျက်မှောင် အလိုလို ပိုကြုံ့မိသွားသည်။


“ဟော.. ပြောနေရင်းက... ”


နဖူးကို လက်နှစ်ဖက်ဖြင့် အလျင်အမြန်ကာရင်း…


“အာ.. နောမကြိုက်ဘူး။ တော်တော့ဗျာ…”

“ဟိတ်.. အကျယ်ကြီး မအော်နဲ့လေ”


ဒီနိုင်ငံမှာက လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံဖြင့် အချင်းချင်းသာပြောကြသောကြောင့် ဘေးလူပြောသောစကားကို နားမလည်၊ ဂရုလည်း မစိုက်ကြ၍ တော်သေးသည်။


“Clementi”


ဆရာ အရင်မတ်တတ်ရပ်ရင်း


“ထလေ.. ရောက်ပြီ”

“ဗျာ.. .ဟုတ်ကဲ့”


MRT station အောက် အရောက် “ခဏ” ဟုဆိုကာ ဆရာ ထွက်သွားသည်။ တအောင့် လောက်အကြာ ပြန်ရောက်လာတော့ လက်ထဲတွင် နောအကြိုက် KFC cheese fries နှင့် popcorn chicken ပါလာသည်။


“လမ်းလျှောက်ရင်း စားတာပေါ့။ နော ဗိုက်ဆာနေပြီမလား”


စဉ်းစားရင်း မျက်မှောင်ကြုံ့လျက်ပြန်ကြည့်ကာ ဘာမှ ပြန်မပြောမိ။ MRT နှင့် အိမ်သိပ်မဝေးသောကြောင့် bus ထပ်စီးစရာမလို။


“လူကြီးတွေကို အဲလို ခဏခဏ မျက်မှောင် မကြုံ့ပြရဘူးကွ”

“နော…”


ခေါင်းငှဲ့ ပြန်ကြည့်တော့…


“ဆုတောင်းခြင်းဝတ် မပျက်စေနဲ့နော်”

“ဟုတ်ကဲ့”

“အလိုတော် အတိုင်း အသက်ရှင်နေထိုင်တတ်ရမယ်”

“ဟုတ်ကဲ့”

“အများ အလယ်မှာ ပုံသက်သေကောင်း ဖြစ်အောင် ကြိုးစား”

“ဟုတ်ကဲ့”


ဒီလိုနှင့် တိုက်အောက်ရောက်တော့ ဆရာ နှုတ်ဆက်ပြီးပြန်သွားသည်။ နော လည်း အိမ်ပေါ်တက်၊ အဝတ်အစားလဲကာ အိပ်ယာပေါ် လှဲပစ်လိုက်သည်။ ဖုန်း missed calls စစ်၊ message ပြန်စရာရှိတာပြန်ရင်း နောက် နော lappy လေးကိုဖွင့်ကာ သီချင်းနားထောင်နေမိသည်။ သီချင်းစာသားများအား အာရုံမစိုက်နိုင်ပဲ အတွေးနယ်ချဲ့နေမိသည်။


ဆရာက နောထက် ၁၄ နှစ်တောင်ကြီးပေမဲ့ နော အစ်ကိုကြီးတွေအရွယ်လောက်သာထင်ရသည်။ ပါပါးနှင့် အရပ်အမောင်းချင်းလည်း အတူတူပင်။ နောတို့ နှစ်ယောက် တွဲသွားတွဲလာပုံမှာ ရုပ်ရှင်တွေထဲကလို သမီးရည်းစားအတွဲများ နှင့် မတူပဲ မောင်နှမ နှစ်ယောက် အတူသွားလာပုံ နှင့် တူနေသည်။ ဤအချက်ကိုတော့ နော ကျေနပ်မိသည်။ အဘယ်ကြောင့် ဆိုသော် “အယ်… နောက အတွဲနဲ့… ” ဟုပြောခံရမည်ကို သေမလောက်ကြောက်သူ မဟုတ်လား။ ဆရာနှင့် အတူရှိနေချိန်တိုင်း ရှက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း မျိုးတော့ မဖြစ်မိ။ နောက ၁၅၀၀ အချစ်ကို ခံစားလို့မှ မရတာ…


“နော… ဖုန်းလာနေတယ်”

“အင်… ”

