My Fav. Songs

February 21, 2009

If it happens, it happens… so far, so good!

There's a time and place
For just about everything
It's called College...
- Pat Green and Brad Paisley

နော ၁၀တန်း အောင်တဲ့ နှစ်မှာ GCC တို့၊ GTC တို့ ခေတ်စားလာတယ်။ နော အနှစ် ၂၀ လောက်စောမွေးခဲ့ရင် သိပ်ကောင်းမှာပဲဗျ။ နော ငယ်ငယ်လေးထဲက မျှော်လင့်ထားတဲ့ ရင်ထဲက တက္ကသိုလ်က YTU (သို့) MIT လေ။ နောအသေမုန်းတာက ဆေးကျောင်း။ နော Ah Wa နဲ့ရုံးလိုက်သွားတိုင်း ဦးဦးအင်ဂျင်နီယာကြီးတွေ ပုံစံငယ်ဆောက်ကြတဲ့အဆောင်ဖက် အမြဲသွားနေကျဗျ။ အစိမ်းရောင်ဖော့တုံးလေးတွေနဲ့ သစ်ပင်လေးတွေလုပ်၊ လယ်ကွင်းတွေကိုကျတော့ brush အစိမ်းရောင်တွေကိုပြောင်းပြန်မှောက်၊ အပေါ်မှာ မြေကြီးအုပ်လိုက်တော့ တကယ့်အပြင်ကအတိုင်းဘဲ။ အရမ်းမိုက်တယ်။ နောက အဲဒါတွေ အတုခိုးပြီး အိမ်ရောက်ရင် ဝေဖာအိမ်လေးတွေ ဆောက်တယ်။ Ah Wa ကားပြင်တိုင်းလဲ Ah Wa ဘေးမှာ Ah Wa တောင်းတဲ့ tools တွေယူပေး၊ စက်တွေကို ကလိရတာပျော်တယ်ဗျ။ ဒါပေမဲ့ဗျာ… နောတို့ အလှည့်ကျတော့ GTC ပဲရှိတော့တယ်။ Ah Wa ကပေးမတက်ဘူး။ တက်ချင်ရင် GCC ပဲတက်ရမယ်တဲ့။ ဦးဦးဆရာ အကြံပေးချက်တွေလည်းပါတာပေါ့ဗျာ။ ဆေးမကြိုက်ပါဘူးဆိုမှ ဆေးဝါးကျွမ်းကျင်တို့၊ ဆေးဘက်ပညာသည်တို့ ဘာလို့တက်ရမှာလဲ။ သေတောင် မတက်ဘူး။
တောင်ကြီးမှာပဲနေပြီးကျောင်းဆက်တက်ချင်တယ်ဆိုရင် ၃ ကျောင်းပဲရှိတယ်။ တောင်ကြီးတက္ကသိုလ်၊GTC နဲ့ GCC။ Oops.. မေ့လို့.. ပညာရေးကောလိပ်နဲ့ Nursing ကျောင်းရှိသေးတယ်။ တက္ကသိုလ်အရသာဆိုတာ တခြားကျောင်းတွေမှာဆို ဘယ်လိုလဲတော့မသိဘူး။ နောတို့GCC ကတော့ state ကျောင်းအတိုင်းပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် တက္ကသိုလ်ကျောင်းသားဘဝဆိုတာကို နော မခံစားလိုက်ရဘူး။ နောလဲ စာသင်ခန်းထဲမှာသိပ်မရှိခဲ့ပါဘူး။ Camp တွေ ပဲပတ်သွားနေတာကိုး။ အဲ.. 2nd year ရောက်တော့ Ah Wa ကနောကို ရန်ကုန်ကျောင်းပြောင်းမလားတဲ့။ နော ဆရာဦးထွန်းအောင်ကျော် ဘန်းပြပြီး တောင်ကြီးမှာပဲဆက်တက်မယ်လို့ ပြောခဲ့တယ်။ ရန်ကုန်မှာ ဒီလိုဆရာမျိုးရှိမှာမဟုတ်ဘူး။ နော ဆရာ့ဆီမှာ ဆက်တက်ချင်သေးတယ်လို့ပေါ့။ အမှန်က ကိစ္စလေးတခုကြောင့်ဗျ။ အဲဒါလေးက နောဘဝကို တော်တော်လေးပြောင်းလဲစေခဲ့တယ်… အခုအချိန်ထိပဲ။ :P … ၃ နှစ်ပြီးတော့ (Hons:) ဆက်မတက်တော့ဘဲ ရန်ကုန်ဆင်းလာခဲ့တယ်။ နောလို ပေတေတေ၊ ဂျစ်ကန်ကန်လိုလူက (Hons:) ဝင်တယ်ဆိုတော့ စဉ်းစားကြည့်ဗျာ။ ဒါကြောင့်ကို ပေးဆက်မတက်တော့တာ… lol
ရန်ကုန်မှာ နောနေစရာ အိမ် ၁ အိမ်ပဲရှိတယ်။ nu htang (အဒေါ်)အိမ်ပေါ့။ Ah Wa ရဲ့ရွှေမျိုးတွေ ကတော့ရှိတာပေါ့ဗျာ။ ဟက်..ဟက်။ သူများတွေလို နယ်ကတက်လာပြီး သင်တန်းတက်မယ်ဆိုပါတော့။ နောက ငပြောင်.. ရန်ကုန်မှာနေခဲ့တဲ့ အတောအတွင်း လှည်းတန်းတို့၊ မြေနီကုန်းတို့လို သင်တန်းအများစုရှိတဲ့နေရာတွေမှာ မကျင်လည်ခဲ့ရဘူးဗျ။ ဆရာ Moses ဆီမှာပဲတက်ဖြစ်တယ်။ ဆရာ ဦးထွန်းအောင်ကျော်နဲ့ သင်ပုံတွေအတူတူပဲ။ နောက်ဆရာအိမ်မှာ လာသင်ပေးတော့အပြင်သိပ်မထွက်ဖြစ်ဘူး။ Toefl အတွက် ဆရာဂေါ်ထူးဆီမှာ ၁ လခွဲလောက်သွားတက်လိုက်သေးတယ်။ နောမှာ ဘာ cert. မှမရှိဘူး.. ယုံလားတော့မသိဘူး။ Toefl marks နဲ့လုပ်စားလာတာ.. lol
S’pore မှာကျောင်းတက်ဖို့အတွက် ကျောင်းရွေးတော့ poly ကိုဖယ်ပြီးသား။ နောက a bit cranky လေ။ လူတိုင်း poly, poly ဖြစ်နေတော့ အမြင်ကတ်ပြီး try ကို မ try တာ။ ဆန့်ကျင်ဖက်လုပ်ချင်တဲ့ စိတ်ကသေရာပါဘဲထင်တယ်.. မကောင်းတဲ့အကျင့်ဆိုတော့လည်း ဖျက်ရခက်တယ်ဗျ။ ခံပေါ့.. နောက် SIM ကစာမေးပွဲလာစစ်တယ်။ ဖြေဖြစ်ပုံက ဟာသ။ nu htang အိမ်က နဝဒေးလမ်းထဲမှာ၊ ဒဂုံ ၁ နဲ့ မျက်နှာချင်းဆိုင်ပဲ။ စာမေးပွဲက Grand Plaza Park Royal Hotel မှာလာလုပ်တာ။ အဲဒီမနက် လပြည့်ဝန်းမှာ ပစ္စည်းသွားဝယ်ရင်း ကြေငြာ banner ဖတ်မိတော့ အဲဒီညနေပိုင်းမှာ test ရှိတယ်ဆိုတာနဲ့ လျှောက်သွားဖြေကြည့်လိုက်တာ။ နောက် ၁ ပတ်လောက်ကြာတော့ ကျောင်းက ခေါ်စာရောက်လာတယ်။ အားပါးပါး.. ကျောင်းလခတွေက အမြင့်မှာချည်းပဲ။ ပြီးတော့ ၃ နှစ်တောင်တက်ရမှာဆိုတော့… အဲဒါနဲ့ sorry လိုက်ရတယ်ဗျာ။ နောက်ပိုင်း ကန့်သတ်ကျောင်းသားတွေကို loan ပေးမယ်ဆိုပေမဲ့ မတက်ဖြစ်ခဲ့ဘူး။ နောက်ဆုံး IATA course ကိုပဲရွေးလိုက်တယ်။ အမှန် နော s’pore အခြေအနေကို ဘာမှသိတာမဟုတ်ဘူး။ short course တခုခု အရင်တက်ကြည့်မယ်ဆိုပြီး ရွေးလိုက်တာ.. နောက် Aviation အပိုင်းလည်းစိတ်ဝင်စားလို့ဗျ။ ဒီရောက်တော့ လွဲပြန်ပြီ။ တနေ့တနေ့ lecture ပဲပေးနေတယ်။ နော theory တွေကို ရေလည်မုန်းတာ။ ပြီးတော့ government schools ကလွဲရင် Aviation နဲ့ပတ်သက်ပြီး အပြင်သပ်သပ် course ရှာမတွေ့တော့ နော လေသွားတာပေါ့။ SIM သွားကြည့်တော့ အရမ်းမိုက်တယ်.. တကယ့် uni အစစ်ဗျ.. သွားပါပြီ။
