My Fav. Songs

November 23, 2008

မေအိ... ကျေးဇူးတင်တယ်!

ဒီမနက် သူငယ်ချင်း တစ်ယောက်နဲ့ chat ဖြစ်တယ်။ နော အရမ်းအံသြသွားတယ်.. ဘာလို့လဲဆိုတော့.. နောတို့ အတူတူရှိခဲ့တဲ့အချိန်တွေတုန်းက (အမှတ်မထင်) နောပေးခဲ့ ၊ပြောခဲ့တဲ့ အရာတွေကို သူအခုထိသိမ်းထား၊ မှတ်မိနေတဲ့အတွက်ကြောင့်ဘဲ။ နောဘယ်လိုမှ မထင်မှတ်ထားဘူး။ နောဘယ်လိုဆိုးခဲ့တာတွေ၊ ဘာကို crazy ဖြစ်ခဲ့တာတွေ၊ ပြီးရင် အရင်တစ်ခေါက် chat တုန်းကဆို သူ့မွေးနေ့တုန်းက နောတို့သူငယ်ချင်းတွေအားလုံး မြို့သစ်က သူ့အိမ်မှာသွာလည်ပြီး မုန့်တွေအများကြီးစားခဲ့တာတွေကအစ သူပြန်ပြောပြတော့ နောဝမ်းနည်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ နောသူတို့တွေကို အရမ်းတွေ့ချင်လာလို့ပေါ့။ နောတို့ အယောက် (၂၀) အဖွဲ့လေ.. GCC မှာတုန်းက.. အရမ်းပျော်ဖို့ကောင်းခဲ့တာ။ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့။ (GCC အမှတ်တရတွေကို သပ်သပ်ရေးရအုန်းမယ်)
သူနဲ့နောက တော်တော်လေး ရင်းနှီးခဲ့တယ်။ သူက နောထက် လူ့လောကထဲကို (၂) ရက်လေးထဲ ကပ်စောပြီးရောက်လာတာ။

Thanks a bunch for being my best pal!
(actually, I wanna compose more but I don't know how. As you know, your friend is quite poor in writing, right?)

4 comments:

မေအိ said...

အနော

နင့်ကိုအရမ်းချစ်သွားပြီ

alvinnaw said...

အမလေးဗျ... ကြောက်စရာကြီး.. lol

Thinzar said...

GCC မှာ အယောက် ၂၀ အဖွဲ့ဆိုတော့ တော်တော် ပျော်စရာကောင်းမယ်နော်.. အစ်မတော့ ကျောင်းကို စာမေးပွဲဖြေလို့ရအောင် ၄၀%လောက်ဘဲ တက်တော့ သူငယ်ချင်း စုစုပေါင်း ၃ယောက်ဘဲ ရှိတယ်။ =)

alvinnaw said...

နောလည်းအတူတူပါပဲ.. ကျောင်းကိုမတက်တာ။ တက်ရင်တောင် စာသင်ခန်းထဲ မဝင်ဘူး။ ဟီး...
နောတို့ အဖွဲ့က ငယ်ပေါင်းတွေများလို့ပါ။
:D

Post a Comment

Post a Comment