“ဗျာ… ဟုတ်ကဲ့”


…. … to walk on stormy seas … …

… … and I’m strong, when I’m on … …


“ဟလို”

“ဗျာ… အိမ်ရှေ့ရောက်နေတယ်”

“အော့်… ဟုတ်ကဲ့”


ဖုန်းချပြီး pajamas ပင်မလဲတော့ဘဲ တံခါးသွားဖွင့်ပေးရသည်။


“နော… ဧည့်သည်ကို အိမ်ထဲခေါ်လေ”

“ဗျာ… ဟုတ်.. မ”

“ဝင်မယ်နော်”

“ဗျာ… ဟုတ်… ခဏထိုင်ပါအုံး ခင်ဗျ”

“နော မှာ milo ပဲကျန်တော့တယ်”


Milo ဗူးကို လက်ကမ်းပေးရင်း ဆိုလိုက်သည်။


“ရတယ်.. ကို ရေအေးပဲသောက်မယ်”

“ဟုတ်ကဲ့”

“ရော့… နောအတွက် တောင်ကြီးက တိုဖူးချဉ်”


အိုး… အိမ်မှာဆို ပါပါးနှင့် နော က တိုဖူးချဉ် မပါလျှင် ထမင်းစားလို့ မဝင်သူ။ ဒါကြောင့် မာမားကပင် နောတို့ အတွက် အမြဲတမ်း fridge ထဲမှာ မပြတ်ထည့်ထားပေးရသည်။


“ယူလေ”

“ဗျာ…”

“ကို အိမ်ပြန်သယ်ဖို့ ယူလာတာ မဟုတ်ဘူးနော်”

“ရော့”

“ဟုတ်ကဲ့ … … thanks!”

“ကို့ ကို ညနေစာ မကျွေးချင်ဘူးလား”

“ဗျာ…”

“ဟို… ဒါဆို hawker centre သွားမယ်လေ”

“မသွားဘူး… နောကိုယ်တိုင် လုပ်ပေးတဲ့ အစားအစာ တခုခုပဲစားချင်တယ်”

“ဟာဗျာ..”


နောမျက်မှောင်ကြုံ့လိုက်မိသည်။


“ဟေ့…”

“အာ… ” နောယောင်၍ နဖူးရှေ့လက်ကာမိသည်။

“ဟား.. ဟား”

“ကဲ.. ဘာကျွေးမှာလဲ”

“ဒီနေ့ ထမင်း မချက်ဘူး။ နောမှာ ခေါက်ဆွဲတွေပဲရှိတယ်။ spaghetti စားမှာလား”

“အင်း.. ရတယ်။ ဘာဖြစ်ဖြစ်… ”

“ဒါဆိုလဲ ခဏစောင့်ဗျာ”

“အိုကေ”


ဂက်စ်ဖွင့်၊ ရေနွေးအိုးတည်နေတုန်း ချက်ထားတဲ့ ဟင်းအနှစ်ကို oven ထဲထည့်ကာ ပြန်နွှေးလိုက်သည်။ နောက် spaghetti ခေါက်ဆွဲ ပြုတ်နေစဉ် လက်ကျန် တိုဖူးခေါက်ခြောက် ကို ကြော်လိုက်သည်။ ခေါက်ဆွဲ အနေတော်ဖြစ်ချိန် အိုးချကာ ခဏ ရေစစ်ထားလိုက်သည်။ နောက် ပန်းကန်ထဲ ခေါက်ဆွဲ၊ ဟင်းအနှစ်ထည့်၊ အဆင်သင့် လုပ်ထားသောကြက်သွန်ဆီချက်၊ ငံပြာရည်၊ ဆား၊ cheese powder အချိုးကျထည့်ကာ စားပွဲပေါ်တင်လိုက်သည်။ ဆီစစ်ထားသော တိုဖူးခေါက်ခြောက်ကြော်အချပ်များကို ပန်းကန်ပြားတချပ်နှင့် ထည့်ယူလာအပြီး


“အားလုံး ပြင်ပြီးပြီ”

“မြန်သားပဲ”

“ကို တယောက်တည်း စားရမှာလား။ နော ကော မစားဘူးလား”


fridge ထဲမှရေအေးကို ခွက်ထဲ ငှဲ့ထည့်ပေးရင်း မျက်မှောင်ကြုံ့လျက် ခေါင်းခါပြလိုက်သည်။