တစ်နေ့ NUS က ISS မှာ GDip. နဲ့ Master တန်းတွေအတွက် entrance ဝင်ခွင့်ခေါ်တာတွေ့လို့ computer လိုင်းပြန်ဝင်ကြည့်မလားဆိုပြီး လျှောက်လိုက်တယ်။ စာမေးပွဲ ရှေ့တရက် အမီလေးပဲ။ အိမ်နဲ့ NUS ကနီးနီးလေးဆိုတော့ နောက်ရက် Kent Ridge terminal ကနေ Shuttle bus စီးပြီး ISS ကိုသွားတယ်။ ဒီမှာက မြေပုံကြည့်တတ်ရင် လုပ်စားလို့တယ်။ :P ဒီတခါလဲ ဆုတောင်းပြီးပဲဖြေလိုက်တာ။ English proficiency နဲ့ Maths မေးတယ်။ ဖောလိုက်တာပေါ့။ အဲဒီညနေမှာပဲ ISS က ဖုန်းလာပြီး နောက်တရက်interview လာဖို့ပြောတယ်။ interview လည်းအောင်ပြီး document တွေတင်ရမယ့်အချိန် ပြသာနာစတာပဲ။ အစက as usual… toefl marks နဲ့ပဲတင်လိုက်တာ။ နောက်မြန်မာပြည်က ဘွဲ့လက်မှတ်တို့၊ marks, gradings တွေ တောင်းတော့ နောမှာ မရှိဘူး။ gradings နဲ့ transcripts ဆိုတာ ဘာလဲတောင်မသိဘူး။ အမှတ်စာရင်းတောင် UCSM ထိကိုယ်တိုင်သွားတောင်းလို့ ရတာ။ 1st year နဲ့ 2nd year အမှတ်တွေက ဘာသာတိုင်းနီးပါး ၄၀ တွေဗျ။ lol 3rd year အမှတ်တောင် ၄၀ ချည်းပေးထားသေးတာ။ နောလည်းပြောမနေချင်တော့ဘူး။ ဒါပေမဲ့ မော်ကွန်းထိန်း ချယ်လေးကို “Hons. က အမှတ် ၄၀ နဲ့တောင်ဝင်လို့ရတယ် ဟုတ်လား” လို့ ရစ်လိုက်တော့ “မင်းက Hons. ဝင်လို့လား” တဲ့။ ရေလည် တင်းနေတဲ့ အချိန်ဆိုတော့.. (ဒဟတ်တော အထိ ဒုက္ခသွားခံခဲ့ရတာဗျ) နောကလည်း “နောမသိဘူး၊ သူငယ်ချင်းတွေပြောတာပဲ” လို့ထပ်ရစ်လိုက်တယ်။ တကယ်လည်း နော အောင်စာရင်းသွားမကြည့်ခဲ့ဘူးဗျ။ ဒါနဲ့ Checking ပြန်လုပ်ကြည့်တော့ “သြော်.. ဝင်သားပဲ” ဆိုပြီး အမှတ်တွေကို ၆၀ ထိတိုးပေးလိုက်ပါတယ်ခင်ဗျား..ကျေးဇူးလည်းတင်ပါတယ်။ အရမ်းလည်းကောင်းတယ်.. စိတ်ကုန်ဖို့။ ပြောရရင်တော့… ဒီ marks နဲ့ NUS က လက်ခံပါ့မလားဗျ။ ရန်ကုန်ကျောင်းက အစ်ကိုအစ်မတွေရဲ့ document တွေဆို အမိုက်စားတွေ.. ဘဝပေးကွာပါ့ဗျာ။ ဆိုတော့..NUS ကိုလည်း ta tar ပေါ့။ နော တော်တော်လေးစိတ်နာသွားတယ်။ နောက်ပိုင်း ကျောင်းတက်ချင်စိတ်ကို မရှိတော့ဘူး။ ဒီနိုင်ငံမှာ ရှိနေသရွေ့ပေါ့။ anyhow.. အရာရာတိုင်းကို ကျေးဇူးတော် ချီးမွမ်းပြီး လက်ခံလိုက်တယ်…
( ဝေဖာအိမ် ပုံလေးနဲ့ပတ်သက်ပြီးနော သက်သေခံချင်တယ်။ ဘုရားသခင်အရမ်းကောင်းမြတ်တယ်ဗျ။ နော တကယ်စိတ်အားထက်သန်တဲ့အခါ၊ ဘုရားအလိုတော်နဲ့ကိုက်ညီတဲ့အရာ လုပ်ချင်တိုင်း ဘုရားသခင် နောအတွက် အမြဲ အဆင်သင့်ပြင်ဆင်ပေးတယ်။ နော ဒီစာရေးပြီးလို့ blog မှာတင်ဖို့အတွက် google မှာပုံလိုက်ရှာတော့ နောလိုချင်တာ လုံးဝ မတွေ့ဘူး။ အဲဒီညမှာပဲ နော မြန်မာကား တစ်ကားကြည့်ဖြစ်တယ်။ ရုပ်ရှင်ထဲမှာ မင်းသမီးက အရုပ်အိမ်လေးတွေလုပ်ရတာ ဝါသနာပါတယ်။ အစပိုင်း သူ့မိဘနဲ့ချမ်းချမ်းသာသာနေရတုန်းက TV ပေါ်က နောအရုပ်လေးတွေလို လုပ်တယ်။ နောက် မင်းသားနဲ့ခိုးပြေးပြီး ဆင်းရဲတဲ့အခန်းကျတော့ နောငယ်ငယ်တုန်းက ကစားခဲ့တဲ့အတိုင်း တပုံစံထဲပဲ.. အိမ်လေးကိုဝေဖာနဲ့ဆောက်ထားတယ်ဗျ။ ဘယ်လောက်အံ့သြဖို့ကောင်းလဲ ?? နောက အခုခေတ်မှာ အဲလိုဝေဖာတောင် မရှိတော့ဘူးလို့ထင်နေတာ.. အဲဒါနဲ့ဘယ်ရမလဲ.. movie ကို pause လုပ်၊ ပုံကို edit လုပ်ပြီးယူလိုက်တာပေါ့.. ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျား ^.^ )

ENGLISH IS TOUGH STUFF

Dearest creature in creation,
Study English pronunciation.
I will teach you in my verse
Sounds like corpse, corps, horse, and worse.
I will keep you, Suzy, busy,
Make your head with heat grow dizzy.
Tear in eye, your dress will tear.
So shall I! Oh hear my prayer.

