My Fav. Songs

November 26, 2008

နောနဲ့ မှတ်မိသမျှ

အနောရေးထားတာကို ဖတ်ပြီးမှ တချို့တွေ ကိုပိုတောင်သတိရလာတယ်
အမှတ်အရဆုံးကတော့ first year မှာဆိုင်ကယ်မှောက်တာပဲ
မယ်ပွင့်ကို လိုက်တဲ့ကောင်တွေကို ပတ်ပြေးရင်းကမှောက်တာလေ
ငဂျစ်နဲ့ ငါနဲ့က နောက်တစီးနဲ့ပေါ့
တော်တော်နာသွားလားဟင် ဟဲဟဲ အဲ့ကောင်တွေက လာထူသလိုနဲ့
စာကိုပေးဖြစ်အောင်ပေးသွားသေးတယ် အနောတို့ ခံလိုက်ရသေးတယ် ဟိဟိဟိ

မွေးနေ့အကြောင်းကိုပြောရရင် အသေပျော်ရတယ်
အဲ့နေ့က နင်ငါ့ကုတင်ပေါ်မှာ ဂီတာနဲ့ happy birthday သီချင်းလက်ဆောင်ဆိုပေးတာ
ခုထိသိမ်းထားတယ် ထယ်ဆောက်နဲ့ ဂျပန်မင်းသမီးကားလဲငှားကြည့်ကြသေးတယ်
အဲ့နေ့က နင်တို့တွေ အာလူးငါးဖယ်လိပ်ကို လုပ်မကူပဲဝိုင်းစားလို့ သီရိလွင် ထည့်ထားတဲ့
ငရုတ်သီးနဲ့ မိကြသေးတယ် ဟုတ်?
အဲ့တုန်းက ကျောင်းကားပေါ်မှာ နောက်လိုက်စလိုက်နဲ့ ပျော်ဖို့ကောင်းတယ်
“ဆည်းဆာရင်ခုန်သံ“ ကားကိုကြည့်ပြီး ရူးကြသေးတယ်လေ
အနောက သူ့ကိုသူ ဆန်းမီနော ဆိုပဲ ဟားဟား...မထက်ကိုပဲ “ယွန်မီထက်“လို့ခေါ်လို့
သူဒေါသတွေ တရှူးရှူးနဲ့လေ
ဟေ့ ကြုံတုန်းဖွလိုက်ရမလား အနောလေ အဲ့ကားကို ကျောင်းကကွန်ပျူတာအခန်းထဲယူလာပြီး
မြန်မာ့အသံက ဆင်ဆာဖြတ်တဲ့ နောက်ဆုံးအခန်းကို အရသာပျက်တယ်ဆိုပြီး ပြန်လာကြည့်တာလေ
ကွန်ပျူတာနားမှာ ၀ိုင်းပြုံလို့ ။ မှတ်မှတ်ရရ ထက်ထက်စံတောင်ပါသေးတယ်
သူကကြည့်လဲ ကြည့်သေးတယ် နင်တို့တွေမဟုတ်တာကြည့်တယ်ဆိုပြီး ပြောလိုက်သေးတယ်နော်

ငါတို့ တယောတီးသင်ကြသေးတယ်နော် အဲ့ဆရာ ခဏခဏတွေ့တယ်
သူ့ကိုတွေ့တိုင်း ငါ့မွေးနေ့မှာသူပေးမယ်ဆိုတဲ့ holy kiss ကိုပဲ သတိရလာတယ် ဟိဟိဟိ
ထွက်ပြေးချင်စိတ်ပေါက်လာတာလေ :P :P :P ;P
အနောတို့ကြောင်ပုံများ မနက်စောစော westlife ခွေဖွင့်မှ ကျက်သရေရှိတယ်ထင်လိုက်သေးတယ်
သူ့ခွေးလေးသေတုန်းက ကျောင်းကိုငိုထားတဲ့မျက်ခွက်နီကြီးနဲ့ လာလားဆိုလာရဲ့ 

ကဲ ကဲ ဖွလို့ ၀ပြီ နောက်ထပ်မှတ်မိတာကတော့ နောက်မှပဲရေးတော့မယ်ဟ

(အနောရေ မပြောမ၇ှိနဲ့ နော် ငါကမှတ်ထားတတ်လွန်းလို့ kenshin က ငါ့ကို hard disk တဲ့ :P )

No comments:

Post a Comment

Post a Comment