“ခဏနေ basketball သွားကစားမှာမလား။ တခါတည်း စားလိုက်လေ”

“ဗျာ…”


နောလုပ်နေကျ အရာတွေကို သိပဲသိနိုင်လွန်းသည်။ ဘာမှပြန်ပြောမနေတော့ပဲ ပန်းကန်တချပ်ဆွဲကာ ပြင်လိုက်တော့သည်။


“လာ.. ထိုင်”

“ဟင်းအနှစ်က ကိုယ်တိုင်ချက်တာလား”


သာမန်ဆို “ဟင့်အင်း” ဟုဖြေမိမှာ အမှန်ပင်။ နောကို အဲလိုမျိုးမေးလျှင် နော မကြိုက်။ Sunday ဖြစ်နေသည့်အတွက် နော ခေါင်းမညိမ့်၊ ခေါင်းမခါ ပဲနေနေသည်။


“နောက ချက်တတ်သားပဲ… စားလို့ကောင်းတယ်”

“နောက ချက်တတ်တယ်။ သူ့ကို မိန်းကလေးဆန်တယ် ပြောတော့ မကြိုက်ပြန်ဘူး။ ယောကျာင်္းလေး စတိုင်သာဖမ်းနေတာ.. အကျင့်ကတော့ ရှေး အဖွားလေး အတိုင်းပဲ”

“ဟာဗျာ… မ.. ကလဲ”


မမချစ်ကို မျက်မှောင်ကြုံ့လျက် ပြန်ကြည့်ပြလိုက်သည်။


“နော ဘာမှ မတတ်ဘူး။ ဒါလည်း လျှောက်လုပ်ထားတာ.. အိုကေ??”

“အင်းပါ.. အင်းပါ”

“ညီမ ကော စားပြီးပြီလား”

“စားပြီးပြီ အစ်ကို”

“အစ်ကိုတို့သာ ဖြေးဖြေးစားကြ။ အေးဆေးမှ ပြန်ပေါ့”

“ကောင်းပါပြီဗျာ..”


စားသောက်ပြီး သိမ်းဆည်းဆေးကြောနေစဉ် နောဘေးနားလာရပ်ကာ နောခေါင်းကို ပွတ်ရင်း


“thank you, နော”

“ရပါတယ်”

“နော အစ်မတွေက သဘောကောင်းမဲ့ပုံပဲ”

“ဟား… အရမ်းကောင်းတာပေါ့။ မမတို့က ပညာလည်းတော်တယ်။ အချက်အပြုတ်လည်း ကောင်းတယ်။ အိမ်မှုကိစ္စ၊ လူမှုရေး လည်း အရမ်းကျွမ်းတယ်။ နောက်ပြီး…”

“တော်တော့”

“တခြားအစ်ကိုတွေလို စပ်ပေးအုံးမလို့လား”


အသံကျယ်သွားသဖြင့် နောလန့်ကာ မျက်ရည်ဝဲလာသည်။


“ဆောရီး… နော”

“ကို ဧည့်ခန်းထဲမှာ စောင့်နေမယ်”


ဟုဆိုကာ နောလက်မောင်းကို တချက်ညှစ်ရင်း ထွက်သွားသည်။ ပါပါး နောကို အသံမာမာ နှင့် အော်မိလျှင်

နောမျက်ရည်ဝဲလာတတ်သည်။ အခု ဘာဖြစ်လို့ မျက်ရည်ဝဲလာရတာလဲ။ ပါပါးကိုပဲ လွမ်းနေမိသည်။ တခြား နောအစ်ကိုတွေနှင့် ရှိနေစဉ် ဒီလိုခံစားမှုမျိုး မဖြစ်ဖူးချေ။ ပါပါးမှ လွဲလျှင် ဘယ်ယောကျာင်္းလေးမှ နောကို အော်ခွင့်မပေးခဲ့ပါ။ နော basin ဘေး၌သာ ရပ်နေရင်း ပြတင်းပေါက်မှ အပြင်သို့ အဓိပ္ပါယ်မဲ့ ငေးနေမိသည်။


“ဟာ… နော ကွာ”

“ဧည့်သည်ကို တယောက်ထဲ ပစ်ထားတယ်”