Just compare heart, beard, and heard,
Dies and diet, lord and word,
Sword and sward, retain and Britain.
(Mind the latter, how it's written.)
Now I surely will not plague you
With such words as plaque and ague.
But be careful how you speak:
Say break and steak, but bleak and streak;
Cloven, oven, how and low,
Script, receipt, show, poem, and toe.

Hear me say, devoid of trickery,
Daughter, laughter, and Terpsichore,
Typhoid, measles, topsails, aisles,
Exiles, similes, and reviles;
Scholar, vicar, and cigar,
Solar, mica, war and far;
One, anemone, Balmoral,
Kitchen, lichen, laundry, laurel;
Gertrude, German, wind and mind,
Scene, Melpomene, mankind.

Billet does not rhyme with ballet,
Bouquet, wallet, mallet, chalet.
Blood and flood are not like food,
Nor is mould like should and would.
Viscous, viscount, load and broad,
Toward, to forward, to reward.
And your pronunciation's OK
When you correctly say croquet,
Rounded, wounded, grieve and sieve,
Friend and fiend, alive and live.

Ivy, privy, famous; clamour
And enamour rhyme with hammer.
River, rival, tomb, bomb, comb,
Doll and roll and some and home.
Stranger does not rhyme with anger,
Neither does devour with clangour.
Souls but foul, haunt but aunt,
Font, front, wont, want, grand, and grant,
Shoes, goes, does. Now first say finger,
And then singer, ginger, linger,
Real, zeal, mauve, gauze, gouge and gauge,
Marriage, foliage, mirage, and age.

Query does not rhyme with very,
Nor does fury sound like bury.
Dost, lost, post and doth, cloth, loth.
Job, nob, bosom, transom, oath.
Though the differences seem little,
We say actual but victual.
Refer does not rhyme with deafer.
Foeffer does, and zephyr, heifer.
Mint, pint, senate and sedate;
Dull, bull, and George ate late.
Scenic, Arabic, Pacific,
Science, conscience, scientific.

Liberty, library, heave and heaven,
Rachel, ache, moustache, eleven.
We say hallowed, but allowed,
People, leopard, towed, but vowed.
Mark the differences, moreover,
Between mover, cover, clover;
Leeches, breeches, wise, precise,
Chalice, but police and lice;
Camel, constable, unstable,
Principle, disciple, label.

Petal, panel, and canal,
Wait, surprise, plait, promise, pal.
Worm and storm, chaise, chaos, chair,
Senator, spectator, mayor.
Tour, but our and succour, four.
Gas, alas, and Arkansas.
Sea, idea, Korea, area,
Psalm, Maria, but malaria.
Youth, south, southern, cleanse and clean.
Doctrine, turpentine, marine.

Compare alien with Italian,
Dandelion and battalion.
Sally with ally, yea, ye,
Eye, I, ay, aye, whey, and key.
Say aver, but ever, fever,
Neither, leisure, skein, deceiver.
Heron, granary, canary.
Crevice and device and aerie.

Face, but preface, not efface.
Phlegm, phlegmatic, ass, glass, bass.
Large, but target, gin, give, verging,
Ought, out, joust and scour, scourging.
Ear, but earn and wear and tear
Do not rhyme with here but ere.
Seven is right, but so is even,
Hyphen, roughen, nephew Stephen,
Monkey, donkey, Turk and jerk,
Ask, grasp, wasp, and cork and work.

Pronunciation -- think of Psyche!
Is a paling stout and spikey?
Won't it make you lose your wits,
Writing groats and saying grits?
It's a dark abyss or tunnel:
Strewn with stones, stowed, solace, gunwale,
Islington and Isle of Wight,
Housewife, verdict and indict.

Finally, which rhymes with enough --
Though, through, plough, or dough, or cough?
Hiccough has the sound of cup.
My advice is to give up!!!

