My Fav. Songs

April 7, 2010

၁ လ ပြည့် လွမ်းချင်း of My Eventful & Meaningful Days



၎.၂.၁၀ Silk Air နဲ့ပဲ ဆုံကိုဆုံနိုင်လွန်းတယ်ဗျာ။ MI 518 ပဲပေါ့… ~4:00pm ရန်ကုန်မြေနင်းရပြီ။ yahooooooo!

၅.၂.၁၀ နောရဲ့ကိုယ်ပိုင် private လူတွေနဲ့ဆက်သွယ်ဖို့ ဖုန်းကဒ် (နံပါတ်က ၄၃၃၆၂၅၇၄)၊ ရန်ကုန်မှာနေတုန်းဝတ်ဖို့ အဝတ်အစား (လက်ဆောင်၊ စာအုပ်တွေ နဲ့ လူကြုံပစ္စည်းတွေချည်းများလွန်းလို့ ကိုယ့်အဝတ်အစား ၃စုံပဲထည့်လာလို့) နဲ့ ရိက္ခာ (chewin’ gum : my fav.! မစားရတာကြာပြီဗျ) ထွက်ဝယ်တယ်။ အစီအစဉ်တွေကတော့ ဘာမှ ရေရေရာရာ မရှိသေးဘူး။ KK... ... ဟားးးးးး without God's miracle, it won't happen!!!


၆.၂.၁၀ နောဘဝမှာ တခါမှ မစမ်းဖူး၊ မလုပ်ဖူး တဲ့ အရာကို စလုပ်မိတယ်… I believe myself… that God’s with me! ရင်းနှီးတဲ့နယ်ပယ်ပေမဲ့ ဘယ်ပတ်သက်မှုကိုမှမသုံးပဲ နောကိုနောအနေနဲ့ပဲ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ အခြေအနေတွေကို စတင်မြည်းစမ်းမိတယ်။


၇.၂.၁၀ အင်း… ဘယ်လိုမှ မမေ့နိုင်မဲ့ နေ့လေး တနေ့ပဲ။ “ငလိုက်ကန်သာ” မှာ… သားနော အရမ်းပျော်ပါတယ်ဗျာ။


၈ - ၁၀.၂.၁၀ ချစ်သော ဆွေတော်၊မျိုးတော်တွေကို အချိန်ပေးရင်း လမ်းကြောင်းရှာနေမိတယ်။ shoppin’ centre တွေရောက်တဲ့အချိန် KK ဝတ်တာတွေ့ဖူးလို့ “Evisu” ဆိုတဲ့ brand ကို မနည်းလိုက်ရှာ ဝယ်ဖြစ်သေးတယ်ဗျ။ အဲ့လို serious ဖြစ်တာ... ;)


၁၁.၂.၁၀ ကိုလတ်၊ ကြီးကြီး၊ လေးလေး၊… KK !!! ;)


၁၂.၂.၁၀ Ma Phyu’s weddin’


၁၃.၂.၁၀ တခါပဲစားဖြစ်လိုက်ရတဲ့ လဲချားခေါက်ဆွဲက နောရဲ့ breaklunch! :D CNY dinner party @ Ma Myo’s Condo။


၁၄.၂.၁၀ Valentine’s day တဲ့။ still nth. related to me. lol ဒါပေမဲ့ ချစ်သော သူငယ်ချင်းလေးနဲ့အတူရှိနေဖြစ်ခဲ့တယ်။ အော်... ဦးမောင်ရုံးခန်း ပထမဆုံးရောက်ဖူးသွားပြီ။


၁၅.၂.၁၀ တောင်ကြီးခရီးစဉ် စပြီ။


၁၆.၂.၁၀ မာမားနဲ့ ၂ယောက်သား ဆွေပြ မျိုးပြ လက်ဆောင်ပါး… … ဟူး။


၁၇.၂.၁၀ သူငယ်ချင်းတွေနဲ့ အပြတ်သောင်းကျန်း။ ဒါတောင် ညပိုင်း ဆွေမျိုးတော်တွေကို ဂါရဝလိုက်ပြုရသေးတယ်ဗျ။