နော ဘယ်လောက်ကြာကြာ ရပ်နေမိသည်မသိ။


“ဆောရီး ဗျာ”

“နော…”

“နော တခြားအစ်ကိုအစ်မတွေနဲ့ဆိုရင် အမြဲတမ်းပြုံးရွှင်နေပြီး ကို နဲ့ကျတော့မှ ဘာလို့ မပြုံးမရယ်ဖြစ်နေရတာလဲ”

“ဗျာ… ထင်လို့ပါ”

“ဒီ keyboard က နော တီးတာလား”


နော ပြန်မဖြေပြန်။


“hymns တွေပဲ တီးနေတယ်ပေါ့။ praise & worship songs တွေ တီးကြည့်လေ” ဟုပြောရင်း ဆရာ hillsong တပုဒ် စမ်းတီးနေသည်။

“oops… keyboard တီးတတ်တယ်??”

“နော တချို့ major, minor chords တွေကျရင် သိပ်မြန်မြန် မပြောင်းနိုင်ဘူး ဖြစ်နေတယ်ဗျ။ ဘယ်လိုလုပ်ရမလဲဟင်”

“အင်း… ဒါက .. ဒီလို.. .. ..”


နောကို အသေအချာ သင်ပြပေးသည်။ ဆရာပြောပြတော့လည်း လွယ်နေသည်။ စမ်းတီးကြည့်ရင်း နော ပျော်နေမိသည်။


“၇ နာရီတောင် ကျော်ပြီ။ ကစားကွင်း သွားမှာမလား”

“ဟုတ်ကဲ့”

“အဝတ်သွားလဲလေ။ ကို စောင့်နေမယ်”


ခေါင်းညိမ့်ပြရင်း အိပ်ခန်းထဲ ဝင်လာခဲ့သည်။ အခန်းထဲတွင် စာဖတ်နေသော မမနိုက


“သွား ကစားတော့မှာလား”

“ဟုတ်… မ.. မလိုက်ဘူးလားဗျာ”

“အင်း.. မနက်ဖြန် meeting အတွက် ပြင်ဆင်စရာလေးတွေ ရှိသေးတယ်”

“နော အစ်ကိုကြီးပါတယ်မလား။ မောင်နှမတွေ လွတ်လွတ်လပ်လပ် သွားကြပေါ့”

“ဗျာ… ဟုတ်.. မ..”

“စောစော ပြန်တက်ခဲ့နော်”

“ဟုတ်ကဲ့”


တခြားဘာမှ ထပ်မမေးတော့၍သာ နော အသက်ရှူချောင်သွားရသည်။ အချို့သော မေးခွန်းများအတွက် နော၌ အဖြေရှိလိမ့်မည် မဟုတ်ပါ။


“နော ညတိုင်း ကစားဖြစ်တယ်နော်”

“ဗျာ.. ဟုတ်ကဲ့”

“နော အစ်ကိုတွေ လာမကစားတော့ဘူးလား”

“ဗျာ… ဘယ်လိုသိတာလဲ”

“နော blog ကို အမြဲဖတ်လို့ပေါ့”

“ဟာ.. ဗျာ”

“အခု နောတယောက်တည်း ပြိုင်ဖက်မရှိပေါ့ .. ဟုတ်လား”

“အာ.. အဲလိုလည်း မဟုတ်ပါဘူး။ တချို့က အလုပ်ပြောင်း၊ အိမ်ပြောင်း သွားတော့ ဝေးသွားပြီး လာလို့ အဆင်မပြေတော့ဘူးဗျ။ တချို့က မြန်မာပြည် အပြီးပြန်သွားကြတော့…”

“အော်… အင်းအင်း”


လမ်းလျှောက်လျက် စကားပြောနေရင်း နောပုခုံးကို လာဖက်ရာ နော ပြန်တွန်းဖယ်လိုက်သည်။ တွန်းဖယ်၍ မရသည့်အပြင် ပို တင်းကျပ်လာသော အခါ


“နော အသားယူတာ မကြိုက်ဘူးဗျာ”

“မင်း…”

“ဟာ..ကွာ..”