-- B. Shaw

February 17, 2009

နော နဲ့ C-O-M-P-U-T-E-R



State ကျောင်းမှာတုန်းကတော့ computer ဆိုတာကိုတွေ့ဖူးပါတယ်။ multimedia room ထဲမှာထားထားတာ။ ၁၀ တန်းပြီးသွားပေမဲ့ မသုံးလိုက်ရပါဘူး။ ၁၀ တန်းဖြေပြီးကျောင်းတွေ မဖွင့်သေးခင် သင်တန်းတွေတက်ကြတယ်။ နောက SAG နဲ့ ဆရာဦးထွန်းအောင်ကျော် class ဘဲတက်နေတာ။ တစ်ရက် Ah Wa ကကွန်ပျူတာသင်တန်းတက်တဲ့။ တက်မယ့်တက်ရတော့လည်း အပြင် ကွန်ပျုတာသင်တန်းတွေမှာမဟုတ်ဘဲ USDA (ကြံ့ဖွံ့) မှာဗျ။ ဗိုလ်ချုပ်ကြေးရုပ် မျက်စောင်းထိုး မင်းလမ်းဘေးမှာပဲလေ။ မတတ်နိုင်ဘူး.. Ah Wa သွားခိုင်းတဲ့နေရာသွားရတာပေါ့။ arr la mah.. Basic course တောင် ၃ လကြာမယ်တဲ့။ ပုံမှန် တခြားသင်တန်းတွေမှာဆို ၁ လခွဲလောက်ပေါ့။ နောတက်ရမဲ့ batch ဖွင့်တာတောင် ၁ ပတ်ရှိသွားပြီ။ ဒါပေမဲ့ဆရာက အဲဒီ batch မှာပဲဝင်တက်ဖို့ပြောတယ်။ သြော်.. Ah Wa နဲ့ ဆရာက မိတ်ဆွေတွေကိုး။ အဲ.. သင်တန်းစတက်တော့ ရှေ့မှာဘာတွေသင်သွားပြီးပြီလဲမသိဘူး။ နောရောက်တော့ MS-DOS သင်နေတာဗျ။ ၅ ရက်တက်ရတဲ့အထဲ တနင်္လာကနေ ဗုဒ္ဒဟူးအထိကစာတွေ့၊ ကြာသပတေးနဲ့သောကြာပဲ စက်ကိုင်ရတာ။ တန်းခွဲတွေများတာကိုး။ ပထမ ၃ ရက်အထိ computer မမြင်ရသေးဘဲ စာချည်းသင်ရတယ်။ ခံပေအုန်းတော့ နောရေ။ စသင်ခံရတာက MS-DOS ကနေ၊ computer knowledge background က nothing ၊ ရေလည် အုန်းစားနေတာပေါ့။ မယုံမရှိနဲ့.. နောတကယ် ဘာဆိုဘာမှ မသိတာ။ ပထမဆုံးစက်ကိုင်ဖြစ်တဲ့ အပတ်ကို အခုထိမှတ်မိနေသေးတယ်။ ပြောရမှာ ခပ်ရှက်ရှက်ပဲဗျ။ computer စဖွင့်ပြီးတာနဲ့ ရှေ့ရက်တုန်းကသင်ထားတဲ့အတိုင်း တသွေမတိမ်း စမ်းလုပ်ကြည့်တာပေါ့။ MS-DOS ဆိုတော့ သိတဲ့အတိုင်း screen အမည်းပေါ်မှာပဲ command တွေပေးနေရတာ။ သူများတွေကော ဘယ်လိုလုပ်နေကြလဲမသိဘူး ဆိုပြီး ဘေးဘီကြည့်မိတော့.. အလဲ့.. သူတို့က word, excel တွေသုံးနေကြတာ။ မဟားနဲ့နော်.. အဲဒီတုန်းကဆို “အီး.. သူများတွေကအဖြူရောင် screen background နဲ့စာရေးနေကြတယ်။ နောကျတော့ အမည်းရောင်ကြီး။ ဘယ်လိုပြောင်းရလဲမသိဘူး” လို့တောင်တွေးခဲ့တာ။ အဲတုန်းက အဲဒါ word, excel တွေဆိုတာ နောမှ မသိသေးတာ။ typing tutor ဆိုတာ ဘယ်လိုပုံမှန်းတောင်မသိဘူး။ လက်ကွက်ကြတော့လည်း ဘာမှနားမလည်တော့ အပေါ်ဆုံး key row ပေါ်မှာလက်ချောင်းတွေထားပြီး ခပ်တည်တည် type ခဲ့တာဗျ။ lol ..MS-DOS ပြီးလို့ word, excel စသင်မှ.. သြော်.. ဒါတွေကိုးဆိုပြီးသိသွားတာ။ သင်တန်းမှာက နောနဲ့ရွယ်တူ ရှားတယ်။ အစ်ကိုကြီး၊ အစ်မကြီးတွေနဲ့ပေါ့ဗျာ။ နောက် ပအိုးဝ်လူမျိုးများတယ်။ နောအပေါင်းအဖော်အားလုံးက Rose တို့လို အပြင်ကွန်ပျူတာသင်တန်းတွေပဲတက်တာများတော့ နောတယောက်တည်း သင်းကွဲဖြစ်နေတာပေါ့။ ဆရာက အရှေ့ဆုံးမှာ ခေါ်ထိုင်ထားတော့ whiteboard ရယ်၊ ဆရာတွေနဲ့ပဲသိတယ်။ ဘေးနားမှာထိုင်တဲ့ အစ်မတွေလှမ်းစကားပြောရင်တော့ ပြန်ပြောဖြစ်ပါတယ်။ သူတို့ကနောကို စကားနည်းတဲ့ စာဂျပိုးလေးလို့ထင်နေကြတာ။ နောက်ဖက်က အစ်ကိုကြီးတွေဆို “ဟေ့..ဝတုတ်လေး၊ စကားပြောပါအုံး” လို့တောင် စကြတယ်။ အမှန်က နောအရမ်းအိပ်ချင်နေလို့ဗျ။ သိတဲ့အတိုင်း lecture ဆိုရင် အသေအိပ်ငိုက်တာ။ နောနဲ့ lecture က တသက်လုံး.. ဟင်း..မဖြစ်ပါဘူးဗျာ။ အဲ.. Ah Wa ခရီးသွားနေရင် နောသင်တန်းလစ်ပြီ။ စိတ်မပါတော့ဘူးဗျာ။ ၃ လသင်တန်းမှာ နောတက်တဲ့ရက် ရေကြည့်ရင် ၁ လတောင်မပြည့်ဘူး။ :P အစ်မတွေက “အရင်တခြားသင်တန်းတက်ဖူးလား” လို့မေးကြတယ်။ နောကိုတတ်ပြီးလို့စိတ်မဝင်စားတာနေမှာ လို့ထင်နေကြတာ.. လုံးဝမဟုတ်ရပါဘူးဗျာ။ အဲဒီအချိန်အထိ လက်ကွက်အနေအထားအမှန်တောင် မသိသေးဘူး။ နောက်.. စာမေးပွဲဖြေရတယ်။ အတန်းလစ်ထားတာများတော့ ဘာမှမသိဘူး.. ကောင်းရော။ အဲဒါနဲ့ စာမေးပွဲစောင့်တဲ့ အစ်မတယောက်ကို လှမ်းခေါ်၊ “ဒါလုပ်တာမရဘူး၊ ဟိုဟာလုပ်တာမရဘူး” ဆိုပြီးမေးလိုက်တယ်။ အစ်မက.. ခဏနော်၊ စမ်းကြည့်ကြည့်မယ် တဲ့။ အဲ.. အစ်မလုပ်တော့ ရတယ်ဗျ။ နောက “အစ်မလုပ်ကြတော့ ရတယ်၊ နောကျတော့ ဘာလို့မရတာလဲဟင်” လို့မေးတော့ ပြန်လုပ်ကြည့်ကြည့်လေ ဆိုပြီးပြောတယ်။ သူလုပ်သွားတာတွေ အကုန်ပြန်ဖျက်ပြီး အစကနေပြန်လုပ်ကြည့်လိုက်တယ်။ သူလုပ်ပြသွားတုန်းက အဲဒီအချိန်နောအနေနဲ့ဆိုရင်အရမ်းမြန်တယ်။ ဒါပေမဲ့ နော concept မိသွားတယ်လေ..ဟဲဟဲ.. သင်တန်းဆင်းပွဲလည်းမသွားဖြစ်ပါဘူး။ နောက အဲတိုင်းပဲ.. ကဂျိုးကဂျောင်သိပ်လုပ်တတ်တာ။ နောက် Ah Wa ကနေတဆင့် ဆရာက Cert. လာယူဖို့ပြောလို့ရုံးသွားလိုက်ရသေးတယ်။ နောက တကယ့်ငပြောင်.. စာမေးပွဲဖြေတာ ဆုရတယ်ဆိုပဲ။ အဲဒါ Cert. အပြင် USDA တံဆိပ်နဲ့ တိုင်ကပ်နာရီ ၁ လုံးလက်ဆောင်ရလာတယ်ဗျ။ ကျေးဇူးတော်ပဲ.. ^.0 ဒီ Cert. ကမြန်မာပြည်မှာ နောယူခဲ့တဲ့ ၁ ခုတည်းသော Cert. ပါဘဲခင်ဗျား။ နောက်ပိုင်း USDA နဲ့ အဆက်ပြတ်သွားတယ်။ အိမ်က စက်မှာ နောအတွက် အသုံးဝင်တာဆိုလို့ game ပဲရှိတော့ သင်ထားတာတွေလည်း မေ့တေ့တေ့ဘဲ။ game တွေကိုတော့ မူးပြီး အန်တဲ့ အထိကြိုးစားခဲ့ဘူးတယ်.. :P