၁၈.၂.၁၀ ကျောင်းတော်ကြီးဆီ ချီတက်ပြီး အစ်မဆရာမတွေကို သွားတွေ့တယ်။ အစ်မတို့က နောသိပ်ချစ်ရတဲ့ နောကိုယ်ပိုင်ဆွေမျိုးထဲမှာ ပါတယ်ဗျ။ အိမ်တွေလိုက်တွေ့ရင် ဟိုတယောက်ကျန်၊ ဒီတယောက်ကျန်ဖြစ်ပြီး မမတွေက စိတ်ကောက်တော်မူတယ်ဗျ။ ဒါကြောင့် ကျောင်းမှာတဘရိတ်ထဲတွေ့လိုက်တာ... ကျောင်းကိုလဲလွမ်းလို့ပါ။ ;)


၁၉.၂.၁၀ လွိုင်ကော်မြို့… University of Computer Studies, Loikaw


၂၀.၂.၁၀ ဘွဲ့နှင်းသဘင်အကြိုနေ့… ရှုပ်နေတာပဲ။ တီမေဆီကို ဒီလိုရက်မျိုးလာမိတာကိုက အမှား… လို့ မဆိုချင်ပါဘူး။ ပျော်ပါတယ်ဗျ။ :D


၂၁.၂.၁၀ တတိယအကြိမ် UCSL ဘွဲ့ပေးပွဲတဲ့။ နောတီမေက အလှဆုံးပေါ့… ဟီး။ ညနေ ဘုရားကျောင်းသွားခါနီးလေးမှ တီမေ နောကိုအသံကျယ်နဲ့အော်လို့ ပထမဆုံး မျက်ရည်ကျခဲ့ရတယ်။ သားနော အားငယ်တတ်တယ်ဗျ။ ပြီးမှလာမချော့နဲ့။


၂၂.၂.၁၀ ရွဲ့တာလားတော့မသိဘူး။ တီမေ နောကို ဘုရားတွေချည်းလိုက်ပို့တယ်။ ဟားဟား


၂၃.၂.၁၀ သူပုန်ရှိတဲ့လမ်းက ပြန်လာတယ်။ ရှုခင်းတွေက ရေလည်မိုက်တယ်။ လမ်းတော့ ကြမ်းတယ်ဗျ။ :P


၂၄ - ၂၅.၂.၁၀ Ah Wa နဲ့ Dau Hkawng လဲ ရန်ကုန်က ရောက်နေတော့ အိမ်မှာပဲ ရှိနေဖြစ်တယ်။ ညတိုင်း beer စကားဝိုင်းမှာ ပါပါးနဲ့ဆွေမျိုးတော်တွေရဲ့ဆုံးမသြဝါဒတွေကို အမြည်းစားရင်း နားဒုက္ခခံရတယ်။ နောက beer ဆိုလုံးဝပဲ။ လစ်ရင်လစ်သလို ဆရာမတွေနဲ့ burger house ရောက်တိုင်း punch နဲ့ cocktail အပြင်းစားလေးတွေပဲကြိုချမိတာပါ။ အဟဲ…


၂၆.၂.၁၀ KK နဲ့ table-tennis ကစားဖို့အားခဲထားတာဗျ။ ဆရာ SSH၊ Ah Bang တို့ နဲ့ပဲကစားဖြစ်ခဲ့တယ်။ ရန်ကုန်ပြန်ရောက်ရင် မျှော်လင့်ချက်ရှိပါသေးတယ်လေ...