ဆရာ့လက်များ နောပုခုံးပေါ်တွင် မရှိတော့။ နော တချက်နှုတ်ခမ်းတွန့်ပြုံးရင်း ကွင်းထဲ ပြေးသွားလိုက်သည်။ ဘယ်ရမလဲ။ ဒီကမ္ဘာပေါ်တွင် ပါပါးမှ လွဲ၍ နော ကြောက်ရမည့် သူမရှိသေးပါ။ ပါပါး ကိုတော့ ချစ်၍ကြောက်ခြင်းသာ…


တယောက်တည်း စိတ်ကြိုက် shoot နေမိသည်။ ကြာတော့ ပျင်းလာ၍ ဆရာ့ကို ခေါ်ကစားချင်သော်လည်း ဘယ်လို စခေါ်ရမည်မှန်းမသိ။ နောက်တော့ ဆရာ့ဆီ လျှောက်သွားကာ ဆရာ့ ရှေ့ရပ်ရင်း basketball လှမ်းပေးလိုက်သည်။ ဆရာ နောကိုအပြုံးနှင့် စိုက်ကြည့်ကာ မတ်တပ်ထရင်း


“နော က တကယ့် ငဂျစ်လေးပဲ”


အချိန်တွေ ကုန်မှန်းမသိ ကုန်သွားခဲ့သည်။


“တော်လောက်ပြီ… နော။ နော မနက်ဖြန် ရုံးတက်ရမယ်လေ”

“ဟာ… မရဘူး။ နော ကစားလို့ မဝသေးဘူး”

“အိုကေ.. နောက်ထပ် ၅ မိနစ်ပဲနော်”

“ဟုတ်ကဲ့ပါဗျာ…”


နော မျက်မှောင်ကြုံ့ရင်း ကတိပေးလိုက်သည်။


“ရေး… ၆-၄”


နားလိုက်မှပင် ပိုမောလာသည်ဟု ခံစားရသည်။ ကွင်းဘေးက ခုံတွင် ထိုင်ရင်း မျက်စိမှိတ် အမောဖြေနေလိုက်သည်။


“ရော့”

“ဗျာ..”

“ချွေးထွက်များထားတယ်… သောက်လိုက်” 100Plus ဗူးလှမ်းပေးရင်း ဆိုသည်။

“thank you!”

“သဘက် သေးသေးလေးပဲဖြစ်ဖြစ် ဆောင်ထားလေ။ ချွေးတွေ မသုတ်ပဲ ဒီအတိုင်းထားတော့ ချွေးငုပ်ပြီး ဖျားမှာပေါ့ကွ”

“အမြဲတမ်း ဒီလိုပဲ နေနေကျ။ နော ဘာမှ မဖြစ်ဘူး”

“ဘာဖြစ်လို့ လူကြီးစကား မနားထောင်ချင်ရတာလဲ”


100Plus မော့သောက်လျက်ပင် မျက်မှောင်ကြုံ့လျှက် ပြန်ကြည့်မိသည်။


“လာ… ရှေ့ကို နဲနဲတိုး…”


ဟုဆိုကာ ဘောင်းဘီအိတ်ကပ်ထဲမှ လက်ကိုင်ပဝါကိုထုတ်၍ နော နဖူး၊ မျက်နှာ၊ လည်ပင်းမှ ချွေးများကို သုတ်ပေးရင်း ပါးစပ်မှလည်း နှုတ်ခွန်းခြွေနေတော့သည်။


“ကို က တခြားသူတွေလို မင်းအတွက် မကောင်းမှန်းသိလျှက်နဲ့ အလိုလိုက်ပြီး မင်းလုပ်ချင်တိုင်း လုပ်ခွင့်ပေးမယ် မထင်နဲ့… ကြားလား”

“ဟေ့…”

“ဗျာ.. ဟုတ်ကဲ့”

“သောက်လို့ပြီးပြီလား”

“ဟုတ်”

“အိုကေ… ခဏနားပြီးရင် ပြန်ကြမယ်။ ကွင်းပြင် မှာ ကြာကြာထိုင်ရင် အအေးပတ်လိမ့်မယ်”


မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။ ၅ နှစ် အရွယ်ကောင်မလေး တယောက်ကို သူ့အဖေက ကွင်းထဲ၌ စကိတ်စီး သင်ပေးနေသည်။ ဒီနိုင်ငံမှာက မိဘများ သားသမီး ကိုအချိန်ပေးနိုင်ရန် အလွန်ခက်ခဲသည်။ ဤကလေးမက တော်တော် ကျေးဇူးတော် ခံရတာပဲ။