GCC ရောက်တော့ computer သဘောတရားလေးတွေ နည်းနည်းပါးပါးသိလာပါတယ်။ နောအတွေးကိုပဲပြောတာနော်.. computer ဆိုတာ ဘာမှတော့မဟုတ်ဘူး။ application software တွေကိုသုံးတတ်ရင်ရပြီ။ အဲဒါကလည်း သူ့ instructions အတိုင်းလိုက်လုပ်ကြည့်ရင် ရတယ်။ အားလုံး English လိုပဲရေးထားတာ။ သင်တန်းတက်၊ သင်နေစရာတောင်မလိုဘူး။ အဲ အမြဲ ထိတွေ့နေဖို့တော့လိုတာပေါ့။ programming နဲ့ hardware အပိုင်းကိုတော့ မဆိုလိုပါဘူး။ ဒါတွေလည်း စာများများဖတ်ပြီး အမြဲလုပ်ဖြစ်နေရင် တတ်နိုင်တာဘဲ။ အဓိကတော့ စိတ်ဝင်စားပြီး ကလိတတ်ရင် ရပြီ။ နော စဉ်းစားမိတာနော်.. chatroom တွေသာ စောစော ခေတ်စားခဲ့မယ်ဆိုရင် typing tutor software company တွေ ဒေဝါလီခံရဖွယ်ရှိတယ်။ :P မြန်မာလက်ကွက် တွေဆိုရင်လည်း အချိန်ပေး၊ လေ့ကျင့်နေစရာမလိုဘူးပေါ့။ lol

Programming ဘာသာရပ်အတွက် ကျောင်းစာရော အထောက်အကူရအောင်ဆိုပြီး နောတို့ သူငယ်ချင်း တဖွဲ့လုံး USDA ကဆရာမှာ ကျူရှင်တက်ကြတယ်။ GCC ကျောင်းသား၊သူ အားလုံးနီးပါး ကျောင်းက programming ဘာသာရပ်အတွက် ဆရာ့ဆီမှာ တက်ကြတာများတယ်။ ဒီတခါ ကိုယ့်အဖွဲ့ချည်းပဲဆိုတော့ နောတို့ သောင်းကျန်းရဲသွားတာပေါ့။ ဆရာတွေကတောင် “ဝတုတ်လေး.. ပြောင်းလဲသွားပါလား.. တော်တော်ဆိုးလာတယ်” တဲ့။ :P programming ကျတော့ နောစိတ်ဝင်စားတယ်ဗျ။ ဆရာအိမ်စာပေးလိုက်တဲ့ ပုစ္ဆာတွေကို အိမ်မှာပြန်လုပ်ကြည့်ပြီး run လို့ရရင် အရမ်းပျော်တယ်။ ကျောင်းသာ ပြီးသွားတယ်။ ကျောင်းက စက်ကနေ internet မ access လိုက်ရပါဘူး။ နောရန်ကုန်မှာ နေတဲ့အထိ internet သိပ်မသုံးဖြစ်ခဲ့ဘူး။ ရန်ကုန်အိမ်က computer မှာလည်း encyclopedia ဖတ်၊ toefl အတွက် self-study လုပ်..ဒီလောက်ပဲ။ nu htang နဲ့ ၈ မိုင်ရုံးလိုက်သွားတဲ့အခါတွေသာ internet surfing လုပ်ဖြစ်တာ။ game ဆော့တာကတော့ ထည့်ရေးစရာတောင်မလိုဘူးထင်တယ်.. understood! ဟဲ..ဟဲ။ ဒီရောက်တော့ online ဂျပိုးဖြစ်သွားပြီး အိပ်ချိန်ကလွဲရင် ၂၄ နာရီ monitor နဲ့မျက်နှာကို မခွါတော့ဘူး။ တခြား ဘာမှလုပ်တာမဟုတ်ဘူး။ baka နဲ့ billard ပြိုင်ထိုး၊ game ဆော့၊ anime ကြည့်၊ စကားပြောကြတာလေ။ သူက States မှာနေတော့ နောနဲ့က နေ့၊ည ပြောင်းပြန်။ ဒါပေမဲ့ သူလည်း ကျောင်းတက်နေတုန်း၊ နောလည်း ကျောင်းတက်နေတာဆိုတော့ နှစ်ကောင်သား သူကျောင်းသွားချိန်နောအိပ်၊ နောကျောင်းသွားတဲ့အချိန် သူအိပ်၊ timing ကိုက်ပြီးတော့ကို ဆော့တာဗျ။ သူက ၁၀ တန်းပြီးကတည်းက states ကိုရောက်သွားတာ။ အမှန်အတိုင်းဝန်ခံရရင် အခုချိန်ထိ နော computer သေချာမသုံးတတ်သေးပါဘူး။ အသားကုန်တော့ ကလိတာပဲ။ နော lappy လေးက တော်တော်အကြမ်းခံသား။ တခုခုဖြစ်ရင် baka ဆီ screen shot ရိုက်ပြီးမေး၊ သူပြောသလို လိုက်နာရတာပေါ့။ အရေးထဲ မေးတာကနည်းနည်း၊ ဆရာလုပ်တာကများများ၊ အမြင်ကိုကတ်တယ်။ သူနဲ့ နောက ပြောမနာ၊ဆိုမနာ သူငယ်ချင်းအရင်းခေါက်ခေါက် ( baka ရေ.. baka ခေါင်းကိုခေါက်နေတယ်လို့ သဘောထားလိုက်မယ်နော်.. :P ) ကြီးတွေလေ။ ကလိတာလွန်သွားလို့ baka လည်း မကယ်နိုင်တော့ဘူးဆိုရင် ကိုထွေးရှိတယ်။ :D သူက programmer ဆိုပေမဲ့ အကုန်ရတယ်။ ဆရာကြီးဗျ.. ကိုမော်ကွန်းတို့ အသုတ်တွေလေ။ အသုံးတည့်မယ့် program အသစ်အဆန်းလေးတွေ ပေါ်ရင်လည်း နော ဦးလေး၊ အစ်ကိုတွေက ပို့ပေးနေကျဗျ။ blog ရေးဖို့ တိုက်တွန်းပြီး အကြံဥာဏ်ပေး၊ နောမလုပ်တတ်တာတွေကိုပြောပြပေးတာ ကိုလေးလေ။ webpage တွေလုပ်ဖြစ်တာကျတော့ ကိုလတ်ကြောင့်ပေါ့။ သူကနောကိုဆို မခံချင်အောင် အရမ်းစနေကျ။ “နော ဒါလေးတောင်မလုပ်တတ်ဘူးလားကွ” လို့ပြောရင် ရေလည်စိတ်တိုတာ.. သူကကျတော့ designing ပိုင်း crazy သမားလေ။ နောက ဟုတ်နေတာပဲ.. thz God ပါ.. ဆရာကောင်းတွေပေးထားလို့လေ။ နောက် Uncle Kenneth, Uncle Kek နဲ့ Pastor Chin Tong ရှိသေးတယ်။ Sim Lim Square သွားသွား၊ ဘယ်ဆိုင်ပဲသွားသွား accessories သွားဝယ်တိုင်း နောကို ခေါ်သွားလေ့ရှိပြီး computer တစ်စုံလုံးဖြစ်ဖြစ်၊ networking ကအစ ပစ္စည်းတွေ ပျက်စီးသွားမှာကို မမှုဘဲ နောစိတ်ကြိုက် လက်တွေ့စမ်းသပ်လေ့လာခွင့်ပေးတယ်ဗျာ။ graphic designing အပိုင်းကိုလည်း သင်ပေး၊ မြည်းစမ်းခွင့်ပေးတဲ့သူတွေလေ။ နောအကူအညီလိုတိုင်း အဆင်သင့်ရှိနေခဲ့ကြပြီး သင်ပြပေးခဲ့တဲ့သူတွေ အားလုံးကို chyeju kaba sai yaw...