၂၇.၂.၁၀ မိသားစုဆုံ ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုဆုတောင်းလုပ်တယ်။ Ah Nu နဲ့ Nu Lum Diana ရဲ့ရှယ် ရှမ်းခေါက်ဆွဲလက်ရာကတော့ ဘယ်တော့မှပြန်စားရမလဲ မသိပါဘူးဗျာ။


၂၈.၂.၁၀ မိသားစု စုံစုံညီညီ၊ ဆေးဖောင် နဲ့ ဘောက်ဘောက်ပါ အပါအဝင် ကချင်ဘုရားကျောင်းပဲတက်ကြတယ်။ Church Choir မှာဝင်ဆိုဖြစ်လိုက်သေးတယ်။ တယောတော့ မထိုးဖြစ်တော့ပါဘူး။ ဘုရားကျောင်းပြီးတာနဲ့ Dau Hkawng အရင် ရန်ကုန်ပြန်ဆင်းသွားတယ်။ ညနေပိုင်း ချစ်သောသူငယ်ချင်းတွေနဲ့ ရွှေဖုန်းပွင့်တက်၊ ဆိုင်ကယ်ပတ်မောင်း၊ အကင်ဆိုင်သွား… ဟား… ပျော်လိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင် တခြားရောက်နေတဲ့သူငယ်ချင်းတွေ တောင်ကြီးပြန်ရောက်နေကြတာဗျ။


၁.၃.၁၀ Ah Wa ရန်ကုန်ဆင်းသွားပြီ။ မထက်နဲ့ မေအိ လက်ဆောင်ပစ္စည်းတွေ လိုက်ဝယ်ကူတယ်။


၂.၃.၁၀ တောင်သူလယ်သမားနေ့။ ရန်ကုန်ပြန်မဲ့ မနက်ပိုင်းအချိန်ထိ ချစ်သော အဒေါ် ချောဆွဲလို့ လိုက်လုပ်ပေးရတာနဲ့ မနက်စာခေါ်ကျွေးလို့ အပြေးသွားစားရတာနဲ့… :D


၃.၃.၁၀ ရန်ကုန်ပြန်ရောက်ပြီ။ တောင်ကြီးမှာတုန်းက ချောပိုခေါပုတ်စားချင်လို့ Ah Nu ကိုဝယ်ခိုင်းပြီး လွိုင်ကော် အသည်းအသန်လစ်သွားရတာနဲ့ ဘာမှကို မစားလိုက်ရဘူး။ ဘယ်ရမလဲ… လဲချားခေါပုတ် အမုန်းဆွဲတော့တာပေါ့။


၎.၃.၁၀ ရင်မောသွားရတာပဲဗျာ… ဘာဖြစ်လို့လာဆုံရတာလဲဗျာ။ ကမ်းနားလမ်းရဲ့ညဖက် မီးမှိန်မှိန်အောက်မှာ မောင်လေး၊ညီမလေးတွေနဲ့ ဝိုင်သောက်ရင်း KK နဲ့ တီမေ ဆီဖုန်းပြော… ကားပတ်မောင်းရတာ မဆိုးပါဘူး။


၅.၃.၁၀ စိမ်းလန်းစိုပြေ။ မြန်မာပြည်မှာ KK နဲ့နောက်ဆုံးတွေ့ခြင်းဖြစ်မယ်ထင်တယ်။ မမသက်မွန်လဲ ရောက်လာတယ်?? မနက်ခင်းတုန်းက မမ EE ရဲ့ပွဲ မသွားဖြစ်ဘူး။ nu htang က Summit Parkview မှာ appointment နဲ့။ I’m sry, ma ma EE!


၆.၃.၁၀ ဦးမောင်က အတင်းပဲ breakfast လိုက်ကျွေးတယ်။ လူကြီးတွေကို နောအားနာတယ်ဗျ။ eeeek… စိမ်းလန်းစိုပြေ… again! အဲ့ကဝန်ထမ်းတွေ နောကိုတောင် မှတ်မိနေကြပြီ။ lol anyway, ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ။ ဦးမောင်နဲ့မှပဲ နော မုန့်ဟင်းခါးစားဖြစ်လိုက်ရတာ။ :)
~9:00pm Clementi အိမ်ပြန်ရောက်ပြီ။


THE END!

အီးဟီးဟီး… နောမြန်မာပြည်မှာပဲနေချင်တော့တယ်ဗျ။

It’s been exactly 2 months from the day which I won't forget for the rest of my life.

Sighhhh~