“နော… ပြန်ရအောင်”

“ပြန်ချင်ပြန်နှင့်လေ.. နော နေခဲ့မယ်”

“ဟ… နောတယောက်တည်း နေခဲ့စရာလားကွ”

“နော.. ဟိုသားအဖ ပြန်မှ ပြန်မယ်”

“သူတို့က ဘယ်အချိန်ပြန်မယ်မှန်းမှ မသိတာ”

“နောက်ကျမှာစိုးရင် ပြန်နှင့်လေဗျာ.. နော ဘယ်သူ့ကိုမှ လိုက်မတားဆီးတတ်ဘူးဗျ”

“ဟာ… မင်းကွာ”

“အာ. ဘာလုပ်တာလဲဗျ”

“မရုန်းနဲ့… နောက်မှ ကို့ အဆိုး မဆိုနဲ့။ ဒီမှာ ဆက်ထိုင်ချင်သေးတယ်ဆိုရင် ဒီအတိုင်း ငြိမ်ငြိမ်နေ။ နော လက်မောင်းတွေ အေးစက်နေပြီ”

နော လှုပ်၍မရ။ ဆရာ့ ရင်ခွင်ထဲ၌ တင်းကြပ်စွာ ဖက်ထားခြင်း ခံနေရသည်။

“ဟာ… ဒါဆို ပြန်မယ်ဗျာ”

“နော”

“ကို့ ကို နဲနဲလေးမှ ပြန်မချစ်ဘူးလား… ကို နဲ့ရှိနေရတာ နော စိတ်ညစ်နေလား။ စိတ်ကျဉ်းကြပ်နေတာလား”

“ဆရာ ဖြစ်နေတာရယ်၊ အသက်ကွာတာရယ်ကြောင့် နော ကြောက်နေတာလား”

“မနက်ဖြန်ဆို ကို လည်း ဂျပန်ဆက်သွားရမယ်။ တပတ်လောက်ကြာမယ်။ နောဘက်က မကြည်မှန်းသိပေမဲ့ နောနဲ့ရှိနေတဲ့ အချိန်အတွင်း ကို အရမ်းပျော်တယ်။ နောကိုလည်း ပိုပိုချစ်လာမိတယ်”


နောရင်တွေ အရမ်းတုန်နေသည်။ ရင်ခုန်တာတော့ မဟုတ်။ ဆရာ ပြောသမျှ မလှုပ်မယှက် နားထောင်နေမိသည်။


“နောဆီက ခိုင်လုံတဲ့အကြောင်းပြ ငြင်းဆိုချက် မရှိသရွေ့ ကို ကတော့ နောကို အမြန်ဆုံးလက်ထပ်ဖို့ စီစဉ်မယ်။ နော ကို့

ကိုမမုန်းဘူးဆိုတာတော့ ကို့ နှလုံးသားက အသေအချာသိနေတယ်။ နော စိတ်ကို ကို နားလည်တယ်။ နော ဆုံးဖြတ်ချက်ကို အလေးမထားတာမဟုတ်ပေမဲ့ နော ငယ်သေးတယ်။ နော ကို့ ဆုံးဖြတ်ချက်တွေကိုပဲ လိုက်နာရမယ်နော်… ကို နောကို ချစ်လွန်းလို့ပါကွာ။ နောဘဝတလျှောက်လုံး အဖေလိုရော၊ အစ်ကို တယောက်လိုပါ ကာကွယ်စောင့်ရှောက်သွားချင်တယ်။ နော တောင့်တတဲ့ မေတ္တာမျိုးရစေရမယ်လို့ ကို ကတိပေးပါတယ်ကွာ”


ဆရာ့ စကားလုံးများက နောကို နာကျင်စေသည်။ ဒီရက်အတွင်း မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် တွေဝေခြင်း၊ အံ့အားသင့်ခြင်းမှတပါး ခံစားချက်များ ပျောက်ဆုံးနေသည်။ အခုလည်း ပါပါးလိုပင်… နောဘဝကို သူသာ စီစဉ် ဆုံးဖြတ်မည်တဲ့။ တခြားအစ်ကိုတွေလို နော ကိုဦးစားမပေး။ သူ့စိတ်ကြိုက်သာ ပြောသွားသည်။ ဝမ်းနည်းမှုက ထိန်းချုပ်၍ မရတော့။ ဆရာ့ကို ပြန်ဖက်ရင်း