Now, my English's almost like this! lol





Thz my fri TSA 4 forwardin' dis 2 me... ^.^

February 16, 2009

သြော်... အားကစား...





ဟိုတလောက (နည်းနည်းတော့ကြာသွားပါပြီ) မထက်နဲ့နော တို့ ၂ ယောက် ကိစ္စလေးရှိလို့ cityhall သွားဖြစ်တယ်။ ဓါတ်လှေကားနဲ့ ၃ လွှာဆီသွားနေတုန်း နောက်က နောတို့ကိုခေါ်နေသလိုကြားလိုက်တယ်။ ဒါပေမဲ့ ၂ ယောက်သား လေတဖောဖောနဲ့၊ ပြီးတော့ တခြားသူတွေကိုခေါ်တာနေမှာပါဆိုပြီး လှည့်မကြည့်ဖြစ်ဘူး။ ၃ လွှာရောက်တော့ မြနန္ဒာဆိုင် ဖက်အသွား အနီးကပ်ခေါ်သံကြားလို့လှည့်ကြည့်တော့မှ ဘယ်သူဖြစ်နေတယ်ထင်လဲ?? နော တိုက်ကွမ်ဒို ဆရာပေါ့။ သူနဲ့ မထက်က ဘာသာတူတယ်။ လူကြီးချင်းလဲ ရင်းနှီးကြတယ်။ နော နဲ့က နော ၉ နှစ်လောက် တိုက်ကွမ်ဒိုကစားတုန်းကပဲ တွေ့ခဲ့ပြီး လုံးဝအဆက်ပြတ်သွားတာဗျ။ ဒါပေမဲ့ ဆရာ့မှတ်ဥာဏ်ကိုလေးစားတယ်ဗျာ။ နောကိုမှတ်မိနေတယ်ဗျ။ “မင်းတို့မောင်နှမ ဝဝကစ်ကစ်နှစ်ယောက်လေ၊ မှတ်မိတာပေါ့ကွ” တဲ့။ တွေ့တယ်မလား.. ဒါကြောင့် နောမပိန်ချင်တာ။ နောခံယူချက်က တစ်မျိုး။ တောင်ကြီးမြို့ဆိုတာ ရန်ကုန်တို့လိုမဟုတ်ဘူး။ အပြင်ထွက်တာနဲ့ တယောက်နဲ့ တယောက် မျက်မှန်းတမ်းမိနိုင်တယ်။ လူတွေလည်း သန့်တာကိုး.. ဟဲ.. ဟဲ။ နော လူမသိခံစရာ၊ မဟုတ်တာ ဘာမှမလုပ်ဘူး။ ပြီးတော့ အသက်ရှင်နေတုန်း လူတွေအများကြီးနဲ့ သိကျွမ်းချင်တာ။ ဝ တော့ လူတွေ ပိုမှတ်မိလွယ်တာပေါ့ဗျာ။ lol (ပြောနေရင်း ဘယ်ရောက်သွားပါလိမ့်) အဲ.. ဆရာ နဲ့တွေ့၊ အရင်ကအကြောင်းတွေပြန်ပြောဖြစ်တော့ ငယ်ငယ်ကတည်းက အားကစားနဲ့ ပတ်သက်တာတွေ သတိရလာပြီး ရေးမလို့ ဗျ။မောင်နှမ ၃ ယောက်ရှိတယ်ဆိုပေမဲ့ ငယ်ငယ်တုန်းကဆို နော နဲ့ နောမောင်လေး ပိုတွဲဖြစ်တယ်။ အငယ်ဆုံး နဲ့က ၄ နှစ်ကျော် ကွာတာကိုး။ နောတို့ ၂ ယောက်က Ah Wa (အဖေ ကို ကချင်လိုခေါ်တာ) နောက် တကောက်ကောက်လိုက်နေ ကျ။ Ah Wa က တင်းနစ် ကစားတယ်။ များသောအားဖြင့် ညနေပိုင်း ကစားတတ်တယ်။ နော တို့ ဆောက်လုပ်ရေးရုံးချုပ်မှာ တင်းနစ်ကွင်း ရှိတယ်။ တောင်ခြေနားက ယဉ်ကျေးမှုပြတိုက်ဘေးမှာလေ။ အိမ်က ဦးကြီးခမ်း၊ မြစပယ် အဆင်းနားမှာ ဆိုတော့ သွားလာရေးကတော့ ဆိုင်ကယ်နဲ့ပေါ့။ တောင်ကြီးမှာ တင်းနစ် ရိုက်တာ အဖွဲ့လိုက်ရှိတယ်ဗျ။ Ah Wa တို့က လူကြီးပိုင်းများပြီး ကြေးစားတွေ၊ အပျင်းပြေရိုက်ကြတာများတယ်။ နောက် ဘော်လုံးကွင်းထဲက တင်းနစ် court မှာကစားတဲ့ သူတွေက လူငယ်တွေ၊ အသစ်စကစားတဲ့ သူတွေ။ Ah Wa ညနေပိုင်း မကစားဖြစ်လို့ မနက်ပိုင်း အစောထသွားရင်လည်း နောတို့ ၂ ယောက် ဆိုင်ကယ်ရှေ့တယောက်၊ နောက်မှာတယောက်ထိုင်ပြီးလိုက်နေကျ။ မနက်ခင်းမြူတွေကြားထဲ ဆိုင်ကယ် စီးတိုင်း တောင်ကြီးမြို့ရဲ့ အေးစိမ့်စိမ့် အရသာကို ဘယ်တော့မှပြန်ရနိုင်မလဲ မသိဘူးဗျာ။ မနက်ပိုင်းလိုက်သွားရင် နောတို့ပိုပျော်တယ်ဗျ။ ရုံးချုပ်ရဲ့မျက်နှာချင်းဆိုင်၊ မင်းလမ်း တဖက်ခြမ်းကိုကူးလိုက်ရင် ကောက်ညှင်းပေါင်း၊ အကြော်ဆိုင်ရှိတယ်။ ရေလည်ဂွတ်တယ်။ Ah Wa ကစားပြီးပြန်ခါနီးတိုင်း အဲဒီဆိုင်မှာသွားစားကြတယ်။ အပြန် Ah Wa က Ah Nu (အမေကိုခေါ်တာ) တို့အတွက် ဝယ်သွားပေးနေကျ။ ညနေပိုင်းကစားတဲ့ နေ့တွေကျရင် နောတို့မောင်နှမ ရုံးဝန်းကြီးထဲ လျှောက်ကစားကြတယ်။ ခင်ဗျားတို့ ဆပ်ပြာသီးစေ့ တွေ့ဖူးလား ? အင်း.. နောတို့က အဲဒီ အစေ့သီးတွေကို အုတ်ခဲလေးတွေနဲ့ထုပြီး ကစားကြတာ။ Ah Wa တို့အောက်ကွင်းသွားကစားကြလို့ နောတို့ တိုက်ကွမ်ဒို ကစားဖြစ်သွားတာ.. (ရုံးချုပ်က ကွင်းကို အပေါ်ကွင်းလို့ခေါ်ပြီး ဘောလုံးကွင်းထဲကကြတော့ အောက်ကွင်းလို့ခေါ်တယ်။ ရုံးချုပ်က သစ်တောရပ်ကွက်ထဲမှာ၊ ဘောလုံးကွင်းက မြို့ထဲမှာမို့လို့ နေမှာပေါ့ဗျာ)

Inauguration!


