My Fav. Songs

March 23, 2010

မရှိပါ...



မျှော်လင့်တိုင်းမဖြစ်တဲ့ ဒီကမ္ဘာကြီးမှာ... အိပ်မက်များကိုဖူးပွင့်စေဖို့ ပန်းဥယျာဉ်ကြီးတစ်ခုကို လိုက်ရှာ...

ခံနိုင်ရည်ရှိဖို့တော့ တကယ်လိုအပ်တယ်... လူလောကကြီးရဲ့... ထိုးနှက်တဲ့ ရိုက်ချက်တွေ ပြင်းထန်...

ငယ်ငယ်ကလေးဘဝက ဖတ်ခဲ့တဲ့ပုံပြင်များ... ငယ်ငယ်ကလေးဘဝကတက်ခဲ့တဲ့ မူကြိုကျောင်း...
အိပ်မက်များ မက်တတ်အောင် သင်ပေးပြီးမှ...

တခုခုတော့မှားနေသလိုပဲ... ဖတ်ခဲ့တဲ့ပုံပြင်များအားလုံးဟာ ပုံပြင်ပဲကွယ်
တခုခုတော့မှားနေသလိုပဲ... မက်ခဲ့တဲ့အိပ်မက်များအားလုံးဟာ အိပ်မက်ပဲကွယ်
တခုခုတော့မှားခဲ့ပြီပဲ... လောကကြီးမှာ (အိပ်မက်ပျိုးကြဲဖို့အတွက် နေရာမရှိပါ)(အိပ်မက်ပန်းများ ဖူးဖို့နေရာမရှိပါ)...

မူကြိုကျောင်းတခုအလား ဒီကမ္ဘာကြီးမှာ... မျှော်လင့်ခြင်းရဲ့မျိုးစေ့တွေနဲ့ ပန်းပွင့်များကြီးထွားစေခဲ့မယ်...
မူကြိုကျောင်းတုန်းက ဆရာ/မများလို... အိပ်မက်များကို ဖူးပွင့်စေဖို့... ခွင့်ပြုလို့နေရာမပေးခဲ့...

အိပ်မက်များကို ဖူးပွင့်စေမယ့် ပန်းဥယျာဉ်ကြီး... မရှိပါ...

Credited to: Ko Htway, UCSY

No comments:

Post a Comment

Post a Comment