“ပါပါး ကို တွေ့ချင်တယ်ဗျာ”

“အင်း.. ”

“နောလေး ရယ်…”


နော နဖူးကို ညင်သာစွာ မွှေးရင်း မျက်ရည်စများကို သုတ်ပေးကာ တင်းကျပ်စွာ ဖက်ထားပေးသည်။


မနက်ရုံးရောက်သည့်တိုင် စိတ်နှင့်လူ မကပ်။ အလာတုန်းကလည်း မှတ်တိုင်ကျော်ဆင်းမိ၍ တော်တော်လေး လမ်းပြန်လျှောက်လိုက်ရသည်။ အခြားမိန်ကလေးများကဲ့သို့ စိတ်လှုပ်ရှားရင်ခုန်နေသောကြောင့် လုံးဝမဟုတ်။ တွေဝေခြင်းကသာ ကြီးစိုးနေသည်။ စားပွဲပေါ်မှ ဖုန်း vibration ကြောင့် တုန်လာသည်။


“ဟလို”

“ဗျာ… ဟုတ်ကဲ့”

“ဘာမှ မှာစရာမရှိပါဘူး”

“ဗျာ.. ဘာပြောရမှာလဲဟင်”

“ဒီကို… ပြန်.. ပြန်လာမှာမလား”

“ဟုတ်… တာ့တာ”


နောရင်ထဲ လစ်ဟာသွားသလို ခံစားရပြီး ဝမ်းနည်းလာသည်။ ဖုန်းကျသွားသည်နှင့် ဖုန်းကို လုံးဝပိတ်ကာ အိတ်ထဲ ထည့်ထားလိုက်သည်။ အခုချိန်တွင် နော ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိပါ။


ညနေ ရုံးဆင်း အိမ်ပြန်ရောက်တော့လည်း ခါတိုင်းလို lappy ဖွင့်ကာ game ကစား၊ ရုပ်ရှင်ကြည့်ချင်စိတ်လည်း မရှိ။ မုန့် အနည်းငယ်သာစားပြီး ကစားကွင်းထဲ ဆင်းလာမိသည်။ မနေ့တနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံး ပြန်မြင်ယောက်လာမိပြန်သည်။ သေချာပြန်သုံးသပ်ကြည့်တော့ ဟိုးအရင်ကတည်းက ဆရာနဲ့ဆုံတိုင်း အမည်မဖော်တတ်သော ခံစားချက်တခု အမြဲ ဖြစ်ပေါ်ခဲ့သည်ပဲ။ ဆရာ၏ ဇွတ်တရွတ်လုပ်ရပ်များအပေါ် နော ဘာလို့ ခါးခါးသီးသီး မငြင်းဆန်ခဲ့တာလဲ။ sim lim square, ကစားကွင်းတို့၌ ဆရာနှင့် အတူ ရှိနေချိန်တွေမှာ အရာရာပြည့်စုံနေသည်ဟု ဘာကြောင့် ခံစားမိပါလိမ့်။ ဆရာ၏ ဂရုစိုက်မှု တခုချင်းစီတိုင်းက နော ဆရာ့ကို မှီခိုအားကိုးချင်စိတ် ပိုမိုဖြစ်လာနေစေသည်။ ဒါပေမဲ့ သေချာတာတခုက နော ဆရာ့ကို ချစ်သူ တယောက်အနေနှင့် လုံးဝချစ်၍ မရပါ။ သို့သော် ဆရာ အနားမှာ မရှိနေဘူးဆိုတဲ့ အသိက နော ကိုအားငယ်မှုဖြစ်စေပြန်သည်။ ဒီမထွက်လာခင် ပါပါးနှင့် နောက်ဆုံး နှုတ်ဆက်တုန်းကလိုပင်။ ဆရာ နောဆီ ပြန်မလာတော့လျှင်.. ဆိုသည့်အတွေးကတဖက် နော ကိုခြောက်လှန့်နေသည်။ ဆရာ့ ကို လက်မထပ်လျှင် ဆရာ နော ကိုထားခဲ့မှာလား။ မိန်းကလေးတယောက် အနေနှင့် ဘဝလက်တွဲဖော်ရွေးချယ်ရာတွင် နှိုင်းယှဉ်ခြင်းများ ပါသော်လည်း နော ဘယ်တုန်းကမျှ တဖက်လူကို အခြားသူများနှင့် မနှိုင်းယှဉ်တတ်ခဲ့ပါ။ ပါပါး နှင့် လွဲလျှင်ပေါ့။ တမင် မရည်ရွယ်သော်လည်း နောနှင့် ပတ်သက်လာသမျှ ယောကျာင်္းတိုင်းကို ပါပါးနှင့် ယှဉ်လျက် “ပါပါးလောက် မကောင်းဘူး” “ပါပါးလိုလဲ မတော်ဘူး” “ပါပါနဲ့ ဆိုးတာတူတယ်” ဟု မှတ်ချက်ချတတ်သည်။ ရှုပ်ထွေးလှသော အတွေးများနှင့်အတူ ခေါင်းကိုက်လာသောကြောင့် အိမ်ပေါ်ထပ် ပြန်တက်ကာ အိပ်ယာစောစော ဝင်လိုက်သည်။