အဲဒီတုန်းက တိုင်းနဲ့ပြည်နယ် လူရွေးပွဲအတွက်လား…သိပ်မမှတ်မိတော့ဘူး။ အောက်ကွင်းမှာ ပြိုင်ပွဲတွေရှိတယ်။ Open Tournament တွေလည်း အောက်ကွင်းမှာပဲ လုပ်လေ့ရှိတယ်။ ညနေပိုင်းဆိုရင် ဘောလုံးကွင်းထဲမှာ တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေးဒို သင်တန်းတွေရှိတယ်။ တခြားအားကစားတွေက သူ့ရုံနဲ့သူ၊ ဘောလုံးကွင်းထဲက မိုးလုံလေလုံ ရုံထဲမှာက ဒီ ၃ မျိုးပဲကစားကြတယ်။ အဲဒီမှာစတာ.. Ah Wa ကနောတို့ ၂ ယောက်ကို ဘာကစားချင်လဲတဲ့။ ၂ ယောက်သား တိုက်ကွမ်ဒိုကို ဘာကြောင့်ရွေးဖြစ်သွားကြလဲမသိဘူး။ ခါးပတ် အပြာရောက်ဖို့ စာမေးပွဲဖြေခါနီးမှ နားလိုက်ရတယ်ဗျာ။ Ah Wa က ကျောင်းစာကိုပဲ ဦးစားပေးရမယ်တဲ့။ အခုထိမြင်ယောင်နေသေးတယ်။ စ ကစားတုန်းကဆို အကြောတွေတောင့်နေတာ.. နောတို့အကြောလျှော့လေ့ကျင့်ခန်းတွေက ပေါင်ကိုဖြောင့်နေအောင်ကားရတာ။ အဲဒီဆရာပေါ့ နောဘာကြောင့် မှတ်မိနေလဲဆိုတော့ သူကသန့်တယ်ဗျ။ :P အစ်မတွေဆို ဆရာ့နားမှာဝိုင်းနေတာ။ ဒါပေမဲ့ ကစားတဲ့ အချိန်ကျရင် သူက ယောက်ျား၊ မိန်းမခွဲတာမဟုတ်ဘူး။ ပေါင်ဖြောင့်အောင် မကားနိုင်ရင် ပေါင်ပေါ် သူ့ကိုယ်နဲ့ တက်ဖိတာဗျ။ ဖြောင့်ရုံနဲ့ မပြီးသေးဘူး။ ပေါင်အဖြောင့်လိုက် ရင်ဘတ်နဲ့ ကြမ်းပြင်ကိုထိနေရသေးတယ်။ မထိရင် ကျောကုန်းပေါ်တက်နင်းတာဗျ။ အစတုန်းကဆို မခံစားနိုင်လွန်းလို့ နော အလှည့်ရောက်ခါနီးပြီဆိုရင် စည်းပြင်ထွက်၊ ဂါရဝပြုပြီး ခါးပတ်ပြင်သလိုလို လုပ်နေတာပေါ့၊ နောအလှည့်ကျော်သွားမှ ဂါရဝပေးပြီး စည်းထဲပြန်ဝင်လာလိုက်တယ်။ ဘယ်ရမလဲ.. ဟဲ..ဟဲ။ တခြားဆရာတွေနဲ့ဆိုရင် အဲလောက်ကြောက်စရာမလိုဘူး။
အဲဒီနောက်ပိုင်း Ah Wa က နောကို ဘာအားကစားမှ မပေးလုပ်တော့ဘူး။ ဒေါင်ခေါင် (မောင်လေးလေ) ကိုကျတော့ တင်းနစ်လည်းပေးရိုက်တယ်။ နော တို့ ထ ၆ မှာ အားကစားနဲ့ပတ်သက်ပြီး P.T ဆရာမ ၁ ယောက်ပဲရှိတယ်။ ဆရာမနဲ့က အရမ်းရင်းနှီးတယ်။ ကျောင်းပွဲတွေမှာ ကစားဖို့ ဆရာမကိုယ်တိုင်ပြောပေးတာတောင် Ah Wa က ပေးမကစားဘူးဗျ။ ဒေါင်ခေါင်ပဲပေးကစားတယ်။ အဲကောင်က ဆရာကြီးလုပ်တော့တာပေါ့။ ၉ တန်း ဆရာဦးနေဝင်း၊ ဆရာဦးစိန်နိုင် ကျူရှင်တက်မှ table tennis ပြန်ကစားဖြစ်တာ။ ဒါတောင် Ah Wa မသိအောင် ကစားရတာ။ ချိုလွင်၊ ကြက်ရိုး နဲ့ ထ ၄ က ကောင်တွေက နောနဲ့ကစားဖက်တွေ။ တခါက အဲဒီကြက်ရိုးပေါ့..နောက ကျုရှင်မစခင် စောသွားပြီးကစားနေကြ။ ဆရာဦးစိန်နိုင် အတန်းချိန်နီးလို့ ဆရာစာစသင်နေပြီလားဆိုတာ လှမ်းချောင်းခိုင်းတာ.. ဒီကောင်က လူမစုံသေးလို့ မစသေးဘူး၊ ဆက်ရိုက်မယ်တဲ့။ စာမေးပွဲနီးလို့ revision ပြန်နေတဲ့ အချိန်ဆိုတော့ လူသိပ်မရှိဘူး။ အိမ်မှာ အသားကုန်ကျဲနေတာက များတယ်။ နော မပါ.. :P ။ အဲဒါနဲ့ ပွဲဆက်သွားတာ ကျူရှင်ဆင်းတဲ့ အထိဘဲ။ ကြက်ရိုးက ဆရာ့တူလေ။ ဆရာကတောင် ဆလံလားပေးသွားသေးတယ်။ ဆရာ ဦးနေဝင်းဆိုလည်း စောနေရင် နောနဲ့ ကစားတယ်။ နောက် GCC တက်တော့ သိပ်မကစားဖြစ်တော့ဘူး။ တခါတလေ တရုတ်ကျောင်းမှာ basketball ကစားတာလောက်ပဲရှိတယ်။
badminton ကျတော့ နောသိပ်မကြိုက်ဘူးဗျ။ မိသားစု အပျင်းပြေ၊ အပျော်ဆော့လောက်ဘဲ။ badminton ရိုက်လိုက် tennis ရိုက်လိုက်လုပ်ရင် လက်ပျက်တယ်ဗျ။ ရန်ကုန်မှာနေတုန်း တောင်ကြီး ခဏပြန်တဲ့အချိန် Ah Wa နဲ့ တင်းနစ်ကွင်းလိုက်သွားဖြစ်သေးတယ်။ အပေါ်ကွင်းထင်တယ်။ Ah Wa တို့ပွဲတွေရိုက်သွားပြီးတော့ နော Ah Wa ကိုတောင်းဆိုတယ်။ Ah Wa နဲ့ ရိုက်ချင်တယ် လို့လေ။ Ah Wa က.. မောနေပြီ၊ မရိုက်ဘူး တဲ့။ နော အတင်းပူဆာတော့ warmin’ up လုပ်နေတဲ့ ဦးလေး တယောက်ကို လှမ်းအော်ပြီး နောနဲ့ ကစားပေးဖို့ပြောတယ်။ အဲဒါနဲ့နောလည်း Ah Wa racket ယူပြီး ကွင်းထဲပြေးတော့တာပေါ့။ တော်တော်ကြာကြာကစားလိုက်ရတယ်။ ဦးဦးက မဆိုးဘူးပဲ လို့ပြောတော့ Ah Wa က ဘာပြောလဲသိလား?? “အေးဗျ..သူ့ကို တခါမှ ခေါ်မကစားဖူးဘူး။ ဒီလောက်ကစားတတ်မယ်လို့မထင်ဘူးဗျ” တဲ့.. ကောင်းရော။ အဲဒါနဲ့ပတ်သက်ပြီး နောသက်သေခံစရာရှိတယ်။ ဒီလိုဗျ.. နောဘဝမှာ စနစ်တကျသင်တန်းတက်သင်ခဲ့တာ တော်တော်ရှားတယ်။ ဒါကြောင့်နောကို ဘာပဲဖြစ်ဖြစ် တတ်လားလို့မေးရင် နော မတတ်ဘူးလို့ပဲ ဖြေတာများတယ်။ တကယ်လည်း သေချာမှမတတ်တာ။ သူ့အလိုလို လုပ်လို့ရသွားနေတာတော့ မတတ်နိုင်ဘူးဗျာ။ ကိုယ်စိတ်ဝင်စားတဲ့ အရာတိုင်းကို ဘေးကနေသွားကြည့်၊ အခွင့်ရရင် ဝင်စမ်းရင်း တတ်လာတာ။ နောလုပ်တဲ့ အားကစားအားလုံးနီးပါးပဲ။ တိုက်ကွမ်ဒိုက လွဲရင်။ အဲ.. ကျန်သေးတယ်.. နောက billards and snooker နဲ့ bowling ဆို computer game မှာ expert ပဲ.. အသေကစားခဲ့တာကိုး.. ဟဲ..ဟဲ။ sport မဟုတ်တဲ့ တခြားကစားနည်းတွေကတော့ .. Umm.. GCC တက်နေတဲ့ အချိန်အထိ စွန်လွှတ်တယ်။ ဂေါ်လီပစ်တယ်.. နောက်ပိုင်း ပြည်တော်သာ ရုံးဝန်းအိမ်မှာနေတော့ အကျယ်ကြီးပဲဗျ။ စိတ်ကြိုက်သောင်းကျန်းခဲ့တာပေါ့ဗျာ..နောကျောင်းတက်တဲ့ ကာလတလျှောက် ကစားမက်၊ ဂျစ်ကန်ကန်ကများတယ်။ ဒါပေမဲ့ နော ဆရာ၊ဆရာမတွေ အားလုံး နောကိုချစ်တဲ့ အတွက် ကျေးဇူးတင်တယ်ဗျာ။ အမြဲတမ်း ဂင်တိုတို၊ ဝကစ်ကစ်နဲ့ ယောက်ျားလေးပုံစံပေါက်နေတဲ့ နောကို မမေ့ကြတဲ့ အတွက်ရောပေါ့။ ကျောင်းပြီးလို့ ရန်ကုန်မှာနေတော့လဲ အားကစားလုပ်ဖြစ်တယ်။ ဒါပေမဲ့ nu htang (အဒေါ်လေ) ရဲ့စီမံချက်အရ အောင်ဆန်းကွင်းမှာ exercise သွားလုပ်ရတယ်။ လိုင်းပြောင်းသွားတာကတော့ နောရဲ့ အားကစားကအစပဲ။ ရယ်တော့ရယ်ရသား… ဟင်း… ဒီရောက်တော့ ညပိုင်းစိတ်ပါရင် playground သွားပြီး exercise လုပ်၊ တခါတလေ basketball ကစားလောက်ပါပဲ။ မှတ်မိနေသေးတယ်။ hpubawk di ၊ ကိုထွေး နဲ့ နောတို့ မောင်နှမ ၃ ယောက် ရှုံးရင် ဒိုက်ထိုးကြေး ကစားတုန်းက နော နိုင်တယ်ဗျ။ ဟဲ..ဟဲ.. မဆော့တတ်ဘူးဆိုတဲ့ အစ်ကိုစိုးထက် (အိမ်က အစ်မ ၁ ယောက်ရဲ့ ချစ်သူလေ)နဲ့ ကစားကြတော့ နော ဒိုက်ထိုးရတယ်ဗျ။ မခံနိုင်စရာပဲ.. သြော်..မေ့လို့.. အရင်ကျောင်းတက်တုန်း၊ အလုပ်မလုပ်ခင် stress တွေမရှိတုန်းကဆို NUS ကျောင်းအနောက်ဖက် clementi wood ထဲက တောင်ကုန်းလေးမှာ ညတိုင်း ယောင်းမ (အစ်မ မနို) နဲ့ ပြေးခဲ့တာဗျ။ တောင်ကုန်းအောက်ခြေကနေပတ်ပြီး အပြန် တောင်ကုန်းထိပ်လေးနားမှာ နား၊ west coast ဘက်ငေးကြည့်ရင်း အမောဖြေခဲ့ကြတာ သတိရတယ်ဗျာ…