နောက်တနေ့ မနက် ရုံး၌ email များ စစ်သောအခါ ဆရာ့ ထံမှ email တစောင် ဝင်နေသည်။


နော… ဘာလို့ ဖုန်းပိတ်ထားတာလဲ

ဒီနေ့ ညနေ ကို နောဆီ ဖုန်းဆက်မယ်

ဖုန်း ပြန်ဖွင့်ထား

နော ကို ပြောစရာရှိတယ်

ချစ်တဲ့

ကို


Email ဖတ်ပြီးချိန်တွင် တစုံတခု အတွက် affirmation ရသွားသလို ခံစားလိုက်ရပြီး ပျော်သွားသည်။ သို့သော် မျက်မှောင်

အကြုံ့လိုက်နှင့်ပင် အိတ်ထဲမှ ဖုန်းကို ထုတ်ကာ ဖုန်းပြန်ဖွင့်လိုက်သည်။ ဝင်ထားသော message များကို စစ်ချင်စိတ် မရှိသေး၍ ဖုန်းကို ring tone ပြောင်းကာ အိတ်ထဲ ပြန်ထည့်ထားလိုက်သည်။ ညနေ အိမ်ပြန်ရောက်တော့လည်း တယောက်တည်းသာ နေချင်စိတ်ဖြစ်နေသေးသောကြောင့် ကစားကွင်းဖက် ထွက်လာခဲ့သည်။ ကောင်းကင် ကိုငေးကြည့်နေစဉ်…


… … you raise me up, so I can stand on mountains … …

… … you raise me up, to walk on stormy seas … …

… … and I’m strong, when I’m on your shoulders … …

… … you raise me up, to more than I can be … …

…. ….

…. ….


ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ကိုင်လျက် ကြောင်နေမိသည်။ ring tone သံပင် တော်တော်ကြာသွားသည်။


“ဟလို”

“ဗျာ… သဘက်ခါ morning flight နဲ့…”

“ဘာမှ မဖြစ်ပါဘူး”

“ခင်ဗျာ…”

“နော… မပြောတတ်ဘူး”


… …


“နော နားမှာ အမြဲတမ်း ရှိနေပေးမှာလားဟင်”

“နောတို့အတွက်ဆိုပြီး နောင်တချိန် ပါပါးလို နောကို တခြားတနေရာ တယောက်ထဲ သွားခိုင်းမှာလားဟင်”

“တကယ်နော်…”

“ဟုတ်ကဲ့”

“ဟုတ်”

“တာ့တာ”


မျက်မှောင်ကြုံ့လျက် နှုတ်ဆက်မိသည်။ ဒါပေမဲ့ နော အရမ်းပျော်နေသည်လေ။

သြော်… နောက ပျော်နေလျှင်လည်း မျက်မှောင်ကြုံ့နေတတ်တာပဲ ဆိုတာ ကိုယ့်ကိုယ်ကို အခုမှပင် သတိထားမိတော့သည်။



Written by 23/06/09, 9:50 PM