February 13, 2009

Happy Birthday to you!

Last night, my eldest bro called me. During these days, he was quite busy with his work and other thingys. So we had been out of contact for some time. By the time he called me, I was a bit fierce and just retorted with balky answers. But, he kept tolerate on me and didn’t scold me at all. I became a bit blur blur. And how come.. huhh?? I use to be afraid of him cos of his straight face mahh.. He questioned me what day tomorrow would be. I simply replied “Friday lorr”. He asked again.. I said, “Feb 13”. Then, he puzzled me whether I could tell what that day would be. I had no idea on the spot.
After that, he didn’t say anything else and just sent an email to me. When I read it.. ohh.. no! I should die! U know, tomorrow is our General Aung San’s birthday. No wonder.. that’s why purposely, he was asking me like that.
What can I do for our Nation’s Father?? Umm… let me see.. nothing special!! Anyway, I could think of one thing and so just tried to translate what my bro passed to me. Then, I gave a trial on making a short vid for the song that I received from one of my siss. Actually, we had learnt it when we were in primary 1 or 2.. I’m not sure, forgot already. :P It was one of the poems from our school text book. It’s also a kinda rhyme lahh..

Thank you, General Aung San!
I give you a bow and my lit’ gawky poem as my birthday present for this year…

It was thirteen Feb
General Aung San was inbred
In Nineteen fifteen, the year
Son of U Phar, the lawyer
“Natmauk” city,
Where he was a baby,
Of State “Magwe”,

Still well known today.
Gutsy, gutsy Martyr
Son of great, great mother
Named “Daw Su”… “Daw Su”.
Nineteen forty seven,
When he bought the farm.
Every July nineteen,
We cried out with languishing
He is the Father
Father of our Nation,
Gave of value injunction.
We never slight…
Of his socialism oversights!





Align Center